ဒေသအလိုက် သတင်းကဏ္ဍ

တောင်ကိုရီးယားနိုင်ငံမှာ ဒယ်ဂူးဆရာတော် ဦးဆောင်ပြီး ဆန္ဒပြပွဲနဲ့ NUG ထောက်ခံပွဲ ပြုလုပ်

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့မှာ ဒယ်ဂူးဆရာတော်ဦးဆောင်ပြီးအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြပွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံပွဲကို ဒီနေ့ဇူလိုင်လ ၃ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ် တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့မှာ ဒယ်ဂူးဆရာတော်ဦးဆောင်ပြီးအကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြပွဲနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထောက်ခံပွဲကို ဒီနေ့ဇူလိုင်လ ၃ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်း၊ လယ်သစ်မှာ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က နှစ်ဦးသေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ လယ်သစ်ရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ထပ်မံတိုက်ပွဲဖြစ်ပွားရာမှာ အကြမ်းဖက်စစ်တပ်ဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့-ပြန်ကြားရေးက ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြားတိုက်ပွဲဟာ ဇူလိုင်၂ ရက်နေ့၊ နေ့လည် ၁ နာရီခွဲအချိန်ကနေ စဖြစ်ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဇွန်လအတွင်း စစ်ဘေးရှောင်ဦးရေ ၄၀၀၀ကျော်အထိမြင့်တက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ရွာတွေဝင်ပြီး ဒေသခံအချို့ကို ဖမ်းဆီးတာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ဒေသခံအရေအတွက်ဟာ ၄၀၀၀ ခန့်ရှိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်မွေးနေ့ကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်

ရန်ကုန်မှာ ဒီနေ့ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်တဲ့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မွေးနေ့ကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုပြုလုပ်ခဲပါတယ်။ မင်းအောင်လှိုင်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတို့အတွက် ကျက်သရေမဲ့တဲ့ မွေးနေ့ ဖြစ်ပြီး စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ပုံကို ခြေထောက်နဲ့နင်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်အဖွဲ့က ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့ မီးပွိုင့်လမ်းဆုံအပါအဝင် ရပ်ကွက်ထဲက လမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကပ်ပြီး ခြေထောက်နဲ့ နင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖလမ်းမြို့မှာ စစ်အုပ်စုပစ်ခတ်မှုကြောင့် တောင်ယာကပြန်လာတဲ့ ရွာသားတစ်ဦးသေဆုံး

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဇူလိူင်လ ၂ ရက်နေ့က အကြမ်းစစ်အုပ်စုပစ်ခတ်လို့ တောင်ယာကနေပြန်လာတဲ့ လျံဇွားလ်ရွာသားတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်ကဲ့ တစ်ယောက်သတ်ခံရတယ်လို့တော့ကြားတယ်။ နာမည်တော့မသိဘူး။ ဒီနေ့လည်း ဖလမ်းဘက်ကို ခြေလျင်နဲ့လာနေကြတယ်လို့ မြို့ထဲမှာပြောနေကြတယ်” လို့ ဖလမ်းမြို့ခံတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ် – ထီးခီးလမ်းတလျှောက်နေရာအနှံ့ တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-ထီးခီးလမ်းတလျှောက်နေရာအနှံ့မှာ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အကြမ်းဖက်စစ်တပ်တို့ကြား ဒီကနေ ဇူလိုင် ၃ရက်မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။ ​အခုလို လမ်းပိုင်းတလျှောက် တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ၊ ခရီးသွားပြည်သူတွေအနေနဲ့ အဲ့ဒီလမ်းပိုင်းကိုအသုံးမပြုဖို့နဲ့ နောက်ထပ်ထုတ်ပြန်ချက်တစ်စုံတရာထုတ်ပြန်မှုမရှိမခြင်း လိုက်နာကြဖို့ကိုလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟောင်ကောင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂၀ကျော် ပျောက်ဆုံးနေ

တောင်တရုတ်ပင်လယ်မှာ ဇူလိုင် ၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောသား ၂ ဒါဇင်ကျော် ပျောက်ဆုံးနေပြီး ကယ်ဆယ်ရေးသမားတွေက သူတို့ကို ရှာဖွေဖို့ ကြိုးစာနေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဟောင်ကောင်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၆၀ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်

လွန်ခဲ့တဲ့နှစ်ပတ်အတွင်း ဥရောပမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု သုံးဆတိုးလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ ထုတ်ပြန်ချက်မှာ ရှားပါးရောဂါကို ဥရောပတိုက်ကြီးပေါ်မှာ အမြစ်တွယ်မှုမဖြစ်စေဖို့အတွက် ဒေသတွင်းနိုင်ငံတွေအနေနဲ့ သေသေချာချာပိုမိုလုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဥရောပရဲ့ကူးစက်မှုအရေအတွက်ဟာ ကမ္ဘာလုံးဆိုင်ရာစုစုပေါင်းအရေအတွက်ရဲ့ ၉၀ ရာခိုင်နှုန်းခန့်ရှိပြီး  ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ ဥရောပတိုက်မှာရှိတဲ့ နိုင်ငံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ် တက်ရောက်ခွင့် မရတဲ့အပေါ် ကုလကန့်ကွက်ခံရ

ပေါ်တူဂီနိုင်ငံမှာ ကျင်းပခဲ့တဲ့ သမုဒ္ဒရာဆိုင်ရာညီလာခံမှာ ထိုင်ဝမ်ကို ပါဝင်ခွင့် မပြုတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂကို ကန့်ကွက်ကြောင်း Palau နိုင်ငံကိုယ်စားလှယ်က  ဇူလိုင်လ ၁ရက်နေ့မှာ ပြောလိုက်ပါတယ်။  “ကုလသမဂ္ဂက ထိုင်ဝမ်ပြည်သူ ၂၃ သန်းရဲ့ အသံတွေကို ဖယ်ရှားလိုက်တယ် ၊ [ဆက်လက်ဖတ်ရှုရန်]