ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး

အောက်တိုဘာ ၊ ၂၅ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပေါ်က သာရိုးကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  ဘုတလင်မြို့နယ် အနောက်တောင်ဘက် ခုနစ်မိုင်ခွဲလောက်အကွာက ယုန်လှေးကုန်းကျေးရွာကို စစ်ကြောင်းထိုး ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုရှိနိုင်တဲ့ ရခိုင်မှာ အမြန်ရေယာဉ်ခရီးစဉ်တွေ ရပ်နား

အောက်တိုဘာ၊ ၂၄  ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းရဲ့သက်ရောက်မှုဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်ဖြတ်ပြီးပြေးဆွဲပေးနေ တဲ့တခု တည်းသော ခရီးသည်တင်အမြန်ရေယာဉ်လိုင်း ရွှေပြည်တန်က ခရီးစဉ်တွေရပ်နားထား မယ်လို့အသိပေး ထားပါတယ်။  ရခိုင်ပြည်နယ် စစ်တွေကနေ ကျောက်ဖြူ၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ဆီ ပြေးဆွဲနေတဲ့ အမြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေ

အောက်တိုဘာ၊ ၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆင်ကုန်းကျေးရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီး  စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ခြောက်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီတပ်ဟာအောက်တိုဘာလ ၂၄ ရက်၊ ဒီကနေ့ မနက် ၃ နာရီကျော်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက် ဒေသခံ တဒါဇင်ကျော်ကို စစ်ကောင်စီစစ်ကြောင်းက ဖမ်းခေါ်သွား

အောက်တိုဘာ၊ ၂၄  စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် ရှိမ်းမကားလမ်းပေါ်က ဝက်လက်ရွဲရွာကိုဒီကနေ့မနက်ငါးနာရီလောက်မှာ စစ် ကြောင်း ထိုးခဲ့ပြီး ရွာခံ ဆယ့်ငါးဦးကို ဖမ်းခေါ်သွားတယ်လို့ ဒေသတွင်းမြေပြင်အခြေအနေတွေကို စောင့်ကြည့် ဖော်ပြပေးနေ တဲ့ Wetlet Information Network ကပြောပါတယ်။ စစ်ကောင်စီတပ်ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားမှုအပြင် ဒေသခံတချို့ကိုပါ စတင်ဖမ်းဆီးလာ

အောက်တိုဘာ၊ ၂၄ အပစ်ရပ်ထားတဲ့ ရခိုင်မှာ စစ်ကောင်စီတပ်က လက်နက်၊ ရိက္ခာ၊ လူအင်အားဖြည့်တင်းတာ၊ အင်အားပြလက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်နေသလို ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်း စလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “တပ်ရင်းကနေ ကားတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်တိုင်းအရှိန်ကြောင့် ခြောက်နာရီအတွင်း ပြည်နယ်နဲ့တိုင်းတချို့မှာ မိုးကြီးနိုင်လို့ မိုးဇလထုတ်ပြန်

အောက်တိုဘာ၊ ၂၃ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်(Deep Depression)ဟာ နောက် ခြောက်နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပိုမိုအားကောင်းလာနိုင်ပြီး မုန်တိုင်းအရှိန်ကြောင့် ပြည်နယ်နဲ့တိုင်းတချို့မှာ မိုးထစ်ချုန်းရွာတာ၊ ရေကြီး၊ မြေပြိုတာတွေ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီကနေ့ ညနေ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမှာ စစ်တပ် နောက်ချန်ကင်းပုန်းနဲ့တွေ့ပြီး မသန်စွမ်းတဦးနဲ့ ပကဖသုံးဦး သေဆုံး

အောက်တိုဘာ ၊ ၂၃ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့ နောက်ချန်ကင်းပုန်းနဲ့တိုးပြီး ပစ်သတ်ခံလိုက်ရတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သုံးဦးနဲ့ မသန်စွမ်းအမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ပကဖသုံးဦးအလောင်းကို ရွာလမ်းမပေါ်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သရက်ချောင်း တိုက်ပွဲအတွင်း PDF နှစ်ဦးကျဆုံးပြီး ဒေသခံနှစ်ဦးလည်း ပစ်သတ်ခံရ

အောက်တိုဘာ၊ ၂၃ တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာမှာ အောက်တိုဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ဝင် နှစ်ဦးကျဆုံးပြီး ရွာခံလူငယ်နှစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “တခြားရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ရငဲကို ပြန်လာတော့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖျာပုံက လူငယ်ခုနစ်ဦး မသေမချင်း သေဒဏ်နှစ်ကြိမ်အပြင် နှစ်ရှည်ထောင်ဒဏ်ပါ ချမှတ်ခံရ

အောက်တိုဘာ၊ ၂၃ ဧရာဝတီတိုင်း၊ဖျာပုံမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအဖြစ် စွပ်စွဲဖမ်းဆီးခံထားရသူတွေထဲက ခုနစ်ဦးကို ဖျာပုံခရိုင်တရားရုံးကလူသတ်မှု၊အကြမ်းဖက်မှုစွဲချက်တွေနဲ့  မသေမချင်းသေဒဏ်နှစ်ကြိမ်အပြင် နှစ်ရှည်ထောင် ဒဏ်တွေပါ ချမှတ်လိုက်တယ်လို့ ဧရာ၀တီလူငယ်များသမဂ္ဂ(AYU) သတင်းပြန်ကြားရေးတာဝန်ခံ ကိုအောင်လေး ကပြောပါတယ်။ Black  Dragon Force Pyapon (BDFP) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မူဆယ်မြို့မှာ လက်ပြန်ကြိုးတုပ်ပြီး အသတ်ခံထားရတဲ့ အလောင်းသုံးလောင်း တွေ့ရှိ

အောက်တိုဘာ ၊ ၂၂ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ လမ်းဘေးအမှိုက်ပုံ တခုမှာဆာလာအိတ်ထဲ လက်ပြန်ကြိုးတုပ်ပြီးထည့်ထားတဲ့ အမျိုးသမီးတဦး အပါအဝင် ရုပ်အလောင်းသုံးခုကို မနေ့က အောက်တိုဘာ ၂၁ ရက်မှာ ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ ခြေလက်ကို [ဆက်လက်ဖတ်ရှုရန်]