နိုဝင်ဘာ ၊ ၂၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့အနောက်ပိုင်း ဒိုးဝိုင်းချောင်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ် ရေးတပ် ဖွဲ့ တွေ ဒီကနေ့ မနက် လေးနာရီကျော်ကစလို့ တိုက်ပွဲဖြစ်ခဲ့ပြီး တိုက်ပွဲအတွင်း လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်လေးဆယ်ဝန်းကျင် အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ဒိုးဝိုင်းချောင်းမှာ အသစ်ချထားတဲ့ စစ်ကောင်စီဂိတ်ကို ဝင်တိုက်ကြတာပါ၊ကျွန်တော်တို့လည်း အိမ်အောက် ဝင်ပြီး ဝပ်နေရတယ်၊ကလေးက လက်နက်ကြီးမှန်လို့သေတာပါ၊လူကြီးကတော့ သေနတ်မှန်တာလား၊ လက်နက် ကြီး ထိ တာလား သေချာမသိဘူး” လို့တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာနေထိုင်တဲ့ကလေးမြို့အနောက်ပိုင်း ဒေသခံအ မျိုး သား တဦးကပြောပါတယ်။
လက်နက်ကြီးထိမှန်တဲ့ ကလေးငယ်ကို ကလေးမြို့ပေါ် ကလူမူကူညီရေးအသင်းကားနဲ့ ကလေးမြို့ဆေးရုံကို ပို့ခဲ့ ပေမယ့် ဆေးရုံအရောက်မှာသေဆုံးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။
သေဆုံးခဲ့တဲ့ကလေးငယ်ဟာ အသက်လေးနှစ်အရွယ် မောင်မုန်ဆောမ်းဆွန်ဖြစ်ပြီး ဦးခေါင်းနဲ့ရင်ဘတ်ကို လက် နက်ကြီးကျည်စထိမှန်ခဲ့တာလို့သိရပါတယ်။ အဲ့ဒီကလေးငယ်ရဲ့ အမေနဲ့အစ်မဖြစ်သူအမျိုးသမီးနှစ်ဦးဟာလည်း ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံကပြောပါတယ်။
နောက်ထပ် သေဆုံးသူတဦးဖြစ်တဲ့ အသက်လေးဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦးကတော့ တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီဂိတ်အနီးဝန်းကျင်မှာသေဆုံးခဲ့တာပါ။
ကလေးမြို့အနောက်ပိုင်း ဒိုးဝိုင်းချောင်းဘက်မှာ တိုက်ပွဲစဖြစ်တဲ့ မနက်လေးနာရီကျော်ကစလို့ ကလေးမြို့ အခြေ စိုက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေတမနက်လုံးနီးပါးပစ်ခတ်ခဲ့တယ်လို့ကလေးမြို့ခံတွေကပြောပါတယ်။
စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒိုးဝိုင်းချောင်းရွာကနေအိမ်တချို့ ပျက်စီးခဲ့သလို ကလေးမြောက် ပိုင်း လက်ပံချောင်းကျေးရွာက သတ္တမမြောက်အသင်းတော် ဘုရားကျောင်းကိုလည်း လက်နက်ကြီးထိမှန် ပျက်စီး ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။