တမူးက CDM ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

Photo – CJ

တမူးမြို့နယ်က ပညာရေးCDM ဆရာ၊ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူတွေဟာ NUGသံအ မတ်ကြီးဦးကျော်မိုးထွန်းထောက်ခံပွဲနဲ့ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကို စက်တင်ဘာ(၂၆) ရက်ညနေပိုင်းကတမူးမြို့တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။

“ကျနော်တို့က ပညာရေးကိုမြှင့်တင် ပေးချင်တယ်၊စ စ်ဘေးရှောင်လာပြီး ဘာမှမလုပ်ပဲ ထိုင်မနေနိုင်ဘူး လေ၊ အဲ့တာကြောင့် onlineကနေစာသင်သလို၊ အခုလို ဆန္ဒပြတာမျိုးတွေလည်း မကြာ ခဏပြုလုပ်ဖို့ရှိတယ်”လို့ CDM ဆရာ တဦးကပြောပါတယ်။

အဲ့ဒီဆန္ဒပြပွဲမှာ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူ၊ကျောင်းသားတွေက NUG အစိုးရနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုထောက်ခံကြောင်း၊စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင့်ကြောင်း ကြွေးကြော်သံတွေ၊ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။