ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးရဲ့ ဇာတိရွာမှာ ရဲနဲ့စစ်သားတွေ နေရာယူပိတ်ဆို့ထား

ကရင်အမျိုးသားခေါင်းဆောင်စောဘဦးကြီးရဲ့ ဇာတိရွာမှာ ရဲနဲ့စစ်သားတွေ နေရာယူပိတ်ဆို့ထား

၁၂ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ဧရာ၀တီတိုင်း ကန်ကြီးထောင့်မြို့နယ်က ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ ဇာတိ ဘဲဂရက်ကျေးရွာမှာဒီနေ့မနက် ရဲနဲ့စစ်တပ်က အင်အားအများအပြား ပိတ်ဆို့ထားတယ်လို့သိရပါတယ်။ ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပမှာစိုးလို့ ဒီနေ့မနက် ၅နာရီအချိန်ထဲက ရွာအဝင်လမ်းကို အင်အားအများအပြား ပိတ်ဆို့ထားတာလို့ ဒေသခံတွေကပြောပါတယ်။ ဒီနေ့ ဩဂုတ်လ ၁၂ရက်နေ့မှာ ကျရောက်တဲ့(၇၁)နှစ်မြောက် ကရင်အာဇာနည်နေ့မှာ စောဘဦးကြီးရဲ့ ဇာတိကျေးရွာအတွင်း လွမ်းသူပန်းခွေချခြင်း ၊ ဂါရဝပြုခြင်း ၊…

Read More
၄၄ လမ်းဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့ မဝေဝေမြင့်ရဲ့ ဈာပန အရိုးပြာကောက်ခွင့်မရ

၄၄ လမ်းဖြစ်စဉ်မှာ ကျဆုံးခဲ့တဲ့ မဝေဝေမြင့်ရဲ့ ဈာပန အရိုးပြာကောက်ခွင့်မရ

၁၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ အကြမ်းဖက်စစ်အုပ်စုဝင်တွေ ဝင်ရောက်စီးနင်းလို့ ၄၄ လမ်း တိုက်ပေါ်က ခုန်ချသေဆုံးခဲ့တဲ့ မဝေဝေမြင့်ကို ဒီကနေ့မှာ မီးသဂြိုလ်လိုက်ပြီလို့ ခင်ပွန်းဖြစ်သူက သူ့ရဲ့ဖေဘုတ်စာမျက်နှာကနေတဆင့် အသိပေးခဲ့ပါတယ်။ မဝေဝေမြင့်ရဲ့ နောက်ဆုံးခရီးမှာ အရိုးပြာကောက်ခွင့် ၊ ဓာတ်ပုံရိုက်ခွင့်တောင် မရှိဘူးလို့ ခင်ပွန်းဖြစ်သူက ဆိုပါတယ်။ ဩဂုတ်လ ၁၀ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း ၊တိုက်အမှတ် (၁၆) ၊ ၄လွှာကို…

Read More
ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူတစ်ထောင်ကျော်လာတဲ့ ပုသိမ်

ကိုဗစ်တတိယလှိုင်းမှာ သေဆုံးသူတစ်ထောင်ကျော်လာတဲ့ ပုသိမ်

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၁ရက်နေ့က ကိုဗစ်လူနာ (၁၉)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၅)ဦး ၊ စစ်တပ်မဆရ(၄)ဆေးရုံကသေဆုံးသူ(၁)ဦး၊နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၁၃)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်တတိယလှိုင်းအတွင်း ပုသိမ်မြို့မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးသူဟာ ဒီကနေ့မှာ တစ်ထောင်ကျော်ထိ ရှိလာပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း လူသေဆုံးမှု အများဆုံးမြို့ပဲဖြစ်ပါတယ်။ အခုသေဆုံးသူစာရင်းဟာ…

Read More
ဝါးခယ်မ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

ဝါးခယ်မ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင် ကိုဗစ်ရောဂါနဲ့ ကွယ်လွန်

၁၁၊ ဩဂုတ်လ၊ ၂၀၂၁။ ဧရာ၀တီတိုင်းဝါးခယ်မမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ ကိုဗစ်ရောဂါနဲ့ ဩဂုတ်လ ၁၀ရက်နေ့က ကွယ်လွန်သွားတယ်လို့သိရပါတယ်။ ဝါးခယ်မမြို့နယ် အမှတ် (၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ဟာ မနေ့ညပိုင်းက ကိုဗစ်ရောဂါနဲ့ အင်းစိန်ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့မှာရောဂါအခံရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။ ဦးဌေးအောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အရံဗဟိုကော်မတီဝင်၊ ဧရာဝတီတိုင်းဒေသကြီး တိုင်းအလုပ်အမှုဆောင်အဖွဲ့ (အဖွဲ့ဝင်)၊ တိုင်းဒေသကြီးတောင်သူလယ်သမားရေးရာလုပ်ငန်းအဖွဲ့ ဥက္ကဌတာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဒုတိယအကြိမ်ဧရာ၀တီတိုင်းလွှတ်တော်ရဲ့ လွှတ်တော်ကိုယ်စားလှယ်များ…

Read More
ယောဒေသ PDF အောက်မှာ မြို့နယ်အလိုက် တပ်ဖွဲ့ ၆ခု တိုးချဲ့ဖွဲ့စည်း

ယောဒေသ PDF အောက်မှာ မြို့နယ်အလိုက် တပ်ဖွဲ့ ၆ခု တိုးချဲ့ဖွဲ့စည်း

၁၁ ၊ သြဂုတ်လ ၊ ၂၀၂၁ ။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)က မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၆ခုကို တိုးချဲ့ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ဩဂုတ် ၁၀ရက်က ကြေညာခဲ့ပါတယ်။ YPDFကို ယောနယ်အတွင်းမှာ ရှိတဲ့ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျော၊ ကျောက်ထုနဲ့ လောင်းရှည် စတဲ့ဒေသက စစ်အာဏာရှင်အမြစ်ဖြတ်ရေးနဲ့ ရောလူမျိုးအကျိုး အမှန်တကယ်လိုလားတဲ့သူတွေ စုပေါင်းပြီး ဇွန်လ ၃ရက်က ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ အခုအခါမှာတော့ YPDF ရဲ့အောက်မှာ YPDF…

Read More
ပုသိမ်မှာ ကိုဗစ်​ကြောင့်​သေ​ဆုံးသူ တ​ထောင်နီးပါးရှိလာ

ပုသိမ်မှာ ကိုဗစ်​ကြောင့်​သေ​ဆုံးသူ တ​ထောင်နီးပါးရှိလာ

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။ ပုသိမ်မြို့မှာ သြဂုတ်လ ၁၀ရက်နေ့က ကိုဗစ်လူနာ (၁၂)ဦး သေဆုံးခဲ့တယ်လို့ မနောဖြူ လူမှုကူညီရေးအဖွဲ့ရဲ့ မီးသင်္ဂြိုဟ်မှု မှတ်တမ်းတွေအရ သိရပါတယ်။ ပုသိမ်ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရင်း သေဆုံးသူ (၆)ဦး ၊ နေအိမ်တွေမှာ ဆေးဝါးကုသရင်း သေဆုံးခဲ့သူ (၆)ဦးရှိခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကပ်ရောဂါတတိယလှိုင်းအတွင်း ဇူလိုင်လ တလလုံး ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ (၈၁၀)ဦး ရှိပြီး သြဂုတ်လဒီနေ့ထိသေဆုံးသူ (၁၉၁)ဦးအပါအ၀င် စုစုပေါင်း…

Read More
စစ်လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာသူ စစ်သားတွေကို ဆုငွေသိန်း၅၀ပေးမယ်လို့ CDF မင်းတပ်ကြေညာ

စစ်လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာသူ စစ်သားတွေကို ဆုငွေသိန်း၅၀ပေးမယ်လို့ CDF မင်းတပ်ကြေညာ

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စု လက်အောက်ကနေ လွတ်မြောက်လိုတဲ့ စစ်သားတွေအနေနဲ့ ပြည်သူ့ထံမှာ စစ်လက်နက်ပစ္စည်းအပြည့်အစုံနဲ့ အလင်းဝင်လာပါက ဆုငွေ သိန်း၅၀ ချီးမြှင့်သွားပြီး သွားရောက်လိုတဲ့ ပြည်ပနိုင်ငံတွေကိုလည်း သွားနိုင်အောင် စီမံကူညီပေးမယ်လို့ CDFမင်းတပ်က ဩဂုတ်လ ၁၀ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ “အာဏာရှင်ရဲ့ လက်ပါးစေဘဝကနေ လွတ်မြောက်ခွင့်ရလိုတဲ့ စကစ ရဲဘော်တွေ ပြည်သူကိုအမိအဖအဖြစ်အသိမှတ်ပြုပြီး ပြည်သူနဲ့အတူရပ်တည်လိုတဲ့ စကစ ရဲဘော်တွေကို ကျွန်နော်တို့ CDF(Mindat) ကနေနွေးထွေးစွာကြိုဆိုလျက်ပါ။Full Equipment နဲ့…

Read More
ပုသိမ်မြို့ရဲ့ ဒေါက်တာစစ်တင်ကွယ်လွန်

ပုသိမ်မြို့ရဲ့ ဒေါက်တာစစ်တင်ကွယ်လွန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။ “ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခရီးကြမ်း တစ်ပိုင်းတစ်စကို မှတ်တမ်းတင်ရေးသားခဲ့သူ ဒေါက်တာစစ်တင်ဟာ ဒီကနေ့ ဩဂုတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ ကိုဗစ်ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ ဒေါက်တာစစ်တင်ရဲ့ မိတ်ဆွေတွေထံက သိရပါတယ်။ ဒေါက်တာစစ်တင်ဟာ ၁၉၉၀ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ရောက်ရွေးချယ်ခံခဲ့ပြီး အနိုင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။ ၁၉၉၀ခုနှစ်ကနေ ၁၉၉၅ခုနှစ်အထိ ငပုတောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။   ပုသိမ်မြို့မှာ…

Read More
KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

KNU တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့ ကွယ်လွန်

၁၀၊ ဩဂုတ်လ၊ ၂၀၂၁။ ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) တပ်မဟာ(၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောပလေ့ဟာ ဒီကနေ့ မနက် ၄ နာရီမှာ ကွယ်လွန်သွားတယ်လို့ တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အသက် ၅၇နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗိုလ်မှူးချုပ်စောပလေ့ဟာ ကိုဗစ်ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊အောက်ဆီဂျင်ကျတာ စတာတွေလည်းမကွယ်လွန်မီ ရက်ပိုင်းတွေမှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်မှူးချုပ်စောပလေ့ဟာ တပ်မဟာ(၁) တပ်မဟာမှူးအဖြစ်တာဝန်ယူထားတာ တစ်နှစ်ကျော်သာရှိ သေးတာပါ။ ဗိုလ်မှူးချုပ်စောပလေ့ မတိုင်ခင် ဇွန်လအတွင်းကလည်း KNU တပ်မဟာ(၇)…

Read More
လပွတ္တာမြို့မှာ လင်မယားချင်းရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူသေဆုံး 

လပွတ္တာမြို့မှာ လင်မယားချင်းရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူသေဆုံး 

၉၊ ဩဂုတ်လ၊ ၂၀၂၁။ လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု မြောင်းမြ-လပွတ္တာ ကားလမ်း ၁၀မိုင်၄ဖာလုံအနီးမှာ ဩဂုတ်လ ၉ရက်နေ့က လင်မယားနှစ်ဦး ရန်ဖြစ်ကြရာ အမျိုးသားဖြစ်သူ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ မောင်းဒီးကျေးရွာအုပ်စုနေ ကိုသူရဝင်း အသက် (၂၉)နှစ်နဲ့ ဇနီးဖြစ်သူ မဇာခြည်ဖုန်းကျော် အသက် (၂၃)နှစ် တို့ဟာ နေအိမ်မှာရှိနေချိန် ရန်ဖြစ်ကြရာ ဇနီးဖြစ်သူက တုတ်နဲ့ရိုက်ပြီး အနီးမှာရှိနေတဲ့ တီဗီအင်တာနာကြိုးနဲ့ လည်ပင်းကိုပတ်လိုက်တာကြောင့် အမျိုးသားဖြစ်သူဟာ ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ကို…

Read More