ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲနေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ဒီ​နေ့ မနက်ကတည်းက အနေရာအနှံ့အပြားမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း အင်အားအများအပြားနဲ့ ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုထုတ်ကုန် မသုံးစွဲရေးကမ်ပိန်း အားကောင်းနေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ကို အဓိကလှုံ့ဆော်တဲ့ ကမ်ပိန်းဟာ ပြည်သူ့လူမှုကွန်ရက်စာမျက်နှာပေါ် အားကောင်းစွာနဲ့ အသက်ဝင်လှုပ်ရှားနေပါတယ်။ စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ အမျိုးသားနေ့ လူထုလှုပ်ရှားမှုရက်သတ္တပတ် ကမ်ပိန်းကို နိုဝင်ဘာလ ၂၇ ရက်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့နယ်က ရွာ၇ရွာကို မီတာမဆောင်လို့ စစ်အုပ်စုမီးဖြတ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း မီတာခမဆောင်လို့ ရွာလုံးကျွတ်မီးဖြတ်ခံရတဲ့ရွာ၇ရွာ ရှိပြီ လို့သိရပါတယ်။ အဲဒီရွာ၇ရွာမှာ တမံကြီးရွာ၊ပိန်းကန်ရွာ၊ပန်းတောချောင်ရွာ၊ကမာဖလိန်းရွာ၊ထိန်ပင်ကွင်းရွာ၊အုတ်ဖိုရွာနဲ့ ဝန် လေးဝရွာ တို့ဖြစ်ပြီး ဒီစာရင်းဟာ ခရမ်းချန်နယ်က အတည်ပြုရရှိထားတဲ့စာရင်းဖြစ်တယ်လို့ သိရပါတယ်။ ‘လျှပ်စစ်ရုံးက ဘယ်အိမ်ကိုမှမလာဘူး။မီတာလည်းလာမဖတ်ဘူး။ပြီးတော့ မီတာခဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမျိုးသမီးနဲ့မိန်းကလေးငယ်အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်တပ်သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အမျိုးသမီးနဲ့မိန်းကလေးငယ် အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ အများအပြား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာနိုင်ငံအတွက် ကုလမှာကိုယ်စားပြုမယ့်နေရာ ရှေ့လမှာ ဆွေးနွေးမယ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှာ ကိုယ်စားပြုမယ့်နေရာကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က ဒီဇင်ဘာ၁ရက်နေ့ ဆွေးနွေးမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ စစ်ကားမိုင်းမှန်၊၅ဦးသေဆုံး

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းလင်းဖို့လာတဲ့ အကြမ်းဖက်စစ်ကား၂စီးကို ဒေသခံကာကွယ်ရေး တပ် တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးလောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ နိုဝင်ဘာ၂၃ရက်နေ့ညက မိုင်းဆွဲတိုက်ခိုက်ခံထားရတဲ့ မြင်းမူမြို့နယ်အတွင်းရှိမန္တလေး-မုံရွာ ကားမလမ်း ပေါ် မိုင်းရှင်းလင်းဖို့ရောက်လာတဲ့ စစ်ကားနှစ်စီးကို ဒီနေ့မနက်၈နာရီလောက်မှာ မြင်းမူPDFကဦးဆောင်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ စျေးဝယ်လာတဲ့ စစ်ကားတစ်စီး ဗုံးပစ်ခံရပြီး ၂ဦးသေ

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁လမ်းရှိ ဝေယံထွန်းစျေးခေါ် မိုးကောင်း ညစျေးအနီးမှာ စျေးဝယ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကားတစ်စီး ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နေရပ်စွန့်ထွက်ပြေးသူအများစုဟာ လူကုန်ကူးမှုအန္တရာယ်ရှိနေတယ်လို့ ကုလအစည်းအဝေးမှာ မြန်မာသံအမတ်ကြီးတင်ပြ

၂၄၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂သိန်းကျော်အနက် အများစု ဟာ လူကုန်ကူးမှုအန္တရာယ်ရှိနေတယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်မှာ နိုဝင်ဘာ၂၂ရက်ကနေ၂၃ရက်နေ့အထိကျင်းပခဲ့တဲ့ ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေးအစီအစဉ်နဲ့ပတ်သက်တဲ့ အထွေထွေညီလာခံ အဆင့်မြင့်အစည်းအဝေးမှာပြောကြားတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG အစိုးရအောင်မြင်လာလေ စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်း ပိုကြီးလာမယ်လို့ ယာယီသမ္မတသတိပေး

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ NUGအစိုးရအောင်မြင်လာလေ အကြမ်းဖက်စစ်အုပ်စုရဲ့ အဖျက်လုပ်ငန်းပိုမိုကြီးမားလာမယ်လို့ ယာယီသမ္မတ က သတိပေးလိုက်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာကျင်းပတဲ့ NUGအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးမှာ ယာယီသမ္မတဒူဝါလရှီးလ က အခုလို ပြောကြားခဲ့တာပါ။ ယာယီသမ္မတက တော်လှန်ရေးဟာအဆင့်တစ်ခုကို ရောက်ရှိပြီးဖြစ်သလို ပိုမိုခက်ခဲတဲ့အဆင့်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာပြည်သူတွေကို ထင်သလိုဖမ်းဆီးမှုတိုးလာလို့ ကုလအထူးစိုးရိမ်ကြောင်းဆိုပြန်

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူတွေကို ထင်သလိုဖမ်းဆီးမှုတွေ တိုးလာတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အထူးစိုးရိမ်ကြောင်းပြောပါတယ်။ နိုဝင်ဘာ၂၂ရက်နေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ကုလအတွင်းရေးမှူးချုပ် ပြောခွင့်ရ Stephane Dujarric ကအဲဒီလိုပြောပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊NLDပါတီဝင်တွေနဲ့ ဒီမိုကရေစီဖော်ဆောင်ဖို့လုပ်နေသူတွေ ကို [ဆက်လက်ဖတ်ရှုရန်]