ကရင်နီစစ်ရှောင်စခန်းတွေအနီးကို စစ်တပ်ကလေကြောင်းကတိုက်ခိုက်နေ
ကရင်နီ(ကယား)လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းစစ်ဘေးရှောင်စခန်းနေရာအနီးမှာ စစ်ကောင်စီတပ်က အခုဇန်နဝါရီလထဲမှာပဲ လေကြောင်းကတိုက်ခိုက်မှုတွေရှိနေလို့ စစ်ရှောင်တွေနေရာပြောင်းရွေ့မှုတွေလုပ်နေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။ မနေ့ညနေပိုင်းက လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း တီးလုံကျေးရွာအုပ်စုက စစ်ရှောင်စခန်းတခုလေကြောင်းနဲ့တိုက်ခိုက်ခဲ့ရတဲ့အကြောင်း ဒေသတွင်းသတင်းတွေမှာလည်းဖော်ပြထားပါတယ်။ “ညနေ ၅နာရီ နဲ့ ၅နာရီခွဲ ဝန်းကျင်မှာ စစ်ရှောင်စခန်းပတ်လည်ကိုလေကြောင်းနဲ့ဗုံးကြဲသွားတာ။သုံးကြိမ်လာကြဲသွားတယ်။ဗုံးကြဲခံရတဲ့နေရာကလူနေထိုင်တာမရှိတော့ယာယီတဲတွေပဲထိသွားတယ်”လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတဦးကလည်း DNA [ဆက်လက်ဖတ်ရှုရန်]