ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ ကိုဗစ်ကူးစက်ခံရသူအမျိုးသမီးတဦးသေဆုံး၊ဆက်စပ်သူတွေကိုနေအိမ်ပြန်လွှတ်လို့ ဒေသခံတွေ စိုးရိမ်နေ

မေ၊ ၂ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ သက်ကြီးအမျိုးသမီးတဦး ပဲခူးတိုင်း၊ပြည်မြို့ဆေးရုံကြီးမှာ ကွယ်လွန်သွား ပြီးနောက် ထိစပ်ထားသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုမပေးဘဲ နေအိမ်ပြန်လွှတ်လို့ ဒေသခံတွေစိုးရိမ် နေ ကြတယ်လို့ သိရပါတယ်။ “လူနာစောင့်တွေကို ဒီနေ့ပဲ သူတို့နေတဲ့ မြန်အောင်ကိုပြန်ပို့ရမယ်လို့‌ ဆေးရုံအုပ်ကြီးကပြောတယ်၊သူတို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်း၊ရေဦးနယ်စပ် မူးမြစ်ကမ်းဘေးရွာတွေစစ်ကြောင်းထိုးခံရလို့ ဒေသခံထောင်ချီတိမ်းရှောင်ရပြန်

မေ၊ ၁ စစ်ကိုင်းတိုင်း ဒီပဲယင်းနဲ့ ရေဦးမြို့နယ် အစပ် မူးမြစ်ကမ်းဘေး ကျေးရွာတွေကို စစ်ကောင်စီက အင်အားရှစ်ဆယ် ဝန်းကျင်နဲ့ စစ်ကြောင်းထိုးနေပြီး ဒေသခံ ထောင်ချီတိမ်းရှောင်နေရတယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ ရေးအဖွဲ့ကပြောပါတယ်။ ရေဦးမြို့နယ် မုတ်ဆီကျေးရွာက ထွက်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲနဲ့ ဖယ်ခုံမှာ လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာလို့ စစ်ရှောင်တွေနဲ့ ဒေသခံတွေရဲ့ အိမ်တွေပျက်စီး

မေ၊ ၁  ကရင်နီပြည်နယ်(ကယားပြည်နယ်) မိုးဗြဲမြို့နယ်နဲ့ ဖယ်ခုံမြို့အရှေ့ဖက်ကမ်းရှိ ဒေသတွေမှာ လေပြင်းမုန်တိုင်းကျပြီး မိုးသီးနဲ့အတူ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအပါအဝင် ဒေသခံတွေနဲ့ စစ်ရှောင်တွေရဲ့ တဲအိမ်တွေနဲ့ ဆန်စပါးတွေ အများပြားပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။ မေလ ၁ ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်ခါးရှည် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ

မေ၊ ၁ ပဲခူးတိုင်း၊ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံထားရသူတွေထဲက (၁၅) ဦးလောက်ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။ “ ဖမ်းခံရတဲ့သူတွေက ၂၀ ကျော်တယ်၊ အားလုံးပေါ့နော်၊ အခု ပြန်လွှတ်လိုက်တာ၊ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမြို့နယ်မှာ အသံချဲ့စက်ပြိုင်ပွဲကျင်းပမယ်

ဧပြီ၊ ၃၀   ဧရာဝတီတိုင်း၊ ဟင်္သာတာမြို့နယ်ထဲက ပေါက်တန်းကြီးကျေးရွာမှာ အသံချဲ့စက်ပြိုင်ပွဲတခုကျင်းပဖို့ စီစဉ်နေတယ်လို့ ကျေးရွာကော်မတီအဖွဲ့တွေရဲ့ ကြေညာချက်အရ သိရပါတယ်။   ဒီအသံချဲ့စက်ပြိုင်ပွဲကို လာမယ့် ဇွန်လမှာ ကျင်းပမှာဖြစ်ပြီး ပေါက်တန်းလေး- ပေါက်တန်းကြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငှက်ပစ်အမဲလိုက်တာကို သုံးလတာတားမြစ်တယ်လို့ မင်းတပ်ပအဖထုတ်ပြန်

ဧပြီ၊ ၃၀   ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ တောရိုင်းတိရစ္ဆာန်တွေကို ကာကွယ်ဖို့အတွက် ငှက်ပစ်အမဲလိုက်တာကို အခုမေလကစပြီး ဇူလိုင်လအထိ သုံးလတာတားမြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ ဧပြီ ၂၉ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အခုအချိန်ဟာ ကျေးငှက်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ ဓားခုတ်လုယက်ခံရလို့ အမျိုးသားတဦးသေဆုံး၊ တဦးပြင်းထန်ဒဏ်ရာရ

ဧပြီ၊ ၂၉   မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာ မနေ့ကညပိုင်းက ဓားနဲ့ထိုးပြီး ဆိုင်ကယ်အလုခံရတဲ့ အမျိုးသားတဦး ဓားဒဏ်ရာကြောင့် သေဆုံးသွားသလို နောက်ထပ်အမျိုးသားတဦးကတော့ ပြင်းထန်ဒဏ်ရာတွေ ရထားတယ်လို့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။   မဟာအောင်မြေမြို့နယ် ၈၂ လမ်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လူရွှင်တော်၊ ဟာသသရုပ်ဆောင် ဦးဝင်းနိုင် (အနုပညာ)ကွယ်လွန်

ဧပြီ၊ ၂၉   ဝါရင့်လူရွှင်တော်ကြီးတဦးဖြစ်သလို ရုပ်ရှင်နဲ့ဗွီဒီယို ဟာသသရုပ်ဆောင်တဦးလည်းဖြစ်တဲ့ ဦးဝင်းနိုင် (အနုပညာ) ဟာ ဒီကနေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။   ဦးဝင်းနိုင် (အနုပညာ)ဟာ အနုပညာသမားတွေ ဦးစီးတည်ထောင်ထားတဲ့ မင်္ဂလာဒုံမြို့နယ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်နီပြည်နယ်မှာ စစ်ကောင်စီကအရပ်သား ၇၀ နီးပါးကို လူသားဒိုင်းအသုံးပြုခဲ့ပြီး သုံးဦးထက်မနည်းသေဆုံးခဲ့

ဧပြီ၊ ၂၈ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ မြို့တွေမှာ စစ်တပ်က အရပ်သား၆၈ ဦးကိုလူသားဒိုင်းအဖြစ် ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ပြီ း ၃၀ ကျော်ပြန်လွတ်ပေမယ့် သုံးဦးထက်မနည်း သေဆုံးခဲ့ကာ တချို့မှာ ပြန်မလွတ်လာသေးဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အခုလအတွင်းနိုင်ငံတဝန်းမှာ လူဆယ့်တဦးထက်မနည်းလဲကျသေဆုံးခဲ့

ဧပြီ၊ ၂၈ နိုင်ငံတဝန်း အပူချိန်တွေ စံချိန်တင်မြင့်တက်နေတဲ့ အခုလအတွင်း ဒေသအသီးသီးမှာ ပြင်ပဒဏ်ရာမရှိဘဲ လဲကျ သေဆုံးသူ (၁၁)ဦးထက်မနည်းရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီကသိရပါတယ်။ ရန်ကုန်နဲ့ မန္တလေးမြို့တွေအပါအဝင် နိုင်ငံတဝန်းမြို့အများစုမှာ အပူချိန်တွေမြင့်တက်ခဲ့တဲ့ အခုလအတွင်း သက် ကြီးပိုင်း [ဆက်လက်ဖတ်ရှုရန်]