နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁ဘီလီယံကျော် ကျဆင်း

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၁ယီလီယံကျော်ကျဆင်းသွားတယ်လို့ ISP-Myanmarက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (သြဂုတ်အထိ)နဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် (သြဂုတ်အထိ) နှိုင်းယှဉ်ကြည့်တဲ့အခါ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော်ကျဆင်း သွားတဲ့အကြောင်း ISP-Myanmar ကဆိုပါတယ်။

သြဂုတ်လအတွင်း တရုတ်နိုင်ငံက မွေးမြူရေးနဲ့ရေလုပ်ငန်းကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၄သိန်းကျော် ထပ်တိုးရင်းနှီးမြှုပ်နှံဝင်ခဲ့ပြီး ကျန်နိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့ခြင်းမရှိဘူးလို့လည်းသိရပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် သြဂုတ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အနိမ့်ဆုံးလ ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်။

ရန်ကုန်မြို့မှာကတော့ စားသောက်ကုန်လုပ်ငန်းတွေကလွဲလို့ ကျန်လုပ်ငန်းတွေရဲ့ ရာခိုင်နှုန်း၈၀ကျော် အလုပ်မဖြစ်တော့တာ ဒီနေ့အထိပဲလို့ အလတ်စားဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

‘အာဏာသိမ်းပြီးကတည်းက သူဌေးတွေပါအလုပ်မဖြစ်တာ အခုထိပါပဲ။အလုပ်လက်မဲ့တွေလည်း ကိန်းဂဏန်းအတိအကျမသိပေမဲ့ များသထက်များလာတာသေချာတယ်’လို့သူကပြောပါတယ်။