ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာမှာ ကျန်းမာရေးမကောင်းသူတဦး လမ်းဘေးစွန့်ပစ်ခံရပြီးနောက် သေဆုံး

ဇူလိုင်၊ ၁၂   ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ် ၁၄/၂ ရပ်ကွက် ဇီဝစိုးလမ်း မှာ အာဟာရပြတ်ပြီး လဲကျနေတဲ့ အမျိုးသားတဦးကို ကူညီကုသပေးဖို့ ကြိုးစားခဲ့ပေမယ့် ဆေးရုံမပို့ရသေးခင်မှာဘဲ မနေ့က ညနေပိုင်းက သေဆုံးသွားတယ်လို့ အေးချမ်းဖြူစင်မေတ္တာရှင် လူမှုကူညီရေးအသင်း ဆီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်မြို့မှာ နာတာရှည်ရောဂါခံစားနေရတဲ့ သက်ကြီးအမျိုးသမီးတဦး ကိုဗစ်ရောဂါနဲ့ သေဆုံး

ဇူလိုင် ၊ ၁၁ ပဲခူးတိုင်းအနောက်ခြမ်း၊ပြည်မြို့ ဆေးရုံကြီး ကိုဗစ်ရောဂါပိုးအထူးကြပ်မတ်ကုသဆောင်မှာကုသမှုခံယူနေရတဲ့ သက်ကြီးအမျိုးသမီးတဦးဒီကနေ့ ညပိုင်းမှာသေဆုံးသွားတယ်လို့ မြို့ခံပရဟိတအသင်းဆီကသိရပါတယ်။ ပြည်မြို့ မြကန်သာ(အရှေ့)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၇၀အရွယ် ဒေါ်သန်းအေး ဟာ လူကြီးရောဂါနဲ့ ဆေးရုံ တက်ကုသမှုခံယူရင်းက ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထိုမှာ လုပ်ငန်းရှင်တဦးအပါအဝင် လေးဦးကို အမည်မသိလက်နက်ကိုင်တွေက ဖမ်းဆီးသွား

ဇူလိုင်၊ ၁၁ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာဟိုတယ်နဲ့ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်တဦးအပါအဝင် လူပုဂ္ဂိုလ်လေးဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့တခုက လမ်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ ကမ်းနီးတိုးဂိတ်အနားမှာ ဖမ်းဆီးခံရတာပဲ၊ သိရတာပေါ့၊ ဘယ်သူဘယ်အဖွဲ့က ဖမ်းသွားလဲ မသိဘူး၊ သူနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ် တောင်ပိုင်းမှာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးအသုံးပြုတိုက်ခိုက်

ဇူလိုင်၊ ၁၁ မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းက စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ တပ်စွဲထားတဲ့ ကျေးရွာနှစ်ရွာကို ဒီကနေ့ မနက်အ စောပိုင်းမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်ရာမှာ နှစ်ဘက်တိုက်ပွဲပြင်းထန်ကာ စစ် ကောင်စီ ဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ က DNAကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အူကြီးကျေးရွာမှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ မိခင်ဖြစ်သူသေဆုံးပြီး ဖခင်နဲ့ ကလေးနှစ်ဦးဒဏ်ရာရ

    ဇူလိုင်၊ ၁၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူကြီးကျေးရွာကို စစ်ကောင်စီတပ်ကဇူလိုင်လ ၁၀ ရက် မနေ့ညနေက  လက်နက်ကြီးနဲ့  ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီး တ ဦးသေဆုံးခဲ့ပြီး ခင်ပွန်းနဲ့ကလေးနှစ်ဦးဒဏ်ရာရခဲ့တယ်လို မုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အောင်လံမြို့ကဘုန်းကြီးကျောင်းမှာ မွေးမြူထားတဲ့ တိရစ္ဆာန်တွေ အစာရေစာပြတ်လပ်သေဆုံးမှုအပေါ် ဝေဖန်မှုတွေရှိနေ

ဇူလိုင်၊ ၁၁ မကွေးတိုင်း၊ အောင်လံမြို့က ဧက ၆၀ ဘုန်းကြီးကျောင်းဝန်းထဲမှာ မွေးမြူထားတဲ့တိရစ္ဆာန်တွေ အစာရေစာပြတ်လပ်သေဆုံးနေရမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ အောင်လံမြို့အရှေ့ဘက်မှာတည်ရှိတဲ့ အဲဒီဘုန်းကြီးကျောင်းထဲမှာမွေးမြူထားတဲ့ တိရစ္ဆာန်တွေနဲ့ပတ်သက်ပြီး မကြာသေးခင်ရက်ပိုင်းက ကိုယ်တိုင်သွားရောက်လေ့လာခဲ့သူတွေက လူမှုကွန်ရက် မှာတင်ရာကနေ ဝေဖန်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ “မျောက်တွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မူဆယ်နဲ့ကျောက်မဲမှာစစ်ကောင်စီနဲ့ TNLA တိုက်ပွဲဖြစ်

ဇူလိုင်၊ ၁၁ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်တောင်ကျေးရွာမှာ ဒီကနေ့ ဇူလိုင်လ ၁၁ ရက် မနက်ပိုင်းက အာဏာသိမ်းစစ်တပ်နဲ့ တအာင်းတပ်မတော် TNLA တို့ ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ TNLA  သတင်းနဲ့ပြန်ကြားရေးဌာန တာဝန်ခံအမျိုးသမီးတဦးက DNA ကိုအတည်ပြုပြောဆိုပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ အခြေခံပညာကျောင်း နှစ်ဆယ်ကျော်လောက်ပိတ်ဖို့ စစ်ကောင်စီက စာရင်းကောက်နေ

  ဇူလိုင်၊ ၁၀ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက အခြေခံပညာကျောင်းငါးဆယ်ကျော် ပိတ်ထားရပြီး စစ်ကောင်စီက ကျောင်းနှစ်ဆယ်ကျော်ထပ်မံ ပိတ်ဖို့ စာရင်းတွေ လိုက်လံကောက်ယူနေ တယ်လို့ ပညာရေးအသိုင်းနဲ့ ကျောင်းသားမိဘတွေထံမှ သိရပါတယ်။ “ ဟို KNU ၊PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောင်းသားတွေထံ က အတင်းအကြပ် ပိုက်ဆံ ကောက်ခိုင်းတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သစ်တိုင်ကြားခံရ

ဇူလိုင် ၁၀ ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အမှတ် ၁၂ ရပ်ကွက် ရှိ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးသစ် ဟာ ကျောင်းသားတွေ ထံက အ ကြောင်း အမျိုးမျိုးပြပြီး ရံပုံငွေကောက်ခံလို့ ကျောင်းသား မိဘတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျုံအိတ်တံတား တိုက်ခိုက်ခံရအပြီး ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေ ပိတ်မိနေ

ဇူလိုင် ၊ ၉ မွန်ပြည်နယ်၊ဘီးလင်းမြို့နဲ့ သထုံမြို့အကြားရှိ ကျုံအိတ်တံတား မိုင်းခွဲခံရပြီး ပဲခူးတိုင်း၊ဝေါမြို့နယ်ရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ကားကြီးတွေခရီးဆက်လက်ထွက်ခွါခွင့်မရပဲ ပိတ်မိနေတယ်လို့ အဝေးပြေးယာဉ်မောင်းတွေထံက သိရပါတယ်။ ဇွန်လ ၂၉ရက်၊ မနက်ပိုင်းက ရန်ကုန်-မော်လမြိုင်လမ်းမကြီး ဘီးလင်းမြို့နယ်ရှိ ကျုံအိတ်တံတား [ဆက်လက်ဖတ်ရှုရန်]