ပုသိမ်မြို့က ပြည်သူတွေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ ညဘက် ကင်းလှည့်စစ်ဆေး

၂ ၊ စက်တင်ဘာ ၊ ၂၀၁၈ ။

ဒီနေ့ည ဦးပိုင်းမှာ ပုသိမ်မြို့ လမ်းတွေပေါ်မှာ ဒုတ်ဓါးလက်နက် စစ်ဆေးတာ ၊ ကင်းလှည့်တာတွေကို ရဲတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့တွေက ပြုလုပ်ခဲ့ကြပါတယ် ။

ဒီရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ လုယက်သတ်ဖြတ်မှု သတင်းတွေကြောင့် ပြည်သူတွေ စိုးရိမ်မှု မဖြစ်ပေါ်ရအောင် အခုလို ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောပါတယ် ။