ကလေးမှာ ရက်ပေါင်း ၄၆၉ ရက်မြောက်နေ့အဖြစ်ချီတက်သပိတ်မှောက်

ကလေးမှာ ရက်ပေါင်း ၄၆၉ ရက်မြောက်နေ့အဖြစ်ချီတက်သပိတ်မှောက်

ဒီနေ့ မေလ ၂၂ ရက်နေ့မှာကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ၄၆၉ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်၊၊ အဲဒီသပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ အတူ စစ်အုပ်စုရဲ့ဝင်ငွေဖြတ်တောက်ရေး သွေးစွန်းငွေဖြတ်တောက်ရေး အတွက်လှုပ်ရှား တောင်းဆိုကြွေးကြော်ခဲ့ကြပြီး လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။

Read More
စစ်ဘေးရှောင်ပြည်သူတွေကိုကလေး  PDFတပ်ဖွဲ့ဝင်တွေ စုပေါင်းကူညီ

စစ်ဘေးရှောင်ပြည်သူတွေကိုကလေး PDFတပ်ဖွဲ့ဝင်တွေ စုပေါင်းကူညီ

အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကြောင်းထိုး ဖျက်ဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို PDF – Kalay ( တပ်ရင်း -၂ )နဲ့ ( တပ်ရင်း -၅ )တပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကလေးPDFက ဒီကနေ့ မေလ ၇ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ဖက်ဆစ်တပ်ဟာ ဖက်ဆစ်အပြုအမူတိုင်း ယုတ်မာကောက်ကျစ်တာ အားလုံးအသိပဲဖြစ်ပါတယ်တယ်။ ပြည်သူရဲ့ ဒဏ်ရာဟာ ကျနော်တို့ရဲ့ ဒဏ်ရာဖြစ်လို့ နှစ်ဆနာကျည်း ၊ နှစ်ဆတော်လှန်ကြရအောင်ပါ။…

Read More
ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုအများအပြားသေဆုံး ၊ လက်နက်တွေ သိမ်းဆည်းရမိ

ကလေးမြို့နယ်တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုအများအပြားသေဆုံး ၊ လက်နက်တွေ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းဒေသတွေမှာ မေလ ၂ရက်နေ့ကနေ မေလ ၃ရက်နေ့ ညပိုင်းအထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး စစ်အုပ်စုက အများအပြားသေဆုံးကာ လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFကလေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မေလ ၂ရက်နေ့ မနက်ပိုင်းက စတင်ပြီး ကလေးမြို့နယ်တောင်ပိုင်း ရှားဖိုကျေးရွာဘက်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် PDF KAlay ၊ CDF (KKG)၊ RKDF၊ ပကဖနဲ့ Zomi PDFတို့ ပူးပေါင်းပြီး ကြားဖျက်တိုက်ခိုက်ခဲ့ကြတာပါ။ နှစ်ရက်တာ…

Read More
ကလေး၊ ရှားဖိုရွာကို လေကြောင်းပစ်ကူနဲ့ဝင်စီးပြီးနောက် မီးရှို့ဖျက်ဆီး

ကလေး၊ ရှားဖိုရွာကို လေကြောင်းပစ်ကူနဲ့ဝင်စီးပြီးနောက် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးနယ်တောင်ပိုင်းက ရှားဖိုရွာလူနေအိမ်တွေကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ ပါတယ်။ မေ၃ရက်နေ့၊ မြေပြင်တိုက်ပွဲမှာ အကျအဆုံးများလာတဲ့ အကြမ်းဖက်တပ်ဟာ ဗုံးတပ်ဆင်ထားတဲ့ ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်မှုကို တော်လှန်ရေးအင်အားစုတွေက ပစ်ချနိုင်ခဲ့ပါတယ်။ အဲဒီနောက်ညနေ (၃) နာရီလောက် မှာ တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စင်းနဲ့ နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ကာ မြေပြင်စစ်ကြောင်းက တရစပ်တိုးဝင် ချဉ်းကပ်ပစ်ခတ်လာမှုတို့ကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ညနေ (၄) နာရီလောက်မှာ ဆုတ်ခွာခဲ့ရတယ်လို့ Chinland Defense Force- Kalay Kabaw…

Read More
ကလေးတောင်ပိုင်းမှာ စစ်သားအလောင်းတွေနဲ့ လက်နက်တချို့ တွေ့ရှိ

ကလေးတောင်ပိုင်းမှာ စစ်သားအလောင်းတွေနဲ့ လက်နက်တချို့ တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မကောက်ဘဲထားပစ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေရဲ့အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်ကို Ranger Kalay Defend Force(RKDF )နဲ့ ပူးပေါင်း တပ်ဖွဲ့တို့က နယ်မြေရှင်းလင်းခဲ့ရာ တိုက်ပွဲအတွင်း သေဆုံးသွားပြီး မကောက်ပဲထားပစ်ခဲ့တဲ့ အကြမ်းဖက်စစ်သား အလောင်း ၇ လောင်း နဲ့ အတူ MA မောင်းပြန် ၁ လက်၊…

Read More
ကလေးမြို့ပေါ်မှာ စစ်အုပ်စု ၂ ကြိမ်အတိုက်ခံရပြီး ၆ ဦးသေ

ကလေးမြို့ပေါ်မှာ စစ်အုပ်စု ၂ ကြိမ်အတိုက်ခံရပြီး ၆ ဦးသေ

တာဟန်းပင်မသပိတ်ခံတပ်ကို စစ်အုပ်စုက အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တစ်နှစ်ပြည့်အဖြစ် စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ PDF Kalay တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်အုပ်စုကို ၂ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးခန့် သေဆုံးသွားခဲ့တယ်လို့ PDF Kalayက သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၇ရက်နေ့ မနက် ၇နာရီလောက်မှာ ကလေးတက္ကသိုလ်မုဒ်ဦးအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်မှာရှိတဲ့ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အတွင်းကနေ လမ်းမပေါ်ကို ထွက်လာတဲ့ စစ်အုပ်စုကို PDF Kalayက အသင့်တပ်ဆင်ထားတဲ့ မိုင်းတွေကို ဖောက်ခွဲကာ လက်နက်ငယ်တွေနဲ့…

Read More

နတ်မြောင်းကျေးရွာအနီး တိုက်ပွဲအတွင်း CDF(KKG)က တပ်ဖွဲ့ဝင်တစ်ဦးကျဆုံ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာအနီး တိုက်ပွဲအတွင်းမှာ CDF(KKG)က တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ PDFကလေးက ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ကလေးမြို့နယ်တောင်ပိုင်း ရန်ကြီးအောင်ကျေးရွာမှာ အင်အား ၇၀ခန့်နဲ့ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ မတ်လ ၆ရက်နေ့က စတင်ပြီး သံဖို၊ ခွေကြိမ်၊ ဟဲလုပ်၊ အောင်ချမ်းသာနဲ့ ငဖားကျေးရွာတွေကို ဖြတ်ပြီး နတ်မြောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာခဲ့ပါတယ်။ အဲဒီ​နောက် မတ်လ ၈ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ PDFကလေး၊ CDF(KKG)၊…

Read More
စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးနဲ့ပစ်၊ ၅ ဦးဒဏ်ရာရ

စစ်ရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးနဲ့ပစ်၊ ၅ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ရှောင်ပြည်သူတွေခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းကျေးရွာ အောင်မြေရာပြည့် ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရသူတွေအနက် တစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိကာ နောက်တစ်ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် နတ်မြောင်းသင်္ချိုင်းနား ပုန်းခိုနေတဲ့ ပြည်သူတွေကို အကြမ်းဖက်စစ်တပ်က တွေ့ရှိခဲ့ပြီးနောက် ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ပြီး…

Read More
ကလေးပြည်သူ့ရဲတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းတစ်မှု ဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်

ကလေးပြည်သူ့ရဲတပ်ဖွဲ့က တစ်လအတွင်း မူးယစ်ဆေးဝါးမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းတစ်မှု ဖော်ထုတ်ခဲ့တယ်လို့ ထုတ်ပြန်

စစ်ကိုင်းတိုင်း ကလေးမြို့မှာ CDM ရဲတပ်ဖွဲ့ဝင်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ကလေးပြည်သူ့ရဲတပ်ဖွဲ့အနေနဲ့ ဖေဖေါ်ဝါရီလ တစ်လအတွင်းမှာ မူးယစ်ဆေးဝါးဖမ်းရရှိမှု ၂၅ မှုနဲ့ သက်ငယ်မုဒိန်းမှု ၁ မှုတို့ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒီကနေ့ မတ်လ ၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးမှုတွေထဲမှာ သုံးစွဲသူ ကျား ၂၂ ဦးကို လုံလောက်တဲ့ ခံဝန်တွေ ပေးထားပြီး ရောင်းချသူ တရားခံ ကျား ၃ ဦးကိုတော့ ထိရောက်တဲ့…

Read More
သံဖိုကျေးရွာအနီးမှာ စစ်အုပ်စုက မီးရှို့ခဲ့တဲ့ အရိုးစု ၃ စုတွေ့

သံဖိုကျေးရွာအနီးမှာ စစ်အုပ်စုက မီးရှို့ခဲ့တဲ့ အရိုးစု ၃ စုတွေ့

စစ်ကိုင်းတိုင်း ကလေးမြို့နယ် သံဖိုကျေးရွာအနီး တောင်ယာတဲတစ်ခုအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ပြီးနောက် မီးရှို့ခဲ့တဲ့ အရိုးစု၃စုကို တွေ့ရှိရတယ်လို့ CDF-KKGက သတင်းထုတ်ပြန်လာပါတယ်။ တွေ့ရှိရတဲ့ ရုပ်အလောင်းတွေဟာ ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့က ချောင်းခွကျေးရွာမှာ စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ သားအမိ ၃ ဦးရဲ့ အရိုးစုတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒေသခံပြည်သူတွေနဲ့ မျက်မြင်သက်သေအချို့ရဲ့ ပြောကြားချက်တွေအရ သံဖိုကျေးရွာ အရှေ့ဘက် ယာတောအတွင်းမှာ တဲအိမ်တစ်ခုမှာ သေနတ်သံ ၃ ချက်ကြားပြီးနောက်…

Read More