အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာ ဒုတိယအကြိမ်မိုင်းဆွဲခံရပြန် ၁၀ဦးထက်မနည်းသေ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။

သံချပ်ကာ၇စီးပါတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ပုလဲမြို့နယ်အတွင်း ထပ်မံမိုင်းဆွဲခဲ့ရာ ၁၀ဦးထက်မနည်းသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းက  သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ဒီနေ့မနက်၁၀နာရီခွဲလောက်မှာ ထပ်မံမိုင်းဆွဲခြင်းဖြစ်ပါတယ်။

‘မနက်ပိုင်းမိုင်းဆွဲပြီးတော့ စစ်ကားတွေ နောက်ပြန်မလှည့်ဘဲဆက်တက်လာတယ်။သံချပ်ကာ၇စီးပါတယ်။စစ် ကားအစီး၆၀ကျော်ပါတယ်။ဒါနဲ့ ကျွန်တော်တို့ ထပ်မိုင်းဆွဲတာ၊ပုလဲမြို့နယ်ထဲမှာပဲ’လို့ ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင် ဗိုလ်စောကပြောပါတယ်။

အကြမ်းဖက်စစ်ယာဥ်တန်းဟာ ဂန့်ဂေါဘက်သို့ ဦးတည်သွားနေခြင်းဖြစ်ပြီး ချင်းပြည်နယ်ပေါ်တက်တာဖြစ်နိုင် တယ်လို့ ဗိုလ်စောကခန့်မှန်းပါတယ်။

ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်၊တပ်ခွဲ(၂)က ပြုလုပ်တာပါ။

ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်စဥ်က စစ်အုပ်စုယာဥ်တန်းအထိနာခဲ့ပေမယ့် စစ်အုပ်စုအသေအပျောက်စာရင်းကို အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။

ပထမအကြိမ်မိုင်းဆွဲတိုက်ခိုက်ချိန်မှာ စစ်ကား၅စီးပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သားအ များ အပြားသေဆုံးဒဏ်ရာ ရခဲ့တယ်လို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။

ပထမအကြိမ်ရောဒုတိယအကြိမ်မှာပါ ဒေသခံပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုလုံးဝမရှိဘဲ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့သိရပါတယ်။