အိန္ဒိယ လယ်သမားဆန္ဒပြပွဲမှာ လူအုပ်ထဲ ကားနဲ့ဝင်တိုက်လို့ ရှစ်ဦးထက်မနည်းသေဆုံး 

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၊ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်မှာ ဆန္ဒပြနေတဲ့ လယ်သမားတွေ ကားနဲ့ဝင်တိုက်ခံရလို့  လူရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့  DW သတင်းဌာနက ဖော်ပြပါတယ်။

ပြည်နယ်ဝန်ကြီးရဲ့ ခရီးစဉ်တစ်ခုမှာ လယ်သမားတွေစုပေါင်း ဆန္ဒပြပြတာဖြစ်ပြီး ဆန္ဒပြလူအုပ်ထဲကို SUV အမျိုးအစား ကားနှစ်စီးက ဝင်တိုက်ခဲ့တာပါ။

ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ပြည်နယ်ဝန်ကြီးတွေကို  စွပ်စွဲမှုတွေ ပြုလုပ်နေကြပေမယ့် လက်ရှိအချိန်ထိတော့ SUV ကားနှစ်စီးဟာ ဆန္ဒပြသူတွေကို ဘာကြောင့် ဝင်တိုက်သလဲဆိုတဲ့ အဖြေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ 

အိန္ဒိယ လယ်သမားတွေဟာ ပြီးခဲ့တဲ့ နှစ်က ပြောင်းလဲခဲ့တဲ့ လယ်ယာစိုက်ပျိုးရေး ဥပဒေသစ်ကို မကျေနပ်ကြဘဲ ရှိနေတာပါ။ 

ဒါကြောင့်လည်း ဆန္ဒပြပွဲတွေပြုလုပ်ပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို တောင်းဆိုနေကြတာပဲဖြစ်ပါတယ်။