ငရုတ်ကောင်းမြို့သဲဖြူရွာက ဒလန်လို့ ယူဆရသူ၂ဦးအလောင်းပြန်တွေ့

၄၊ အောက်တိုဘာလ ၊၂၀၂၁။

ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာမှာ အသတ်ခံထားရတဲ့ စစ်တပ်သတင်းပေး၂ဦးရဲ့အလောင်းတွေပြန်တွေ့ခဲ့တယ်လို့သိရပါတယ်။

သဲဖြူကျေးရွာမှာ လွန်ခဲ့တဲ့ သုံးပါတ်ကျော်ကပျောက်ဆုံးနေတဲ့ စစ်တပ်သတင်းပေးလို့ နာမည်ကြီးတဲ့ ဦးဆန်းတင့်နဲ့ ဦးတင်ထူးတို့ရဲ့ဘအ​လောင်းကို သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာနှစ်ရွာ ကြားမှာ မြေမြုပ်ထားကို အောက်တိုဘာ၂ရက်နေ့ညနေပိုင်းက ရွာသားတစ်ဦးကတွေ့ရှိခဲ့တာပါ။

ပျောက်ဆုံးနေသူနှစ်ဦးဟာ ကျေးရွာမှာ ပျူစောထီး သင်တန်းတက်ဖို့ ထွက်သွားတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုကြောင့် အသတ်ခံရပြီး ပျောက်ဆုံးတာကို ဒေသခံတွေက မသိကြပါဘူး။

ခုလိုစစ်တပ်သတင်းပေး၂ဦးအသတ်ခံရမှုဟာ မြစ်၀ကျွန်းပေါ်ပျောက်ကြားတပ်ပေါင်းစုအဖွဲ့က ရှင်းလင်းခဲ့တာလို့ အဖွဲ့က အတည်ပြုပါတယ်။

“ပြည်သူတွေကို ရဲနဲ့စစ်တပ်ကို တိုက်ရိုက်သ တင်းပေးပြီး ဖမ်းခိုင်းနေတဲ့နှစ်ယောက်ပါ၊ သူတို့ကြောင့်အဖမ်းခံရတာ မနည်းဘူး၊သူတို့ကိုရွာပြင်မှာဓါးနဲ့ရှင်းခဲ့တာပါ၊ အလောင်းကိုလာစစ်တော့ အလောင်းက ပုံပျက်နေပြီ”လို့ မြစ်ဝကျွန်းပေါ် ပြောက်ကျားတပ်ပေါင်းစု အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အလောင်းတွေတွေ့ပြီးနောက် သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။

 ပြီးခဲ့တဲ့ စက်တင်ဘာ၂၅ရက်နေ့မှာ သဲဖြူကျေးရွာမှာ PDFသင်တန်းဖွင့်တယ်လို့ ဒလန်တွေသတင်းပေးတာကြောင့် စစ်တပ်ကလာရောက်တပ်စွဲခဲ့ပြီး ရွာသား၂၀ကျော်အဖမ်းခံခဲ့ရပါတယ်။