ဒေသအလိုက် သတင်းကဏ္ဍ

သထုံမြို့ပေါ် အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့ပေါ်အတွင်း ဒီနေ့မနက် ၅နာရီခွဲကျော်မှာ အဝေးထိန်းမိုင်း၇လုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ သိ ရပါတယ်။ ဒီဖောက်ခွဲမှုကို မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကို ပြုလုပ်ခြင်းဖြစ်ပြီး အခုထက်ပိုပြင်းထန်တဲ့ တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်သွားမယ်လို့ MTHSF ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ‘ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းလျှပ်စစ်ဝန်ထမ်းတွေကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ကြောင်း PDF ကြေညာ

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းရှိ လျှပ်စစ်ဝန်ထမ်းတွေကို စစ်အုပ်စု ရဲ့အလိုတူအလိုပါ အကြမ်း ဖက်သမားတွေအဖြစ် သတ်မှတ်တယ်လို့ ခရမ်းPDF ကထုတ်ပြန်လိုက်ပါတယ်။ ခရမ်းမြို့နယ်ရှိ အကြမ်းဖက်စစ်အုပ်စုနဲ့သူတို့ရဲ့ လက်ပါးစေတွေဟာ ပြည်သူလူထုအပေါ် မီတာခအဆမတန်ကောက်ခံခြင်း ၊ မီတာ မဆောင်တဲ့အာဏာဖီဆန်မှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တွံတေး၊ကံဘဲ့လမ်းဆုံကစလို့ ကော့မှူးဘက်သွားတဲ့လမ်းကို ပိတ်ထား

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊တွံတေးမြို့နယ်၊ကံဘဲ့လမ်းဆုံကစလို့ ကော့မှူး၊ကွမ်းခြံကုန်းဘက်သွားတဲ့လမ်းကို အကြမ်းဖက်စစ်တပ်က လုံးဝပိတ်ထားလိုက်ပြီလို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ၁၉ရက်နေ့က တွံတေးမြို့နယ်၊စမ်းရွာရှိ Mytel တာဝါတိုင်စောင့်စစ်သား၂ယောက်ဟာ စမ်းရွာအနီးရှိ လာကပုံရွာမှာ အသတ်ခံရပြီးနောက် နိုဝင်ဘာ ၂၀ရက်နေ့ ညနေ၃နာရီခွဲကစတင်ကာ ဒီနေ့နေ့ခင်းအထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်နေ KNDFမှ ၄ဦးကျဆုံးပြီး စစ်အုပ်စုက သေဆုံးများပြား

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဟိုဖိတ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ KNDFတို့ တိုက်ပွဲပြင်းထန်နေပြီး KNDFမှ ၄ဦးကျဆုံးခဲ့ရကာ စစ်အုပ်စုဘက်မှလည်း သေဆုံးသူများပြားခဲ့တယ်လို့ KNDFရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်းမီတာမဆောင်ရင် မီတာပုံးအပြီးဖြုတ်သိမ်းမယ်လို့ ခြိမ်းခြောက်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ပဲခူးတိုင်း၊ကဝမြို့နယ်၊သပြုရွာသားတွေကို တစ်ပတ်အတွင်း မီတာခမဆောင်ရင် မီတာပုံးအပြီးဖြုတ်သိမ်းမယ်ဆိုပြီး အကြမ်းဖက်စစ်အုပ်စုဝင်တွေက ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ၂၃ရက်နေ့မှာ အိမ်ခြေ၂၀၀၀ကျော်ရှိတဲ့သပြုရွာတစ်ရွာလုံးကို လျှပ်စစ်ဝန်ထမ်းတွေက အဖွဲ့၅ဖွဲ့ ခွဲပြီး အိမ်တိုင်းကို မီးဖြတ်လိုက်ရုံတင်မက အဲဒီလို ခြိမ်းခြောက်တာတွေလည်း ရှိတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမြို့မှာ ဗုံးတွေဆက်တိုက်ပေါက်ကွဲနေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ဒီ​နေ့ မနက်ကတည်းက အနေရာအနှံ့အပြားမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲနေပြီး အကြမ်းဖက်စစ်အုပ်စုကလည်း အင်အားအများအပြားနဲ့ ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုထုတ်ကုန် မသုံးစွဲရေးကမ်ပိန်း အားကောင်းနေ

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ကို အဓိကလှုံ့ဆော်တဲ့ ကမ်ပိန်းဟာ ပြည်သူ့လူမှုကွန်ရက်စာမျက်နှာပေါ် အားကောင်းစွာနဲ့ အသက်ဝင်လှုပ်ရှားနေပါတယ်။ စစ်အုပ်စုပိုင် ထုတ်ကုန်တွေကို မရောင်းကြမဝယ်ကြဖို့ အမျိုးသားနေ့ လူထုလှုပ်ရှားမှုရက်သတ္တပတ် ကမ်ပိန်းကို နိုဝင်ဘာလ ၂၇ ရက်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့နယ်က ရွာ၇ရွာကို မီတာမဆောင်လို့ စစ်အုပ်စုမီးဖြတ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း မီတာခမဆောင်လို့ ရွာလုံးကျွတ်မီးဖြတ်ခံရတဲ့ရွာ၇ရွာ ရှိပြီ လို့သိရပါတယ်။ အဲဒီရွာ၇ရွာမှာ တမံကြီးရွာ၊ပိန်းကန်ရွာ၊ပန်းတောချောင်ရွာ၊ကမာဖလိန်းရွာ၊ထိန်ပင်ကွင်းရွာ၊အုတ်ဖိုရွာနဲ့ ဝန် လေးဝရွာ တို့ဖြစ်ပြီး ဒီစာရင်းဟာ ခရမ်းချန်နယ်က အတည်ပြုရရှိထားတဲ့စာရင်းဖြစ်တယ်လို့ သိရပါတယ်။ ‘လျှပ်စစ်ရုံးက ဘယ်အိမ်ကိုမှမလာဘူး။မီတာလည်းလာမဖတ်ဘူး။ပြီးတော့ မီတာခဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမျိုးသမီးနဲ့မိန်းကလေးငယ်အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်တပ်သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးထုတ်ပြန်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အမျိုးသမီးနဲ့မိန်းကလေးငယ် အနည်းဆုံး ၈၅ဦးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်ခဲ့တယ်လို့ ဗြိတိန်သံရုံးရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ အမျိုးသမီးတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကျူးလွန်ခဲ့ကြောင်း အစီရင်ခံစာ အများအပြား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာနိုင်ငံအတွက် ကုလမှာကိုယ်စားပြုမယ့်နေရာ ရှေ့လမှာ ဆွေးနွေးမယ်

၂၅၊ နိုဝင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှာ ကိုယ်စားပြုမယ့်နေရာကို ကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီ (Credentials Committee) က ဒီဇင်ဘာ၁ရက်နေ့ ဆွေးနွေးမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်နေရာနဲ့ တာလီဘန်တွေ တကျော့ပြန် အာဏာရခဲ့တဲ့ အာဖဂန်နစ္စတန် နိုင်ငံအတွက် [ဆက်လက်ဖတ်ရှုရန်]