ဒေသအလိုက် သတင်းကဏ္ဍ

၅ နှစ်ကျော်ကြာလာရောက်နေထိုင်သူ နိုင်ငံခြားသားချောင်းသာကမ်းခြေမှာရေနစ်သေဆုံး

၉ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၉ ။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကရေနစ်သေဆုံးနေတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ အလောင်းကိုချောင်းသာကမ်းခြေမှာတွေ့ခဲ့ကြရပါတယ် ။ ပျောက်ဆုံးနေတာ ၃ ရက်ကြာပြီဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံသားကိုအခုလိုရေနစ်သေဆုံးနေတဲ့ ပုံစံနဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်တယ်လို့မောင်စိန်ဝင်း(ပုတီးကုန်း)ပြောကြား

ပုသိမ် ဖေဖေါ်ဝါရီ၆ရက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခမ်းမဝန်းအတွင်း ယနေ့  ဖေဖေါ်ဝါရီလ၆ရက်နေ့ ညပိုင်းအချိန်၌ ပုသိမ်ခရိုင်လူထုဗဟိုပြုဌာန(Community Centre) စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) မှစီစဉ်ကျင်းပပြုလုပ်သော ဧရာဝတီချစ်သူများ စာပေဟောပြောပွဲတွင် ဧရာဝတီမြစ်ဆုံစီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကပြောကြားခဲ့သည်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အဂတိလိုက်စားမှုနဲ့ လပွတ္တာက ဒုရဲအုပ်ကို ပုသိမ်တရားလွှတ်တော်မှာ တရားစွဲတင်မယ်

ဧရာဝတီတိုင်း ၊ လပွတ္တာမြို့နယ် ၊ ကန်ဘဲ့နယ်မြေစခန်းက ဒုရဲအုပ် အောင်နိုင်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နှင့် ပုသိမ်တရားလွှတ်တော်မှာ တရားဆွဲဆိုသွားမယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းပြန်ကြားရေးအရာရှိ ဦးဟန်ညွှန့်က Delta News Agency [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်မြို့မှာ တွင်ကျယ်လာတဲ့ သုံးဘီးဆိုင်ကယ်လေးတွေ

၁၆ ၊ ဒီဇင်ဘာ ၊၂၀၁၈ ။ ပုသိမ်မြို့ပေါ် ဥဒဟိုသွားလာနေတဲ့ ရောင်စုံ သုံးဘီးဆိုင်ကယ်လေးတွေကို ခုနောက်ပိုင်း ပိုပြီးတွေ့လာနေရပါတယ်။ အသုံးတွင်ကျယ်လို့ အစီးရေပိုများလာတဲ့ သုံးဘီးဆိုင်ကယ်လေးတွေအကြောင်းကို Delta News Agency က တင်ဆက်ပေးထားပါတယ်။

ပုသိမ်ခရိုင်

ပုသိမ်ပြည်တော်သာအိမ်ယာကို ပြည်သူ့အိမ်ယာအဖြစ်ထားမလား ၊ ဝန်ထမ်းအိမ်ယာအဖြစ်ထားမလား

၂၃ ၊သြဂုတ် ၊၂၀၁၈ ။ ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့က ပင်စင်စားဝန်ထမ်းတွေအများစုနေထိုင်ကြတဲ့ ပြည်တော်သာအိမ်ယာကို ပြည်သူ့အိမ်ယာ အဖြစ်ထားမလား ၊ ဝန်ထမ်းအိမ်ယာ အဖြစ်ထားမလားဆိုတဲ့ မေးခွန်းကို ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပုသိမ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝေလှိုင်ထွန်းက မေးမြန်းခဲ့ပါတယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောင်းသားလွှတ်တော်အသုံးအနှုန်း ပြည်ထောင်စုလွှတ်တော်က တားမြစ်တာကို ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကန့်ကွက်

၂၄ ၊ ဩဂုတ် ၊ ၂၀၁၈။ ကျောင်းသားလွှတ်တော်ကို ပုသိမ်တက္ကသိုလ်မှာ ပထမဆုံးအကြိမ်ကျင်းပခဲ့တာဖြစ်ပြီး အခြားတက္ကသိုလ်တွေအနေနဲ့ လည်း ကျင်းပဖို့ရှိနေတယ်လို့ဆိုပါတယ်။ အခုလိုပြည်ထောင်စုလွှတ်တ်ာက အကြောင်းကြားလာတာကြောင့် ကျင်းပပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေက ဆုံးဖြတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တော့လည်း ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကဆောင်ရွက်ပေးဖို့ငြင်းဆန်တာတွေရှိလာပါတယ်။ ပုသိမ်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ကတော့ [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်


၂၄ ၊ သြဂုတ် ၊ ၂၀၁၈ ။ ပုသိမ်တက္ကသိုလ်မှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ရခိုင်တိုင်းရင်းသားများရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို Delta News Agency ရိုက်ကူးတင်ဆက်ထားပါတယ်။ Unicode ပုသိမ်တက္ကသိုလ်ရခိုင်တိုင်းရင်းသားများရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ၂၄ ၊ သြဂုတ် [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်မြို့လယ်က ဖြတ်ထိုးမယ့် တံတားသစ်စီမံကိန်း နှင့် ဒေသခံတွေရဲ့ သဘောထား

၂ ၊ စက်တင်ဘာ ဧရာဝတီတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့ရဲ့ အချက်အချာကျတဲ့ နေရာကနေ ငဝန်မြစ်ကို ဖြတ်ပြီး တံတားသစ်ကြီး တစ်စင်းထိုးဖို့ မြေစမ်းသပ်မှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ် ။ ပုသိမ်မြို့ မြို့တော်ခန်းမဘေး မဟာဗန္ဓုလလမ်းမကြီးကနေ စိန်ကုန်းကူးတို့ဆိပ်ကို တိုက်ရိုက်ဖြတ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

ပုသိမ်မြို့က ပြည်သူတွေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ညဘက် ကင်းလှည့်စစ်ဆေး

၂ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ ဒီနေ့ည ဦးပိုင်းမှာ ပုသိမ်မြို့ လမ်းတွေပေါ်မှာ ဒုတ်ဓါးလက်နက် စစ်ဆေးတာ ၊ ကင်းလှည့်တာတွေကို ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့တွေက ပြုလုပ်ခဲ့ကြပါတယ် ။ ဒီရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]

ပုသိမ်ခရိုင်

တံတားသစ်စီမံကိန်း ပုသိမ်မြို့လည်ကဖောက်ဖို့ လျှာထားတာ ဘာကြောင့်လဲ

၃ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။ ပုသိမ်တံတားသစ်စီမံကိန်းက မဟာဗန္ဓုလလမ်းမကြီး နာရီစင်နီးကနေ စိန်ကုံးကူးတို့ဆိပ်ကိုဖြတ်သန်းတည်ဆောက်ဖို့စီစဉ်နေတာပါ။ ဒီလိုစီစဉ်တာဟာ မြို့ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ မြို့ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်း တစ်ဖက်တည်းပေါင်းစည်းဖို့ကို ရည်ရွယ်ပြီးဆောင်ရွက်တာလို့ တိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။ မြို့ခံတချို့ကတော့ [ဆက်လက်ဖတ်ရှုရန်]