ငပုတောမြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ပြည်သူ ၃ဦးကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်

ငပုတောမြို့ ဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးခံရသူ ပြည်သူ ၃ဦးကို စစ်အုပ်စုက ထောင်ဒဏ်ချမှတ်

ဧရာဝတီတိုင်း ငပုတောမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းယူမှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တဲ့ ပြည်သူ ၃ဦးကို စစ်အုပ်စုရဲ့ ပုသိမ်အကျဉ်းထောင်တွင်း တရားရုံးက မနေ့က မေလ ၆ရက်နေ့မှာ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့ ကိုမင်းထွဋ်သွင်နဲ့ ကိုဇော်ရဲနောင်(ခ) ကိုငုံးဥကို ပုဒ်မ ၅၀၅-ကအပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅နဲ့ အမှုနှစ်ခုပေါင်း ထောင်ဒဏ် ၄နှစ် ချမှတ်ခဲ့ပြီး၊ ပိုးလောင်းကျေးရွာမှာ ဦးစိုးဝင်း(ခ)…

Read More
ငပုတောမြို့နယ်မှာ ဇနီးဖြစ်သူဖမ်းဆီးခံရပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသတ်သေ

ငပုတောမြို့နယ်မှာ ဇနီးဖြစ်သူဖမ်းဆီးခံရပြီးနောက် ခင်ပွန်းဖြစ်သူ ဆွဲကြိုးချသတ်သေ

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာ ဇနီးဖြစ်သူ ဖမ်းဆီးခံထားရပြီးနောက် ခင်ပွန်းဖြစ်သူ အသက်(၆၀)အရွယ် အမျိုးသားဟာ ကိုယ့်ကိုကိုယ် ဆွဲကြိုးချသတ်သေသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ငါးပြေမကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ထွန်း ဧပြီလ ၁၉ရက်နေ့ ညပိုင်းမှာ ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်အုပ်စုဟာ ကျေးရွာအတွင်းမှာ ပြည်သူ ၁၀ဦးခန့်ကို ဖမ်းဆီးခဲ့ရာမှာ ဆွဲကြိုးချသေဆုံးခဲ့သူ ဦးမောင်စိန်အောင်ရဲ့ ဇနီးဖြစ်သူ ဒေါ်ကုလားမစိန်လည်း ပါဝင်ခဲ့ပါတယ်။ ဒီကနေ့ ဧပြီလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ ဦးမောင်စိန်အောင်ဟာ…

Read More
ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

ငပုတောမှာ ကြံ့ဖွံ့ပါတီဆိုင်းဘုတ်ပျောက်လို့ဆိုကာ နယ်ထိန်းက သေနတ်ပစ်ဖောက်သောင်းကျန်း

၁၀၊ နိုဝင်ဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း ငပုတောမြို့နယ် မန်ကျည်းပင်ကျေးရွာမှာ ကျေးရွာက ကြံ့ဖွံ့ပါတီရဲ့ ဆိုင်းဘုတ်ပျောက်လို့ဆိုကာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ နယ်ထိန်း ရဲတပ်သား ကောင်းမြတ်ဇော်ဝင်းက ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ရမ်းကားမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၁၀ရက်နေ့ မနက်ပိုင်းမှာ အရက်မူးနေတဲ့ နယ်ထိန်းရဲတပ်သား ကောင်းမြတ်ဇော်ဝင်းဟာ ကျေးရွာအတွင်းမှာ သေနတ်ပစ်ဖောက်ပြီးတော့ ရမ်းကားခဲ့တာလို့ သိရပါတယ်။ “အဲ့ရဲက တော်တော်မူးနေတာ ရွာထဲဝင်လာပြီး သေနတ်နဲ့ မိုးပေါ် တဒိုင်းဒိုင်းထောင်ပစ်နေတော့ ကြောက်လန့်ပြီးပုန်းနေကြရတယ်၊…

Read More
ငရုတ်ကောင်းမြို့သဲဖြူရွာက ဒလန်လို့ ယူဆရသူ၂ဦးအလောင်းပြန်တွေ့

ငရုတ်ကောင်းမြို့သဲဖြူရွာက ဒလန်လို့ ယူဆရသူ၂ဦးအလောင်းပြန်တွေ့

၄၊ အောက်တိုဘာလ ၊၂၀၂၁။ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာမှာ အသတ်ခံထားရတဲ့ စစ်တပ်သတင်းပေး၂ဦးရဲ့အလောင်းတွေပြန်တွေ့ခဲ့တယ်လို့သိရပါတယ်။ သဲဖြူကျေးရွာမှာ လွန်ခဲ့တဲ့ သုံးပါတ်ကျော်ကပျောက်ဆုံးနေတဲ့ စစ်တပ်သတင်းပေးလို့ နာမည်ကြီးတဲ့ ဦးဆန်းတင့်နဲ့ ဦးတင်ထူးတို့ရဲ့ဘအ​လောင်းကို သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာနှစ်ရွာ ကြားမှာ မြေမြုပ်ထားကို အောက်တိုဘာ၂ရက်နေ့ညနေပိုင်းက ရွာသားတစ်ဦးကတွေ့ရှိခဲ့တာပါ။ ပျောက်ဆုံးနေသူနှစ်ဦးဟာ ကျေးရွာမှာ ပျူစောထီး သင်တန်းတက်ဖို့ ထွက်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုကြောင့် အသတ်ခံရပြီး ပျောက်ဆုံးတာကို ဒေသခံတွေက မသိကြပါဘူး။ ခုလိုစစ်တပ်သတင်းပေး၂ဦးအသတ်ခံရမှုဟာ မြစ်၀ကျွန်းပေါ်ပျောက်ကြားတပ်ပေါင်းစုအဖွဲ့က ရှင်းလင်းခဲ့တာလို့ အဖွဲ့က…

Read More
အဝေဖန်ခံနေရတဲ့ ငပုတောမြို့ အောက်ဆီဂျင်စက်ရုံ

အဝေဖန်ခံနေရတဲ့ ငပုတောမြို့ အောက်ဆီဂျင်စက်ရုံ

၁၅၊ ဩဂုတ်လ၊ ၂၀၂၁။ ပြည်သူတွေလှူဒါန်းမှုနဲ့ တည်ဆောက်ဖို့ လုပ်ဆောင်နေတဲ့ ငပုတောမြို့နယ် အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေးကော်မတီကို စစ်အုပ်စုရဲ့ ဦးဆောင်မှုနဲ့ လုပ်ဆောင်စေဖို့ စီမံဆောင်ရွက်နေတာကြောင့် ပြည်သူတွေအကြားမှာ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး အလှူရှင်အများစုဟာ ဆက်လက်လှူဒါန်းခြင်းမပြုတော့တာတွေ ရှိနေပါတယ်။ ပြည်သူဦးဆောင်တဲ့ အောက်ဆီဂျင်စက်ရုံကို အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က နေရာလုယူပြီး စက်ရုံတည်ဆောက်နိုင်ရေးအတွက် ဦးဆောင်အဖွဲ့ကို စစ်အုပ်စုရဲ့ဦးဆောင်မှုနဲ့ ဖွဲ့စည်းပေးခဲ့တာကြောင့် အခုလို ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။   “စပြီးတော့ တည်ဆောက်ဖို့လုပ်တော့…

Read More