နိုင်ငံရေး

လေးလအတွင်း အစုအပြုံလိုက်သတ်ဖြတ်မှု အကြိမ်သုံးဆယ်နီးပါး၊ သေဆုံးသူ နှစ်ရာနီးပါးရှိ

နိုဝင်ဘာ၊ ၄ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုနှစ်မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတဝှမ်းမှာ အစုအပြုံ လိုက်သတ်ဖြတ်မှု ၂၇ ကြိမ်အထိကျူးလွန်ကာ အရပ်သားပြည်သူစုစုပေါင်း ၁၈၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ် လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက လိုင်ဇာကို ပစ်တဲ့ လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံထဲကျလို့ ထိခိုက်သေဆုံးမှုရှိ

နိုဝင်ဘာ၊ ၄ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတဝိုက်ကိုစစ်ကောင်စီက ဒီကနေ့မနက်က စလို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျပြီးတရုတ်နိုင်ငံ သားတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ လိုင်ဇာဒေသခံတဦးက DNAကိုပြောပါတယ်။ “အတွဲလိုက်ဒုံးတွေနဲ့ ခဏခဏ ပစ်နေတာ၊တရုတ်ဘက်ကိုလည်း သုံး၊လေးလုံးလောက်ကျသွားတယ်၊ သေတဲ့သူ ရော၊ ဒဏ်ရာရတဲ့သူကောရှိတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လားရှိုးက ပြည်သူစစ်စခန်းသိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ရှစ်ဆယ်နီးပါးရတယ်လို့ TNLAပြော

  နို၀င်ဘာ ၊ ၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူစစ်စခန်း ကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ရာမှာ ပြည်သူ့စစ်အဖွဲ့ဝင် လေးဆယ်နီးပါးဖမ်းမိသလို လက်နက်မျိုး စုံ ရှစ်ဆယ် ဝန်းကျင်နဲ့ခဲယမ်းအများအပြားရခဲ့တယ်လို့တအာင်းတပ်TNLA သတင်းနဲ့ပြန်ကြားရေးရုံး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်နိုင်ငံရောက် မြန်မာစစ်ရှောင်တွေကို နေရာပြောင်းရွှေ့ပေးပေမယ့် အခက်ခဲရှိနေဆဲ

နိုဝင်ဘာ၊ ၃   တရုတ်ပြည်၊ မိန်းတိန် စစ်ရှောင်စခန်းကို ရောက်နေတဲ့ မြန်မာစစ်ဘေးရှောင်တွေ နေထိုင်ရေး၊ စားသောက်ရေးအပြင် အဆင်မပြေမှုများစွာ ရှိနေကြောင်း သတင်းတွေ ထွက်လာတဲ့နောက် တရုတ်တာဝန်ရှိသူတွေက နေရာအသစ်ကို ပြောင်းရွှေ့လိုက်ပေမယ့် အခက်ခဲရှိနေဆဲလို့ စစ်ရှောင်မိသားစုဝင်တွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လားရှိုးမှာ စစ်တပ်က ရွာထဲဝင်ပြီး အရပ်သား ငါးဦးကို ဖမ်းဆီး၊ ဒေသခံတဦးကို ပစ်သတ်

နိုဝင်ဘာ၊ ၃   ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲတွေမှာ အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ မနေ့က ညနေပိုင်းက လားရှိုးမြို့နယ်၊ နမ့်ပေါင်ရွာခံ ငါးဦးကို ဖမ်းခေါ်သွားသလို စစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာသူ တဦးကိုလည်း ပစ်ခတ်လိုက်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်က စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်

နိုဝင်ဘာ၊ ၃   မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတပ်ဖွဲ့တွေအထိုင်ချတပ်စွဲထားတဲ့ ကန်နီရွာက တပ်စခန်းကို နိုဝင်ဘာလ ၂ ရက်၊ မနက်ပိုင်းအချိန်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG ထံမှ သိရပါတယ်။   အင်အား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နိုင်ငံတဝန်းမှာ ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ NUG ကာကွယ်ရေးဌာနပြော

နိုဝင်ဘာ၊ ၃   ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကတည်းက တနိုင်ငံလုံးမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဟန်ချက်ညီစစ်ဆင်ရေးတွေ ဖော်ဆောင်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြောက်ပိုင်းမှာ အထိနာနေတဲ့ စစ်ကောင်စီက ရခိုင်အရပ်ဘက်အဖွဲ့တွေကို ပိုမိုစောင့်ကြည့်လာ

နိုဝင်ဘာ၊ ၃   ရခိုင့်တပ်တော် (AA)ပါဝင်တဲ့ မြောက်ပိုင်းညီနောင်အဖွဲ့ တွေဆီမှာ မြို့နဲ့ တပ်စခန်း ရာချီ သိမ်းပိုက်ခံနေရတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေကို ပစ်မှတ်ထားပြီး ပိုမိုစောင့်ကြည့်လာတယ်လို့ နီးစပ်သူတွေနဲ့ အရပ်ဘက်အဖွဲ့တွေက ပြောကြပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မူဆယ်မှာ ဗုံးခိုကျင်းပြိုကျလို့ သားအမိနှစ်ဦး​သေဆုံး

အောက်တိုဘာ၊ ၃   တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့အနီးက နမ့်ခွမ်ရွာမှာ နိုဝင်ဘာ ၁ ရက်ညပိုင်းက ဗုံးခိုကျင်း ပြိုကျလို့ အဲဒီကျင်းထဲ အိပ်ပျော်နေတဲ့ သားအမိနှစ်ဦး သေဆုံးသွားတယ်လို့ မူဆယ်မြို့ခံ အမျိုးသားတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမြို့၊ မင်းရွာရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

အောက်တိုဘာ၊ ၃   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တောင်ပိုင်း၊ မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်တယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။   ” လက်နက်တွေ [ဆက်လက်ဖတ်ရှုရန်]