စစ်တပ်မီးရှို့ခဲ့တဲ့ ဆောမြို့ကရွာနှစ်ရွာ အိမ်ခြေတရာကျော် ပျက်စီးနိုင်

စစ်တပ်မီးရှို့ခဲ့တဲ့ ဆောမြို့ကရွာနှစ်ရွာ အိမ်ခြေတရာကျော် ပျက်စီးနိုင်

မကွေးတိုင်း၊ ဆောမြို့နယ်က လက်ပန်းနဲ့ ပဆုပ်ရွာတွေကို နိုဝင်ဘာ (၁၅) ရက်မှာ စစ်တပ်က မီးရှို့ခဲ့လို့ နှစ်ရွာပေါင်း အိမ်ခြေ တရာကျော်ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ လက်ပန်းရွာဟာ အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ ရွာဖြစ်ပြီး မီးရှို့ခံရလို့ အိမ်ခြေထက်ဝက်လောက် ပျက်စီးသွားကာ အိမ်ခြေတရာကျော်ရှိတဲ့ ပဆုပ်ရွာကတော့ သုံးပုံနှစ်ပုံလောက် ပျက်စီးသွားတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။ “အိမ်ကြီးအိမ်ကောင်း၊တိုက်တွေကြီး ရွေးရှို့သွားတာ၊ လေလာတဲ့အရပ်ကနေရှို့တာဆိုတော့ အကုန်လောင်ပဲ၊ ပဆုပ်က တစ်ရာကျော်ရှိမှာ သုံးဆယ်ကျော်လေးဆယ်လောက်ပဲကျန်မှာ” လို့ စစ်ရှောင်တဦးကပြောပါတယ်။ အဲ့ဒီရွာတွေမှာ…

Read More