ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့ စက်မှု(၁) ဈေးရှေ့ကရွှေဆိုင်ဓားမြတိုက်ခံရပြန်လို့ သိန်း ၂၇၀၀ နီးပါးပါသွား

ဧပြီ၊ ၂၈ မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) ဈေးပေါက်ရှိ ရွှေဆိုင်တဆိုင်မှာ ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ နေ့ခင်းပိုင်းက ဓားမြတိုက်မှုဖြစ်ပေါ်ခဲ့ပြီး ကျပ်သိန်း ၂၇၀၀ နီးပါးရှိရွှေထည်ပစ္စည်းများ ပါသွားတယ်လို့ စစ်အုပ်စုနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းလှမြို့နယ်မှာစစ်ရှောင် လေးရာနီးပါးအရေးပေါ်အကူအညီလိုအပ်နေ

ဧပြီ၊ ၂၈ မကွေးတိုင်းတောင်ပိုင်း၊ အထက်မင်းလှမြို့နယ်ထဲက အနောက်ရိုးမတောင်ပေါ်ကို စစ်ကောင်စီက စစ်ကြောင်း (၃)ကြောင်းနဲ့ တပတ်ကြာ စစ်ကြောင်းထိုးခဲ့ရာ ချင်းရွာတရွာကို ရွာလုံးကျွတ် မီးရှို့ပစ်ခဲ့ပြီး ရွာ (၅)ရွာထက်မနည်းကစစ်ရှောင်လေးရာနီးပါးအရေးပေါ် အကူအညီတွေ လိုအပ်နေပါတယ်။  “စစ်ရှောင်ငတ်တလှည့်ပြတ်တလှည့်ဖြစ်နေတယ်။ တနေ့လုပ် တနေ့စားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သီတဂူရေအလှူတော်အဖွဲ့ မီးပျက်လို့ မီးစက်နဲ့ ရေတင်နေရ

ဧပြီ၊ ၂၈ စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းကြီးကျောင်းတွေအပါအဝင် မယ်သီလရှင်ကျောင်းတွေကို ဧရာဝတီမြစ်ရေကို စုပ်ယူပြီးဖြန့်ဝေလှူဒါန်းမှုတွေလုပ်နေတဲ့ သီတဂူရေအလှူတော်အသင်း လတ်တလောမီးပျက်ချိန်များနေလို့ မီးစက်နဲ့ ရေတင်နေရတယ်လို့ ရေအလှူတော်အသင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။ သီတဂူရေအလှူအဖွဲ့က စစ်ကိုင်းတောင်၊ မင်ဝံတောင်၊ မင်းကွန်းတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါးသိုင်းချောင်းမြို့က မှုခင်းသတင်းထောက် တဦးပစ်ခတ်ခံရပြီးသေဆုံး

ဧပြီ၊ ၂၇ ဧရာဝတီတိုင်း၊ရေကြည်မြို့နယ်၊ငါးသိုင်းချောင်းမြို့က မှုခင်းသတင်းထောက်တဦးဟာ ဒီကနေ့မနက်ပိုင်း က နေအိမ်မှာ ပစ်ခတ်ခံရပြီး နေရာမှာပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အပိုင် မရင်းကူးရွာမှာနေထိုင်တဲ့ မှုခင်းသတင်းထောက် ဦးတင်သန်းဆိုသူဟာ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က တဦးတည်းနေအိမ်မှာရှိနေချိန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပူဒဏ်နဲ့ လျှပ်စစ်မီးမမှန်မှုကြောင့် ရန်ကုန်က နာရေးတွေနေ့ချင်းသင်္ဂြိုလ်ရမှုများလာ

ဧပြီ၊ ၂၇ လက်ရှိကာလ ရာသီဥတု ပူပြင်းတာနဲ့ လျှပ်စစ်မီးမမှန်တာတွေကြောင့် သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ဓလေ့အတိုင်း သုံးရက်ကြာ ထိန်းသိမ်းထားဖို့အခက်အခဲဖြစ်လာလို့ နေ့ချင်းသင်္ဂြိုလ်မှုတွေများလာတယ်လို့ ရန်ကုန် မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။ ရာသီဥတုအပူရှိန်နဲ့ လျှပ်စစ်မီးမမှန်တဲ့အခြေအနေတွေကြောင့် ရေခဲတိုက်တွေမှာ ရုပ်အလောင်းတွေကို သုံးရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပဇီကြီးရွာအနီးစစ်ကြောင်းထိုးလို့ တပါတ်အတွင်းအိမ်ခြေတရာကျော်မီးရှို့ခံရ၊ ထောင်နဲ့ချီတဲ့ဒေသခံတွေထွက်ပြေးနေရ

ဧပြီ၊ ၂၇ စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊အရှေ့ခြမ်း၊ပဇီကြီးကျေးရွာအနီးကရွာတွေကိုစစ်ကောင်စီရဲ့အင်အား ၂၀၀ ပါဝင်တဲ့ ခမရ ၃၆၁ နဲ့တပ်မ ၈၈ ပူး​ပေါင်းစစ်​ကြောင်းက ဧပြီ လ ၂၂ ရက်နေ့ထဲကစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်တပါတ်အတွင်း လေးတွင်းစဥ်ရွာ၊ချောင်းသာရွာနဲ့မြေမွန်ရွာတွေကနေအိမ်(၁၀၀)ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ “အဲ့ဒီ့လိုမီးရှို့ဖျက်ဆီးခဲ့ရမှာဧပြီလ ၂၂ ရက်နေ့ကစလို့ ၂၆ ရက်နေ့အထိ  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှူထားတဲ့ ရေယာဉ်တွေကို စစ်ကောင်စီက တလွဲအသုံးပြုနေတဲ့အပေါ် ဂျပန် ကန့်ကွက်

  ဧပြီ၊ ၂၇ ဂျပန်က ထောက်ပံ့ လှူဒါန်းပေးထားတဲ့ ရေယာဉ်တွေကို အာဏာသိမ်း မြန်မာစစ်ကောင်စီက အလွဲသုံးစား အသုံးချနေတာနဲ့ ပတ်သက်လို့ ဂျပန် အစိုးရက တရားဝင် ကန့်ကွက်ခဲ့ပါတယ်။  ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာစစ်တပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့ကမ်းနားမှာ ရေကစားရာကနေ ကလေးငယ်တဦးအပါဝင်နှစ်ဦးသေဆုံးပြီးတဦးပျောက်ဆုံးနေ

ဧပြီ၊ ၂၆ ပြည်မြို့၊ ဧရာဝတီမြစ်ကမ်းနား၊ ဘောတံတားအနီးကပြည်ချောင်းသာမှာ ဒီကနေ့ ဧပြီ ၂၆ ရက်ညနေပိုင်းက ကမ်းနားမှာ ရေကစားသူ၆ဦး ရေနစ်ခဲ့ပြီး အဲဒီထဲက ၃ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမယ့်  ကလေးငယ်တဦးနဲ့ အမျိုးသားတဦးကတော့သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ ရေနစ်သူတွေဟာ အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗိုးဗြဲမှာ ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီသုံ့ပန်းနှစ်ဦးနဲ့ လက်နက်တွေသိမ်းဆည်းရမိ

ဧပြီ၊ ၂၆ ကရင်နီပြည်၊ မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ ဒီနေ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ရာ သုံ့ပန် း(၂) ဦးနဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပြီး သေဆုံးမှုများတဲ့ စစ်ကောင်စီစာရင်းကို စိစစ်နေဆဲဖြစ်တယ်လို့ KNDF ဗဟိုသတင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတောင်တက်သွားတဲ့ စစ်ကောင်စီစစ်ယာဉ်တန်း ခြုံခိုတိုက်ခံလို့ လူသားဒိုင်းအကာအကွယ်ယူပြီး ဆုတ်ခွာခဲ့

ဧပြီ၊ ၂၆ ကလေးမြို့ကနေ ချင်းပြည်နယ် တီးတိန်ဘက်ကို ဧပြီလ ၁၈ ရက်နေ့ကတက်သွားတဲ့ အင်အားတရာကျော်ပါ စစ်ကောင်စီကားလေးစီးဟာ ဒေသခံချင်းကာကွယ် ရေးတပ် CDF CDM SIYIN ရဲ့တိုက်ခိုက်မူတွေကြောင့် လူသားဒိုင်း နှစ်ဆယ်လောက် အကာအကွယ်ယူပြီးဆုတ်ခွာခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]