နိုင်ငံရေး

မြောက်ပိုင်းညီနောင်သုံးဖွဲ့က ရှမ်းမြောက်မှာ တပြိုင်တည်း ထိုးစစ်စတင်

  အောက်တိုဘာ၊ ၂၇   မြောက်ပိုင်းသုံးဖွဲ့လို့ လူသိများတဲ့ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA)နဲ့ ရခိုင့်တပ်တော် (AA) တို့ဟာ ဒီကနေ့မနက် လေးနာရီမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်အများစုက စစ်ကောင်စီတပ်စခန်းနဲ့ စစ်ဆေးရေးဂိတ်တွေကို တိုက်ခိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲဖြစ်ခဲ့တဲ့ ကျောက်စိမ်းကုမ္ပဏီဝင်းထဲ ကျောက်လာယူသူတွေကို တပ်က ပစ်ခတ်ဖြိုခွင်း

အောက်တိုဘာ၊ ၂၆   ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရ ကျောက်စိမ်းကုမ္ပဏီ ဝင်းအတွင်းမှ ကျောက်တွေလာယူနေကြသူတွေကို စစ်ကောင်စီတပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းလို့ ထွက်ပြေးခဲ့ကြရသလို ကားနဲ့ ဆိုင်ကယ်ရာချီလည်း ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စဥ့်ကူးနဲ့ မတ္တရာမြို့တွေမှာ စစ်တပ်လက်ချက်နဲ့ သေဆုံးတဲ့ အလောင်းငါးလောင်းတွေ့ရှိ

အောက်တိုဘာ၊ ၂၆   မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေကို စစ်ကောင်စီတပ်က ရေလမ်းကနေ စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကာ စစ်ကြောင်းထွက်ခွာချိန် အသတ်ခံရတဲ့ အမျိုးသား ရုပ်အလောင်း ငါးလောင်း တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးကုတ်မြို့ အနောက်ပိုင်းမှာ တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လက်နက်ကြီးနဲ့ ငါးနာရီကြာ ဆက်တိုက်ပစ်ခတ်

အောက်တိုဘာ ၊ ၂၆   မန္တလေးတိုင်း မိုးကုတ်မြို့နယ် အနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ မနက်ပိုင်းကစလို့ တိုက်ပွဲဖြစ်နေပြီး စစ်အုပ်စုက နေ့လယ်ပိုင်းအထိ လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကိုးကန့်ဒေသမှာ စစ်တပ်က လက်နက်ကြီးပစ်လို့ အမျိုးသမီးတဦးသေ၊ နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ၊ ၂၆   အာဏာသိမ်းစစ်ကောင်စီတပ်က ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသက လူနေရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံအမျိုးသမီးတဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် ကိုးကန့် (MNDAA)က ထုတ်ပြန်ထားပါတယ်။   ကိုးကန့်တပ်ဖွဲ့ (MNDAA)နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဖို့ NUGနဲ့ တော်လှန်ရေးအင်အားစုတွေက ဥရောပသမဂ္ဂကို တောင်းဆို

အောက်တိုဘာ၊ ၂၅ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘဲ ဆန့်ကျင်ဖို့ ဥရောပသမဂ္ဂ(အီးယူ)နဲ့ အီးယူ အဖွဲ့ဝင်တွေ နိုင်ငံတွေကို မေတ္တာရပ်ခံ တောင်းဆိုထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဒီကနေ့ ထုတ်ပြန် လာပါတယ်။ NUG အစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို ဖိလစ်ပိုင်မှာ တရားစွဲ

အောက်တိုဘာ ၊ ၂၅ အရပ်သားတွေကို သတ်ဖြတ်မှု၊ ဘုရားကျောင်းနဲ့ နေအိမ် ရာပေါင်းများစွာကို မီးရှို့ဖျက်ဆီးမှု စတဲ့စွဲချက်တွေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးကို တရားစွဲဆိုဖို့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က တရားရေးဌာနမှာ ဒီကနေ့ တိုင်ကြားလိုက်တယ်လို့ Myanmar Accountability [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့ အမျိုးသမီးရှေ့နေတဦးကို အမည်စာရင်းပေး

အောက်တိုဘာ ၊ ၂၅ နေပြည်တော်မှာ ဖမ်းဆီးခံထားရတဲ့ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ထောင်ဝင်စာတွေ့ခွင့်ရဖို့  ရှေ့နေအဖွဲ့စီစဉ်နေသလို အမျိုးသမီး ရှေ့နေတဦးကိုလည်း အမည်စာရင်းပေးထားတယ်လို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက DNA ကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူမနဲ့ထောင်ဝင်စာတွေ့ခွင့်ကို အဂတိမှုနဲ့ စစ်ကောင်စီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်မှာ ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေလို့ စစ်ရှောင်သုံးထောင်ကျော် အခက်ကြုံနေ

အောက်တိုဘာ၊ ၂၅   မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီတပ်က ဆယ်ရက်ကျော်ကြာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ သုံးထောင်ကျော်ဟာ မိုးထဲလေထဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးနဲ့ နေရေးထိုင်ရေးတွေ ခက်ခဲလာတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်စီးပွားရေးဇုန်အနီးက ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေး

အောက်တိုဘာ၊ ၂၅   တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ထဲရှိ ထားဝယ်အထူးစီးပွားရေးဇုန် အနီးတဝိုက် ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းဆက်ထိုးနေသေးတာကြောင့် တိမ်းရှောင်နေရတဲ့ ဒေသခံတွေ တပတ်ကြာတဲ့အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   ” တော်တော်များများက ရွာထဲ [ဆက်လက်ဖတ်ရှုရန်]