ဒေသအလိုက် သတင်းကဏ္ဍ

ရေစကြိုမှာ PDF ရဲဘော်တစ်ဦးက အကြမ်းဖက်စစ်တပ်ကို အသေခံ ဗုံးခွဲတိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက လက်လုပ်မိုင်းနဲ့အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Yesagyo Revolution Group (YRG) က ထုတ်ပြန်ပါတယ်။ ဒီလိုတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်ဘက်က ၁၅ ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ လာမယ့်သီတင်းပတ်အထိ ဖောက်ခွဲမှုတွေလုပ်သွားမယ်လို့ Burma Dragon Army အဖွဲ့ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်တပ် ၊ အုပ်ချုပ်ရေးရုံးတွေအပြင် စစ်အုပ်စုရဲ့ထောက်တိုင်နေရာတွေကို ဇူလိုင် ၁၇ရက်နေ့အထိ ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ Burma Dragon Army B.D.A အဖွဲ့က ထုတ်ပြန်ပါတယ်။ အခုလိုဖောက်ခွဲတိုက်ခိုက်နေတာကို Burma Dragon Army B.D.A အဖွဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး၊ အိုးဘိုထောင်အတွင်း ပစ်ခတ်သံတွေ ထွက်ပေါ်နေ

မန္တလေး၊ အိုးဘိုအကျဥ်းထောင်မှာ ထောင်တွင်းရုံးထုတ်စစ်ဆေးရာကနေ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒီကနေ့ဇူလိုင် ၁၃ ရက်နေ့၊ ညနေ ၃ နာရီခွဲအချိန်မှာ ထောင်ဆူပူမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီနေ့ ၃နာရီခွဲလောက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလောမှာ လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မှော်မိကျေးရွာမှာ ဇူလိုင်လ ၁၂ ရက်နေ့ညနေက လက်နက်ကြီးကျလို့ ဒေသခံတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ညနေ ၅ နာရီခန့်က ပုလောအရှေ့ဘက်ခြမ်းရွာတွေဖြစ်တဲ့ မှော်မိ၊ ဂျင်ဂါ၊ ကျောင်းနိမ့်ကျေးရွာတွေဘက်ကို အကြမ်းဖက်စစ်တပ်က ပုလောတပ်ရင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

 စစ်ကိုင်းမှာ “သွေးမအေးတဲ့ ရွှေနွယ်သွေး”သပိတ်စစ်ကြောင်းချီတက်

 စစ်ကိုင်းတိုင်းအတွင်း သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း  ပြည်သူတွေဟာဒီနေ့ ဇူလိုင်လ ၁၃ရက် မနက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။  “သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” ရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြမှု (၄၃၈)ရက်မြောက်နေ့လဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းတိုင်းကို အင်တာနက်ဖြတ်တောက်ပြီး ထိုးစစ်ဆင်တာ နေအိမ် တွေ၊ရွာတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းရဲ့ ရက်​ပေါင်း ၅၂၀ မြောက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်း​ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရက်ပေါင်း ၅၂၀ မြောက်အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သပိတ်မှောက်ဆန္ဒပြမှုကို မြို့တွင်းတစ်နေရာမှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ “၅၂၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းကို မြို့တွင်းတစ်နေရာမှာ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တာပါ။သပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်နေရာကိုသိရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ညပိုင်းအချိန် ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့

ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်အချို့မှာ ဇူလိုင် ၁၁ ရက် ညပိုင်းက ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဗုံးပေါက်ကွဲမှုဖြစ်ခဲ့တဲ့ မြို့နယ်တွေဟာ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာ၊ အင်းစိန်၊ မြောက်ဒဂုံ၊ တောင်ဒဂုံ နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အတွက် အကူအညီပေးကြဖို့ လောင်းရှည် PDF မေတ္တာရပ်ခံ

စစ်ရှောင်ပြည်သူ ၄၀၀ ကျော်အခက်အခဲတွေဖြစ်နေလို့ အကူအညီတွေပေးကြဖို့ လောင်းရှည် ဒေသလုံးဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Laung She Regional People’s Defence Force က ဒီနေ့ ဇူလိုင် ၁၂ ရက်နေ့မှာ မေတ္တာရပ်ခံပန်ကြားပါတယ်။ မကွေးတိုင်း၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်အုပ်စုနဲ့ ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွား

ကလေးမြို့နယ်တောင်ပိုင်းမှာ မနေ့က ဇူလိုင်လ ၁၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်နဲ့ ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပူးပေါင်းအဖွဲ့ဘက်က တစ်ဦးသေဆုံးပြီး၊ လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကလေး PDF တပ်ရင်း (၂) က ရဲဘော်တစ်ဦးဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ်၊ တရားရေးဌာနနဲ့ လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်မယ်လို့ GHF ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးမှာ အကြမ်းဖက်စစ်အုပ်စု အပါအဝင် မတရားသဖြင့် ပူးပေါင်းဆောင်ရွက်နေတဲ့ တရားရေးဌာနနဲ့လူပုဂ္ဂိုလ်တွေကို ပြန်လည်တရားစီရင်တိုက်ခိုက်သွားမယ်လို့ God’s Hand Forces (GHF) က ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ GHFအဖွဲ့အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြမ်းဖက်စစ်တပ်နဲ့ ထောက်တိုင်အဖြစ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ၊ [ဆက်လက်ဖတ်ရှုရန်]