ကလေးမြို့တောင်ပိုင်း အရှေ့စည်းရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်

Photo – CJ (မီးရှို့ခံရတဲ့အပြင် လက်နက်ကြီးနဲ့ဆက်တိုက်ပစ်ခတ်ခံနေရတဲ့အရှေ့စည်းရွာ)

ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်က စက်တက်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာ အရှေ့စည်းရွာကို လက်နက်ကြီးနဲ့ ထပ်ပြီး ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ညတုန်းကတော့ရွာထဲမကျဘူး၊ရွာရှေ့တောင်ဘက်လောက်ကိုကျတယ်၊ရွာက လန့်ကြတာပါ့၊တချို့ဆို ပြေးဖို့ ပစ္စည်းတွေပြင်ထားကြတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရန်ကြီးအောင်ကျေးရွာမှာတပ်ချထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာ (၁၃) ရက်နေ့ညကလည်း အရှေ့ စည်းရွာကို လက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် နေအိမ်တစ်လုံးပျက်စီးပြီး အသက်ငါးဆယ်အရွယ် အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါ့အပြင် အရှေ့စည်းရွာကို အခုနှစ်မေလအတွင်း စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ပါသေးတယ်။

အခုရက်ပိုင်းအတွင်းမှာ ကလေးမြို့နယ်တောင်ပိုင်းက စစ်ကောင်စီတပ် တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂန့် ဂေါ -ကလေး လမ်းအရှေ့ဘက်က ရှားဖို၊ တင်သား၊ ကျောက်ဖူး၊ အရှေ့စည်းရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာဖြစ်ပါတယ်။

ဒီလိုပစ်ခတ်နေတာဟာ ဂန့်ဂေါ – ကလေး ကားလမ်းဘက်ကို ဒေသခံကာကွယ်ရေးတပ်တွေမလာအောင် ခြိမ်း ခြောက်တာမျိုးဖြစ်နိုင်တယ်လို့ ဒေသခံတစ်ချို့က ယူဆနေကြပါတယ်။ စစ်ကောင်စီဟာ ကလေးမြို့နယ်တောင်ပိုင်း အရှေ့စည်းရွာ၊ ရန်ကြီးအောင်ရွာ၊ ကမ်းပါးနီဂိတ်နဲ့ ကျန်သာရွာတွေမှာ တပ်ချထားတာဖြစ်ပြီး ကျန်တဲ့နေရာဒေသတွေကို နယ်မြေစိုးမိုးနိုင်တာမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။