ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၈)ဦးသေဆုံး 

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၁၈)ဦးသေဆုံး 

၉၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၉ရက်နေ့က ကိုဗစ်လူနာ (၁၈)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊စစ်တပ်မဆရ(၄)ဆေးရုံက(၂)ဦး၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၁)ဦးရှိခဲ့တယ်လို့ သိရပါတယ်။   ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၆၉)ဦးအပါအ၀င်…

Read More
ကောလင်းမြို့အဝင် စစ်အုပ်စုဂိတ် ဗုံးခွဲခံရ၊ ရဲ ၁ဦးနဲ့ စစ်သား ၁ဦးသေ

ကောလင်းမြို့အဝင် စစ်အုပ်စုဂိတ် ဗုံးခွဲခံရ၊ ရဲ ၁ဦးနဲ့ စစ်သား ၁ဦးသေ

၉၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီ​နေ့ ဩဂုတ်လ ၁၀ရက်​နေ့ မနက် ၁၀နာရီ ဝန်းကျင်က စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ကားကြီးကွင်းအနီး ကြူတောစစ်အုပ်စုဂိတ် ဗုံးခွဲခံရပြီး နှစ်ဦး သေ နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ စစ်သားတစ်ဦးနဲ့ ရဲတစ်ဦး သေဆုံးခဲ့ပြီး မီးသတ်တစ်ဦးနဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့ ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံ​တွေက ဆိုပါတယ်။   “သေသွားတဲ့ ရဲတစ်ယောက်က ဒုရဲအုပ်လို့ သိရတယ်။ ကျန်တဲ့သူတွေကလည်း စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်။…

Read More
ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို KNU ထုတ်ပြန်

ပြည်သူတွေအပေါ် အကြမ်းဖက်ဖိနှိပ်တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို KNU ထုတ်ပြန်

၉ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေထဲက ပြည်သူလူထုတွေအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး လူ့အခွင့်အရေးချိုးဖောက်ခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စုတပ်ရဲ့ လုပ်ရပ်တွေကို KNU ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနခွဲက ဩဂုတ် ၈ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ KNU ထိန်းချုပ်နယ်မြေတွေဖြစ်ကြတဲ့ ဒူးသထူခရိုင် တပ်မဟာ ( ၁ )၊ တောင်ငူခရိုင် တပ်မဟာ (၂) ၊ ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နဲ့ မူတြော်ခရိုင်…

Read More
ဒီနေ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၁၀ယောက်ထက် မနည်းသေ

ဒီနေ့ ရှမ်း-ကယားနယ်စပ်တိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၁၀ယောက်ထက် မနည်းသေ

၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဩဂုတ်လ ၈ ရက် ၊ ဒီနေ့မနက်ပိုင်း က ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် ဘီသူ( အထက် ) နဲ့ ကယားပြည်နယ် ဖရူဆိုမြို့နယ် ဒိုမိုခိုရွာအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဘက်က ၁၀ ယောက်ထက် မနည်းသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ ( KNDF ) သတင်းထုတ်ပြန်ခဲ့ပါတယ် ။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုဘက်က လက်နက်ကြီး တွေနဲ့…

Read More
ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၄)ဦးသေဆုံး

ဒီကနေ့ ပုသိမ်ကိုဗစ်လူနာ (၂၄)ဦးသေဆုံး

၈၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၈ရက်နေ့က ကိုဗစ်လူနာ (၂၄)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၃)ဦး ၊စစ်တပ်မဆရ(၄)ဆေးရုံက(၂)ဦး၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၉)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၄၉)ဦးအပါအ၀င် စုစုပေါင်း…

Read More
မတ္တရာမှာ လက်နက်​အ​မြောက်အများ ဖမ်းမိ

မတ္တရာမှာ လက်နက်​အ​မြောက်အများ ဖမ်းမိ

၈၊ ဩဂုတ်လ၊ ၂၀၂၁။ မန္တ​လေးတိုင်း၊ မတ္တရာမြို့နယ်ထဲမှာ သယ်​ဆောင်လာတဲ့ လက်နက်ခဲယမ်း​အ​​မြောက်အများကို စစ်အုပ်စုတပ်က ဒီ​က​နေ့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ လက်နက်တင်​ဆောင်လာတဲ့ သတင်းကြိုရထားလို့ တောင်နီတောင်ခေါင်းကျေးရွာဘက်က မောင်းလာတဲ့ ​ထော်လာဂျီယာဥ်တစ်စီးကို စစ်အုပ်စုတပ်က မသင်္ကာလို့ ရပ်ခိုင်းခဲ့ရာ ​မောင်း​ပြေးသွားခဲ့တယ်လို့ ​​​ကြေးနန်းထုတ်ပြန်စာမှာ ​ဖော်ပြထားပါတယ်။   အဲဒီ​နောက် စစ်အုပ်စုတပ်​တွေက လိုက်လံပိတ်ဆို့ဖမ်းဆီးရာ ဆန်အိတ်နှင့်ဖွဲအိတ်​တွေအောက်မှာ သယ်ဆောင်လာတဲ့ K-22 မောင်းပြန်ရိုင်ဖယ်အလက် ၆၀၊ အီနာဂါဗုံးသီး ၈၅ လုံး၊လက်ပစ်ဗုံးအလုံး ၈၀…

Read More
မကွေးလေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခံ

မကွေးလေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခံ

၈၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီ​​နေ့မနက်ပိုင်းက မကွေးမြို့လေတပ်စခန်း ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရတယ်လို့ အနီးကျေးရွာခံ​တွေဆီက သိရပါတယ်။ ဩဂုတ်လ ၈ရက်နေ့ မနက်၂နာရီမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီးနောက် မနက် ၄နာရီတွင် နောက်ထပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ “ပေါက်ကွဲသံကြီးကတော့ အတော်ကျယ်ကျယ်ကြီး ကြားလိုက်ရတယ်၊ အတွင်းပိုင်းကဆိုတော့ ဘယ်နေရာတွေထိခိုက်လဲ မသိရသေးဘူး”လို့ ဒေသခံတစ်ဦးက ​ဆိုပါတယ်။ အဲဒီဖောက်ခွဲမှုဟာ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နှင့် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ပြန်ကြားရေးတာ၀န်ခံ ဗိုလ်ထန်ထွဋ်က ​ပြောပါတယ်။ ”အခုဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်လို့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့…

Read More
ဘားအံမြို့နယ်မှာ KNU တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်လို့ စစ်အုပ်စုဘက်က ​လေးဦးသေ

ဘားအံမြို့နယ်မှာ KNU တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်လို့ စစ်အုပ်စုဘက်က ​လေးဦးသေ

၇ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA)တပ်မဟာ(၁)နဲ့တိုက်ပွဲဖြစ်ပွားခဲ့လို့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၄ဦးသေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ(၁)က ဩဂုတ် ၇ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ အရင်က တိုက်ပွဲဖြစ်ခဲ့ဖူးတဲ့ ဘားအံမြို့နယ် မီးပုံးကျေးရွာအနီးမှာ စစ်အုပ်စုဘက်က နေရာဝင်ယူခဲ့တာကြောင့် ဩဂုတ် ၁ရက်ညပိုင်းက တိုက်ပွဲထပ်ဖြစ်ပွားခဲ့တာပါ။ “သတင်းအရက ဒေသခံတွေပြောတာက ၄ဦးကျဆုံးတယ်လို့ ပြောတယ်။ ဒဏ်ရာရတာလည်း ရှိတယ်။ KNLA ဘက်ကတော့…

Read More
ပုသိမ်ကိုဗစ်လူနာ (၁၉)ဦးသေဆုံး

ပုသိမ်ကိုဗစ်လူနာ (၁၉)ဦးသေဆုံး

၇ ၊ ဩဂုတ်လ ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၇ရက်နေ့က ကိုဗစ်လူနာ (၁၉)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု ရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၄)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ…

Read More
ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

ကျောက်ဆည်မြို့ ပြည်လုံးနိုင်အုပ်ချုပ်ရေးမှူး သေနတ်နဲ့အပစ်ခံရပြီး သေဆုံး

၇၊ ဩဂုတ်လ၊ ၂၀၂၁။ ကျောက်ဆည်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုက ခန့်အပ်ထားတဲ့ ဒလန်လို့နာမည်ကြီးနေသူ ပြည်လုံးနိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်အောင်ကို ဩဂုတ်လ ၇ရက်နေ့ မနက်၁၁နာရီ ၄၀မိနစ်ခန့်က အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်နဲ့ပစ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ “ရပ်ကွက်ထဲကို ဆိုက်ကယ်တစ်စင်းနဲ့ အမြဲတမ်းပတ်မွှေ့နေတာ လမ်းပြကြယ်ကျောင်းရှေ့နားရောက်တော့ အနောက်ကနေ ဆိုင်ကယ်တစ်စင်းနဲ့ နှစ်ယောက်က သေနတ်နဲ့ လိုက်ပစ်တယ် ပထမမသေသေးဘူး လဲကျနေတာကို ဆေးရုံပို့ရင်း လမ်းမှာသေတာပဲ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ပစ်ခတ်မှုတွေအပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ…

Read More