စီးပွားရေးကဏ္ဍ

မုံရွာ – ကလေး မဟာမြိုင်လမ်းပိတ်နေလို့ ကလေးဒေသမှာကုန်စျေးနှုန်းတက်လာ

မုံရွာ – ကလေး မဟာမြိုင်လမ်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေနဲ့စစ်ရေးတင်းမာမှုတွေကြောင့် ဇန်နဝါရီ(၁၇) ရက်ကစလို့ ကားတွေသွားလာမရဖြစ်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ခေတ္တပြန်ပွင့်ပြီး အခုအထိပြန်ပိတ်နေတယ်လို့ ဒေသခံကားသမားတွေဆီကသိရပါတယ်။ “လွတ်တဲ့နေ့က ဆယ်စီးဝန်းကျင်ပဲ ကလေးဘက်ကိုထွက်ခဲ့နိုင်တယ်၊ ပြီးရင်ပြန်ပိတ်သွားတယ်၊ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ရွှေဘိုပေါ်ဆန်း စပါးအသစ်ဈေးနှုန်း တပတ် အတွင်းကျပ် ခုနစ်သိန်းဝန်းကျင်အထိ ခုန်တက်

ရွှေဘိုပေါ်ဆန်းစပါးအသစ်စျေးနှုန်းဟာ ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ ဆက်တိုက် မြင့်တက်လာပြီး ဇန်နဝါရီ ၁၁ ရက်ကနေ ၁၈ ရက်အထိ တပတ်အတွင်း ကျပ်ခုနစ်သိန်းဝန်းကျင်အထိ ဈေးခုန်တက်သွားတယ်လို့ ဆန်စပါး ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်။ လက်ရှိ ဆန်စပါးစျေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း စပါးအသစ်စျေးနှုန်းတွေ မြင့်တက်နေသလို [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ဧရာဝတီတိုင်းထဲက ဂဏန်းပျော့မွေးမြူရေးလုပ်ငန်းတွေ ရပ်တည်ဖို့ခက်ခဲလာ

အိမ်နီးချင်းနိုင်ငံတွေနဲ့ အာရှ၊ ဥရောပနိုင်ငံတချို့ကိုတင်ပို့ရောင်းချနေတဲ့  ဂဏန်းအရေပျော့ ရောင်းဝယ်ရေးလုပ်ငန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကုန်စည်စီးဆင်းမှုနှောင့်နှေးတာတွေကြောင့်ပြည်ပဈေးကွက်မရှိသလောက်ဖြစ်လာပြီး ရပ်တည်ဖို့ခက်ခဲလာတယ်လို့ဧရာဝတီတိုင်းထဲကဂဏန်းအရေပျော့မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ ကုန်စည်ပို့ဆောင်ရာမှာ ကြန့်ကြာပြီး စစ်ဆေးမှုတွေကြား ဂိတ်ကြေးတွေ အဆမတန်ပေးနေရတာတွေ အထွေထွေဝန်ဆောင်စရိတ်ကြီးမြင့်တာတွေကြောင့် လုပ်ငန်းလုပ်ကိုင်ဖို့ခက်လာပြီး  ပြည်ပဈေးကွက်မှာယူမှုတွေလျော့ကျသွားသလို ရပ်တည်ဖို့လည်းခက်လာတာဖြစ်တယ်လို့ ဆိုကြပါတယ်။  “ပြည်တွင်းဈေးကွက် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

နိုင်ငံခြားလွှဲပို့ငွေပိုရဖို့ ပြည်တွင်းဘဏ်တွေ ဟွန်ဒီနဲ့အပြိုင် မက်လုံးပေးစည်းရုံးလာ

ပြည်တွင်းရှိဘဏ်တချို့က သင်္ဘောသားတွေနဲ့ ပြည်ပရောက်လုပ်သားတွေရဲ့လွှဲပို့ငွေကို ဟွန်ဒီစျေး ထက် ငွေလဲနှုန်းပိုပေးပြီး ဘဏ်ကတဆင့် နိုင်ငံခြား လွှဲပို့ငွေ မြင့်တက်လာဖို့ စည်းရုံးမှုတွေ လုပ်နေ တယ်လို့ လုပ်သားတွေနဲ့ သက်ဆိုင်ရာဘဏ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ​CB ဘဏ်က သင်္ဘောသားလုပ်ခလစာတွေအပြင် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စက်သုံးဆီစျေးဆက်တိုက်ကျလို့ဆီဆိုင်တွေလက်ကျန်ဆီနည်းအောင်ထိုးရောင်းနေရ

ပြည်တွင်းစက်သုံးဆီစျေးနှုန်းဟာအခုလအတွင်း ဆက်တိုက်ကျဆင်းနေတာကြောင့် ဆီဆိုင်အများစုဟာ ဆီလက်ကျန်ကြောင့်အရှုံးမပေါ်စေဖို့ ထိုးရောင်းနေကြရတယ်လို့ စျေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်။ ကမ္ဘာ့ရေနံစိမ်းစျေးထိုးကျမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီစျေးလည်း သိသိသာသာပြန်လည်ကျဆင်းလာတာတယ်လို့ သိရပါတယ်။ အဲဒီလို ဆီစျေးကျဆင်းနေချိန်မှာ ဆီလက်ကျန်ဖြစ်ပေါ်ရင် ငွေကြေးဆုံးရှုံးမှုဖြစ်စေတဲ့အတွက် ရောင်းအားမြင့်အောင်လုပ်နေရတယ်လို့ စက်သုံးဆီအရောင်းဆိုင်ရှင်တဦးကဆိုပါတယ်။ “ဒီနေ့စျေးနဲ့မနက်ဖြန်စျေးကသိသိသာသာဟ လာတော့ လက်ကျန်များရင်များသလောက်ငွေကြေးဆုံးရှုံးတယ်၊အသိကားသမားတွေကို ပိုဝယ်ဖို့စည်းရုံးသလိုအကြွေးနဲ့ရောင်းပေးတာတွေပါလုပ်လာရတော့တာ”လို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အလုပ်ထုတ်ခံအလုပ်သမားတွေကို လစာပေးထားဖို့ Adidas က မြန်မာပေါင်ချိန်စက်ရုံကို လမ်းညွှန်ထား

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံနဲ့ အဲ့ဒီစက်ရုံက အလုပ် ထုတ်လိုက်တဲ့အလုပ်သမားတွေ နှစ်ဘက်အငြင်း ပွားမှုကိုစုံစမ်းနေဆဲကြားကာလအတွင်း လစာပေးထါးဖို့ Adidasကုမ္ပဏီက စက်ရုံကိုမှာထားတယ်လို့ အဲဒီအလုပ်သမားတွေဆီကသိရပါတယ်။   လက်ရှိမှာ အလုပ်ထုတ်ခံထားရမှုနဲ့ပတ်သက်လို့ အလုပ်ရှင်၊အလုပ်သမားနှစ်ဘက်ဥပဒေကြောင်းနဲ့ရင်ဆိုင်နေသလို Adidasကုမ္ပဏီကလည်းစုံစမ်းစစ်ဆေးမှုလုပ်နေတဲ့အချိန်ဖြစ်တာကြောင့် နောက်ဆုံးအဆုံးဖြတ်အဖြေမထွက်မချင်းလစာပေးထားဖို့ မှာကြားထားတဲ့အကြောင်း ကုမ္ပဏီကအသိပေးထားတယ်လို့ဆိုပါတယ်။   “အလုပ်ထုတ်ခံရတဲ့လအတွက်လစာကိုတော့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ၁.၆သန်း ဆုံးရှုံးခဲ့တယ်လို့ ILO ထုတ်ပြန်

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင် ၁ ဒဿမ ၆ သန်းနီးပါး ဆုံးရှုံးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ပြောပါတယ်။ စက်ရုံအလုပ်ရုံတွေ ၊ ခရီးသွားလုပ်ငန်းနဲ့  ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်မှု လျော့နည်းလာတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အာဏာသိမ်းပြီး၇လအတွင်း တရုတ်ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း၃၀ကျော်သာဝင်ရောက်

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီး၇လအတွင်း မြန်မာနိုင်ငံမှာတရုတ်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာရှိ တယ်လို့ ISP-Myanmar ကထုတ်ပြန်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၃ သန်းကျော်သာ ဝင်ရောက်ထားပြီးအဲဒီရင်းနှီးမြှုပ်နှံမှုတွေဟာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

လာမယ့်နှစ် မြန်မာ့စီးပွားရေးအခြေအနေ ဆက်ဆိုးစရာအကြောင်းသာရှိ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ၂၀၂၂ခုနှစ်အတွင်း မြန်မာ့စီးပွားရေးအခြေအနေဟာ ဆက်ဆိုးလာစရာအကြောင်းသာရှိတယ်လို့ ရန်ကုန်အ ခြေစိုက်အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုပါတယ်။ အာဏာသိမ်းကာလ တစ်နှစ်ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန်ထိ မြန်မာနိုင်ငံဘဏ်တွေရဲ့အခြေအနေဟာ ကိုယ့်ငွေကိုယ်ပြန်ထုတ်လို့မရသေးသလို ATMစက်တွေဟာလည်း ပုံမှန်လည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်မြို့တွင်းစီးပွားရေးလုပ်ငန်းတွေထဲမှာ စားသောက်ကုန်လုပ်ငန်းတစ်မျိုးဟာရပ်တည်နိုင်ကြောင်း လုပ်ငန်းရှင်တွေကပြောကြပါတယ်။ ‘အာဏာသိမ်းလို့ပျက်တယ်။ပြီးတော့ ကိုဗစ်တတိယလှိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ဘီလီယံကျော် ကျဆင်း

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁ယီလီယံကျော်ကျဆင်းသွားတယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ [ဆက်လက်ဖတ်ရှုရန်]