ကနီမှာမိုးရေထဲ “အပီတွယ်မယ့် ကနီနယ်”စာသားကိုင်ဆောင်ဆန္ဒထုတ်ဖော်

ဒီနေ့ ဇွန်လ ၂၉ ရက်နေ့ စစိကိုင်းတိုင်း ကနီမှာမိုးသည်းထန်စွာရွာသွန်းနေတဲ့ကြားက “အပီတွယ်မယ့် ကနီနယ်”စာသား ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုကဦးဆောင်ပြီးစစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့သလို ဧပြီလမြန်မာ့နှစ်ဆန်းတစ်ရက်နေ့ ဆယ်ရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ရဲဘော် အောင်ဇော်ဦး အထိမ်းအမှတ် အလေးနီပြုတာကိုလဲ  ပြုလုပ်ပါတယ်။

 ပြီးနောက်NUG ကာကွယ်ရေးအလံအား အလေးပြုခြင်း ၊ခေတ်အဆက်ကျဆုံးခဲ့ သော ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေနွေဦးတော်လှန်ရေးကာလ ကျဆုံးခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေ ကို အလေးပြု အောက်မေ့ခြင်း၊  သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုတာတွေပြုလုပ်ခဲ့ကြတာပါ။