ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ မင်းအောင်လှိုင်ကတိပေးခဲ့တယ်လို့ အာဆီယံအထူးသံပြော

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ကတိပေးခဲ့ကြောင်း အာဆီယံအထူးသံတမန် ပရတ်ဆွန်ခွန်းက ပြောကြားခဲ့တယ်လို့ phnom penh post သတင်းဌာန ဖော်ပြပါတယ်။ အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရမယ့် ကောင်းမွန်တဲ့ အလားအလာတစ်ရပ်ရှိပါတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံးကို ICJ တရားရုံး ပယ်ချ

ICJ တရားရုံးက ပြုလုပ်တဲ့ ဒီနေ့ ဇူလိုင်လ ၂၂ရက်နေ့ ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ ဒ.က.စ လမ်းထဲမှာ စစ်ကားတစ်စီး မိုင်းဆွဲခံရ

ကလေးမြို့၊ အောင်ဇေယျရပ်ကွက်၊ ဒ.က.စ အထွက် သုခကမ္ဘာနဲ့ရွှေစင် (၂) ကြားမှာ ဒီကနေ့ဇူလိူင်လ ၂၃ ရက်၊မနက် ၈ နာရီဝန်းကျင်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီး မိုင်းဆွဲခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အိမ်တွေတောင်တုန်သွားတာပဲ။ ဒါတောင်ကျနော်တို့ကတော်တော်လှမ်းသေးတာ။ အိမ်ပေါ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။ “ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။ မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရွှေဘိုဆန်စျေးဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြွယ်ပုံကျေးရွာ တိုက်ပွဲ စစ်အုပ်စု သုံးဆယ်နီးပါး သေဆုံး

ဇူလိုင်လ ၂၂ ရက်နေ့၊ မနက်အစောပိုင်းက စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားရာနေရာကိုZEROပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်းခရိုင်တပ်ရင်း၂ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး တပ်ဖွဲ့ဝင် ၃၀ လောက်သေဆုံးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ အကြပ်ကိုင်ငွေတောင်းလို့ ရပ်ကွက်နေထိုင်သူတွေအခက်တွေ့

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက်ရဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က အကြပ်ကိုင်ငွေတောင်းနေတာကြောင့် သူတို့အနေနဲ့ အခက် အခဲနဲ့ တွေ့ကြုံ နေရတယ်လို့ ၁၂ ရပ်ကွက်သားတဦးက DNA ကိုပြောပါတယ်။ “ဆက်ကြေးတောင်း သလို မျိုးတောင်းနေတာ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လုံခြုံရေးတင်းကျပ်နေတဲ့ကြားက အာဏာရှင်ဆန့်ကျင်သပိတ်ကို ဆင်နွဲခဲ့ကြတဲ့ ကလေးမြို့ပင်မသပိတ်စစ်ကြောင်း

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းဟာ ဒီနေ့ ၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ”မတရားမှု လွင်ပြင်တွင်ခိုလှုံ စရာအရိပ်မရှိ” စာတန်းကိုင်စွဲပြီး ဆန္ဒထုတ်ဖော်သပိတ်မှောက်ခဲ့ကြပါတယ်။ ” ဘယ်လိုအခြေအနေမှာဘဲဖြစ်ဖြစ် ကျနော်တို့ ကလေးလွင်ပြင်ကို တရားသောလွင်ပြင်ဖြစ်သည်အထိတိုက်ပွဲဝင်သွားမှာပါ။ မြို့ပြည်သူလူထုအနေနဲ့လည်း သွေးမအေးဘဲ ဒီထက်ပိုမိုပါဝင်ပူးပေါင်းကြပါ” လို့ သပိတ်ခေါင်းဆောင်တစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

နယ်လှည့်ပျားမွေးသူတွေရဲ့ လေးပွင့်ဆိုင် ဒုက္ခ

“လူတွေမှ မဟုတ်ဘူး၊ ပျားတွေလည်း ကပ်ရောဂါကျတာပဲ၊ ရာသီဥတုက ပူလာတော့ ပျောက်နေတဲ့ ပိုးမွှားတွေကခေါင်းပြန်ထောင်လာတာ” လို့ မကွေးတိုင်းက နယ်လှည့်ပျားမွေးမြူသူ ကိုအောင်ဌေးက ပြောပါတယ်။ ကိုအောင်ဌေးက နယ်လှည့်ပျားမွေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းခဲ့တာ ၁၅နှစ်ရှိပါပြီ။ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါ ၊ စစ်အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

 ဆူဒန်နိုင်ငံအတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀ ထောက်ပံ့မယ်

ဆူဒန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စားနပ်ရိက္ခာမလုံလောက်မှုကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ပေးဖို့ ကမ္ဘာ့ဘဏ်က သဘောတူညီခဲ့တယ်လို့  ဇူလိုင်လ ၂၁ရက်နေ့က ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ထောက်ပံ့‌ငွေကို  အရေးပေါ် ဘေးကင်းရေးပရောဂျက်တစ်ခုအနေနဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေတဆင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘရာဇီးနိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်း လူပေါင်း ၁၈ဦးထက်မနည်း သေဆုံး

ဘရာဇီးနိုင်ငံ ရီရိုဒီဂျနေးရိုးမြို့ရဲ့ အကြီးဆုံး ဆင်းရဲသားရပ်ကွက်တခုထဲက ဂိုဏ်းအဖွဲ့တွေကို ပစ်မှတ်ထားပြီး ဇူလိုင်လ၂၀ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးအတွင်း လူပေါင်း ၁၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ မြို့တော်အတွင်း အသေအပျောက်အများဆုံး စစ်ဆင်ရေးတခုဖြစ်ပြီး ရဲတပ်ဖွဲ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]