ဒီမော့ဆိုမှာ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးအထက်သေဆုံး

ဒီမော့ဆိုမှာ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးအထက်သေဆုံး

မတ်၊ ၃၁ ကရင်နီပြည်နယ်(ကယားပြည်နယ်)ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီး စစ်ကောင်စီရဲ့ ခလရ (၂၇၈) တပ်နဲ့ ကရင်နီတပ်မတော်KA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF ဗျူဟာ (၃)က ပူးပေါင်းတပ်တွေကြား ၂ရက်နီးပါး တနေ့ကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၁၅ ဦးနဲ့အထက် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။ ဒေါလျာခူကျေးရွာ အရှေ့ဘက်ရှိ ညေးဘူးခူတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၈၇ တပ်နဲ့ KA ၊…

Read More
ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ သောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရ

ကလေးမြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ သောင်းဂဏန်းထွက်ပြေးတိမ်းရှောင်နေရ

  မတ်၊ ၃၁ ကလေးမြို့နယ်မြောက်ပိုင်းကို မတ်လ ၃၀ ရက်ကစလို့ စစ်ကောင်စီကစစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည် သူတွေထွက်ပြေးတိမ်းရှောင်နေကြရပြီး ထွက်ပြေးတိမ်းရှောင်ချိန်မှာ ပြည်သူတဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “(သေဆုံးသူက)မောက်လင်းရွာက၊စစ်ပြေးရင်းဆိုင်ကယ်လဲတာ၊အတွင်းဒဏ်ရာရသွားတာထင်တယ်၊ အပြင်က တော့ဘာမှမဖြစ်ဘူး၊ ဆေးရုံတောင်သူမသွားဘူး။ ဝမ်းဗိုက်တွေညိုပြီးသေသွားတာ” လို့ ဒေသခံတဦးကပြော ပါတယ်။ ကလေးမြို့မြောက်ဘက် ဆည်တော်ဦး၊ကျောင်းတိုက်က ပျူစောထီးတွေအပါအဝင် စစ်ကောင်စီအဖွဲ့ဝင် အင်အား တရာဝန်းကျင်ပါ စစ်ကြောင်းဟာ ကလေးမြို့နယ်မြောက်ပိုင်းကို မတ္လ ၃၀ ရက် မနက်အစောပိုင်းက…

Read More
သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

သထုံခရိုင်မှာ လက်နက်ကြီးကြောင့် နှစ်ရက်အတွင်း အရပ်သားနှစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မတ်၊ ၃၀   မွန်ပြည်နယ်၊ သထုံခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက နှစ်ရက်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား နှစ်ဦးသေဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   သေဆုံးခဲ့သူတွေဟာ သထုံမြို့နယ်က အသက်လေးဆယ်ကျော်အရွယ် ဦးစိန်သောင်းနဲ့ ဘီးလင်းမြို့နယ်က အသက်ငါးဆယ်ကျော်အရွယ် ဒေါ်ပုတိုတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ ကဇိုင်းရွာထဲကို လက်နက်ကြီးနဲ့ ရမ်းပစ်တာ၊ စစ်တပ်တွေကလေ၊ ဘာတိုက်ပွဲမှတော့ မဖြစ်ဘူး၊ ဒီအတိုင်းပစ်တာပဲ၊ တဦးသေတယ်၊…

Read More
စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်နီးပါးမီးရှို့သွားလို့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီလိုအပ်နေ

စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်တွေ ရွာလုံးကျွတ်နီးပါးမီးရှို့သွားလို့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီလိုအပ်နေ

မတ်၊ ၃၀   မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကင်မွန်းချုံရွာက အိမ်ခြေပေါင်း ၁၂၃ အိမ်ကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့တဲ့အတွက် လူဦးရေ ငါးရာဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။   “ ဒီဘက်က ထောက်ပို့လမ်းကြောင်းတွေကို ဖျက်ထားတော့ ရိက္ခာတွေပြတ်နေတာ။ ဆေးဝါးအခက်ခဲမှာက သက်ကြီးရွယ်အိုတွေရှိတယ်။ လေဖြတ်နေတဲ့ အဖိုးအဖွားတွေရှိတယ်။ ပြီးတော့ကျ ကိုယ်ဝန်ဆောင်တွေရှိတယ်။ ကလေးသူငယ်တွေလဲ တော်တော်များတော့ ဆေးဝါးအကူညီလိုအပ်နေတယ် ”…

Read More
စစ်ကောင်စီရဲ့ ကျဆင်းမှုတွေကို ဖုံးကွယ်ဖို့ အားထုတ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား

စစ်ကောင်စီရဲ့ ကျဆင်းမှုတွေကို ဖုံးကွယ်ဖို့ အားထုတ်ခဲ့တဲ့ တပ်မတော်နေ့ အခမ်းအနား

မတ် ၊ ၃၀ မတ်လ ၂၇ ရက်က မြန်မာစစ်တပ်ဟာ ၇၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ သူတို့တွေ ကာကွယ်စောင့်ရှောက်မယ်လို့ သစ္စာဆိုထားတဲ့ နိုင်ငံတခုကို ကိုယ်တိုင် အားရပါးရ ဖျက်ဆီးခဲ့ ၇၈ နှစ်ပြည့်ခဲ့ပြီလို့ ဂုဏ်ယူစွာ အောင်ပွဲခံနေသလိုပါပဲ။  လက်ရှိ တာဝန် ထမ်းဆောင်နေသူတွေရော၊ အငြိမ်းစားတွေပါ အပါအဝင် စစ်တပ်ရဲ့ စီနီယာ စစ်ဗိုလ်ချုပ်တွေ အတွက်တော့ ပွဲတက် ယူနီဖောင်းတွေနဲ့ တံဆိပ်တွေ…

Read More
ပန်းတောင်းမှာရေလှူဖို့သွားရောက်တဲ့ ရေသယ်ကားတွေကိုစစ်ကောင်စီတပ်က ငွေကြေးတောင်းခံ

ပန်းတောင်းမှာရေလှူဖို့သွားရောက်တဲ့ ရေသယ်ကားတွေကိုစစ်ကောင်စီတပ်က ငွေကြေးတောင်းခံ

မတ်၊ ၃၀ ပန်းတောင်းမြို့နယ်ကရေရှားပါးမှုကြုံတွေ့နေရတဲ့ကျေးရွာတွေအတွက်ရေလာရောက်လှူဒါန်းတဲ့ရေသယ်ကားတွေအပေါ်စစ်ကောင်စီတပ်က တားဆီးစစ်ဆေးကာကားတစီးကို ငွေငါးသောင်းတောင်းခံနေတာရှိနေတယ်လို့ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ပန်းတောင်းမြို့နယ်က ကုန်းတွင်းကျေးရွာတွေဖြစ်တဲ့သဲဖြူ၊ မြေဝါမှန်ကုန်း၊ ကြာအင်း၊ ကျီးပင်၊ ပေပင်နဲ့ သပြေကုန်းစတဲ့ကျေးရွာတွေမှာ အခုမတ်လ နောက်ဆုံး သီတင်းပတ်ကစပြီး ရေရှားပါးမှုတွေစတင်ကြုံတွေ့နေကြရတာပါ။ အဲဒီရေရှားပါးတဲ့ကျေးရွာတွေကိုရေလာရောက်လှူဒါန်းကြတဲ့ပြည်မြို့ကရေသယ်ကားတွေအပေါ် ပန်းတောင်းမြို့နယ်အဝင် နဝဒေတံတားအဆင်းဂိတ်နဲ့ဒီးဒုတ်တံတား တို့မှာ စစ်ကောင်စီတပ်ကတားဆီးကာစစ်ဆေးရေးတင်းကြပ်တာတွေကြောင့်ရေအလှူရှင်အချို့ဟာလှည့်ပြန်သွားရတာတွေရှိသလို တချို့ ကလည်းငွေကြေးပေးအပ်တဲ့အတွက်ပြန်လည်လွှတ်ပေးနေတာတွေရှိခဲ့တယ်လို့ပြည်မြို့ခံရေအလှူရှင်တဦးကပြောပါတယ်။ ” မနေ့ကပန်းတောင်းကရွာတွေကိုရေလှူပေးဖို့ကား၅စီးနဲ့ သွားကြတာ။နဝဒေးတံတားဘက် ပန်းတောင်းဘက်ခြမ်းရောက်ကောစစ်တပ်တွေတားစစ်တယ်။ ဘယ်သွားမလို့လဲဘာလုပ်ဖို့လဲပေါ့။ရေလှူဖို့သွားတာကို အကြောင်းမကြားလို့သွားမရဘူးရစ်ထားတယ်။ကားနှစ်စီးကပြန်လှည့်သွားတယ်။ကျန်သုံးစီးကတော့ပိုက်ဆံပေးလို့လွှတ်ပေးလိုက်တယ်။ ကားတစီးကိုငါးသောင်း ပေးခဲ့ရတယ်။တမင်တကာငွေညစ်နေသလိုဖြစ်နေတယ်” လို့သူကပြောပါတယ်။ ရေရှားပါးမှုစတင်ကြုံတွေ့နေရတဲ့ကျေးရွာတွေဟာ ပဲခူးတိုင်း…

Read More
ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့ NLD ပြော

ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့ NLD ပြော

မတ် ၂၉ စစ်ကောင်စီခန့်ရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေကို ဖျက်သိမ်းကြောင်းကြေညာတာဟာ တရားမဝင် ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကတုံ့ပြန်လိုက်သလို ပြည်သူရှိသရွေ့ပါတီရှိနေမယ်လို့လည်း ဆိုလိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ အရ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံ တင်ခွင့် မလျှောက်ထားတဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ ဖျက်သိမ်းကြောင်း မနေ့ မတ်လ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါပေမယ့်တည်ဆဲဥပဒေတွေကို ချိုးဖောက်ထားတဲ့ စစ်ကောင်စီဟာ တရားဝင်မှုမရှိတာကြောင့်…

Read More
လက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ အရပ်ဘက်အဖွဲ့တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

လက်နက်ကိုင်တွေနဲ့ ဆက်စပ်တဲ့ အရပ်ဘက်အဖွဲ့တွေကို အရေးယူမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

မတ် ၊ ၂၉ အာဏာသိမ်းစစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက် အဖွဲ့အစည်း တွေကို ခေါ်ယူတွေ့ဆုံကာ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်၊ ဆက်စပ်ပြီး ထောက်ပံ့မှုတွေ ပြုလုပ်ရင် အရေး ယူမယ့်အကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့ ရခိုင်အခြေစိုက် အရပ်ဘက်အဖွဲ့တချို့က DNA ကိုပြောကြ ပါတယ်။ စစ်တွေမြို့အခြေစိုက်အရပ်ဘက်အဖွဲ့တွေကို ပြည်နယ်စစ်ကောင်စီရုံးမှာ မတ်လ ၂၈ ရက်မနေ့က ခေါ်ယူတွေ့ဆုံ ခဲ့ပြီး အဲဒီလို ခြိမ်းခြောက်ပြောဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “AA(ရခိုင့်တပ်တော်)နဲ့…

Read More

သမိုင်းတကျော့ပြန်လည်တဲ့ ပါတီဖျက်သိမ်းမှု

  မတ်၊ ၂၉    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ အပါအဝင် ပါတီလေးဆယ်ကို ဖျက်သိမ်း တယ်လို့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ရက်မှာထုတ်ပြန်ပါတယ်။   အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေအရ မှတ်ပုံပြန်မတင်တာကြောင့် အဲ့ဒီပါတီတွေကိုဖျက်သိမ်းလိုက်တာပါ။   ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ထူးထူးခြားခြား တိုက်ဆိုင်မှုတွေရှိနေတဲ့ သမိုင်းတကျော့ပြန်လည်ခြင်း လည်းဖြစ်လာပါတယ်။   ▪သမိုင်းတကျော့လည်ခြင်း   လွန်ခဲ့တဲ့ (၁၃)နှစ်အကြာ ၂၀၁၀ စက်တင်ဘာလကလည်း…

Read More
မှတ်ပုံပြန်မတင်တဲ့ ပါတီလေးဆယ်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီကော်မရှင်ကြေညာ

မှတ်ပုံပြန်မတင်တဲ့ ပါတီလေးဆယ်ကို ဖျက်သိမ်းတယ်လို့ စစ်ကောင်စီကော်မရှင်ကြေညာ

မတ်၊ ၂၈ အာဏာသိမ်းစစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီဥပဒေအရသတ်မှတ်ကာလအတွင်း မှတ်ပုံ ပြန်မတင်တဲ့ နိုင်ငံရေးပါတီလေးဆယ်ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီက နေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကပြဌာန်းတဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ တည်ဆဲနိုင်ငံရေးပါတီတွေဟာ ရက်ပေါင်း ခြောက်ဆယ်အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး ဒီကနေ့မှာ သတ်မှတ်ကာလကုန်ဆုံးတာပါ။ ဒီကာလအတွင်းတည်ဆဲပါတီ(၉၀)ထဲက (၅၀)ပြန်လည်မှတ်ပုံတင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော် မရှင်ကပြောပါတယ်။သတ်မှတ်ကာလအတွင်း မှတ်ပုံတင်ဖို့ပြန်လည်လျှောက်ထားခြင်းမရှိတဲ့ပါတီ လေးဆယ်ကို တော့ ဖျက်သိမ်းတယ်လို့ကြေညာလိုက်တာပါ။ ဖျက်သိမ်းလိုက်တယ်လို့ ကြေညာခံရတဲ့ ပါတီတွေထဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီ…

Read More