နိုင်ငံရေး

မူဆယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာ၊ လက်နက်ခဲယမ်း အများအပြားရတယ်လို့ TNLA ပြော

သြဂုတ်၊ ၄   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဇူလိုင် ၂ရက် မနက်ပိုင်းကနေ ညနေအထိ တနေကုန်နီးပါး ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိမ်းရှောင်နေရတဲ့ ပုသိမ်က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်း နေအိမ်ကို စစ်ကောင်စီချိပ်ပိတ်

သြဂုတ်၊ ၄   ဖမ်းဝရမ်း ထုတ်ခံထားရလို့ တိမ်းရှောင်နေရတဲ့ ပုသိမ်မြို့က ပရဟိတသမားတဦးရဲ့ ဇနီးဟောင်းရဲ့နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လယ်ပိုင်းမှာ ချိပ်ပိတ်သွားတယ်လို့ ပုသိမ်မြို့ခံတွေက DNA ကိုပြောပါတယ်။   ပုသိမ်မြို့ တဖက်ကမ်း အမှတ်(၁၀) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှဒေသခံ လင်မယားနှစ်ဦး ပစ်သတ်ခံရ

သြဂုတ်၊ ၃   ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွဲမကိုင်းကျေးရွာ က ဒေသခံ လင်မယားနှစ်ဦးကို စစ်ကောင်စီထံ သတင်းပေးတာတွေ မလုပ်ဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမယ့် မလိုက်နာတာကြောင့် ပစ်ခတ်ရာမှာ နှစ်ဦးလုံး သေဆုံးသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီ ဖွဲ့စည်းပုံပြောင်းပေမယ့် လူဟောင်းအများစုသာ ဆက်လက်ပါဝင်

သြဂုတ်၊ ၃   လေးကြိမ်မြောက်အဖြစ် အရေးပေါ်ကာလ သက်တမ်းတိုးပြီးနောက် ကာကွယ်ရေးနဲ့ပြည်ထဲရေးဝန်ကြီး တွေအပါအဝင် စစ်ကောင်စီက ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကို ပြောင်းရွှေ့ခန့်အပ်တာမျိုး လုပ်လိုက်ပေမယ့် အများစုကတော့ လူဟောင်းတွေသာ ဆက်လက်ပါဝင်နေတာ တွေ့ရပါတယ်။   စစ်ကောင်စီက ဝန်ကြီးတွေကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဖမ်းသွားတဲ့ ပုလဲနယ်က ကျေးရွာပကဖခေါင်းဆောင် အလောင်းသာပြန်တွေ့

သြဂုတ်၊ ၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ တနယ်ကျေးရွာက ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသ_တ်ဖြတ်သွားတယ်လို့ အဲဒီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်ထက်က DNA ကိုပြောပါတယ်။   ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်း က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်ပါတီ၊ တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်း တိမ်းရှောင်ရင်း ကင်ဆာရောဂါနဲ့ ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒီချုပ်)ပါတီ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ကိုယ်စားပြု တိုင်းလွှတ်တော်အမတ် ဦးအောင်ဝင်းဟာ ဖမ်းဆီးခံရမယ့်အန္တရာယ်ကနေတိမ်းရှောင်ရင်းကင်ဆာရောဂါနဲ့  သြဂုတ်လ ၃ ရက် မနက်ပိုင်းမှာကွယ်လွန်ခဲ့ပါတယ်။ “ကင်ဆာက နောက်ဆုံးအဆင့်ဖြစ်နေပြီ။ (…….)မှာလာပြီး ဆေးလာကုတာက တနှစ်လောက်ပဲ ရှိဦးမယ်။  သေတဲ့အထိ ရှောင်ရင်းတိမ်းရင်းပဲ ဆေးကုရတာ” လို့  [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ပရောက်လုပ်သားတွေရဲ့ လစာလေးပုံတပုံ တရားဝင်လွှဲစေဖို့ စစ်ကောင်စီ စီစဉ်နေ

သြဂုတ်၊ ၂ ပြည်ပရောက်မြန်မာလုပ်သားတွေ မိသားစုဆီ ငွေလွှဲရာမှာ အခြေခံလစာရဲ့ ၂၅ရာခိုင်နှုန်းအထိတရားဝင်လမ်းကြောင်းကနေလွှဲစေဖို့စီစဉ်နေတယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီးက ပြောဆိုပါတယ်။ ဒီနေ့မနက်ကပြုလုပ်တဲ့ ပြည်ပတွင်အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီအစည်းအဝေးမှာ သူကအဲ့လိုပြောခဲ့တယ်လို့ စစ်ကောင်စီအလုပ်သမားဝန်ကြီး ဌာနကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီအနေနဲ့ပြည်ပရောက်မြန်မာလုပ်သားတွေရဲ့လွှဲပို့ငွေကို ကြပ်မတ်ဖို့ အေဂျင်စီတွေကိုခေါ်ယူဖိအားပေးမှုတွေလုပ်ထားသလိုမဖြစ်မနေလွှဲပို့ခိုင်းမယ့် နှုန်းထားကိုလည်း ထုတ်ဖော်အသိပေးလာတာဖြစ်ပါတယ်။ “ပထမတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ တိုက်ပွဲအနီး ရောက်လာတဲ့ ကားတစီး ပစ်ခတ်ခံရလို့ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၂   စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်မြို့နယ်၊ နဘားလမ်းဆုံမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးသို့ ရောက်ရှိလာတဲ့ လိုက်ထရက်ကားကို စစ်ကောင်စီတပ်တွေက စစ်ဆေးရန် တားဆီးစဉ် ရပ်မပေးလို့ဆိုပြီး ပစ်ခတ်ခဲ့လို့ တဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဇာနည်နေ့အထိမ်းအမှတ် လုပ်လို့ဆိုကာ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရ

သြဂုတ်၊ ၂   ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင်းမှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ထောင်တွင်းလှုပ်ရှားမှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေးအကျဉ်းသူ ၁၅ ဦး တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ထောင်က ရိုဟင်ဂျာသုံးရာကျော်အပါအဝင် ငါးရာဦးလွတ်မြောက်၊ နိုင်/ကျဉ်း ၁၈ ဦးသာပါဝင်

ဩဂုတ် ၁ ဧရာဝတီတိုင်း၊ ပုသိမ်ထောင် က ဩဂုတ်လ ၁ ရက် စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာ ခွင့် ရရှိသူ အကျဉ်း သား ငါးရာဦး အနက်ရိုဟင်ဂျာသုံးရာကျော်ပါဝင်ပြီး  နိုင်ငံရေး အကျဉ်းသား ၁၈ ဦး သာပါဝင်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]