နိုင်ငံရေး

ဧရာဝတီတိုင်းတည်ငြိမ်နေတယ်လို့ စစ်ခေါင်းဆောင်မာန်ဝင့်နေ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းစစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေပြီး မငြိမ်မသက်မှုတွေဖြစ်နေချိန်မှာ ဧရာဝတီတိုင်းဒေသကြီးက တည်ငြိမ်အေးချမ်းနေပြီး ဘက်ပေါင်းစုံကောင်းမွန်နေတဲ့အနေအထားဖြစ်နေလို့ ကျေနပ်မှုရှိတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။ ဧရာဝတီတိုင်းဒေသကြီးဟာ ကျောင်းတက်သူရာခိုင်နှုန်းအများဆုံးဖြစ်သလို အောင်ချက်လည်းကောင်းနေပြီးဘက်ပေါင်းစုံက ကောင်းမွန်တဲ့အနေအထားဖြစ်နေတဲ့အတွက် အားကိုးရတယ်လို့လည်း မနေ့ ဖေဖော်ဝါရီ၈ရက်နေ့ကစစ်ကောင်စီလက်အောက်ခံ တိုင်းဒေသကြီးအစိုးရနဲ့တွေ့ဆုံချိန်ပြောကြားခဲ့တာပါဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီလက်အောင်ခံတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိန္ဒိယမှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ရှောင်တွေအတွက် အကျဉ်းထောင်မှာ ထိန်းသိမ်းရေးစခန်းဖွင့်

  အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ဘေးရှောင်တွေအတွက် အင်ဖာခရိုင် Sajiwa အကျဉ်း ထောင်မှာ နိုင်ငံခြားသား ထိန်းသိမ်းရေးစင်တာ (FDC) ကို ဖေဖော်ဝါရီ ၆ ရက်က ဖွင့်လိုက်တယ် လို့ ဒေသတွင်း သတင်းတွေမှာဖော်ပြထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေမှာ စစ်ကောင်စီ ဝန်ကြီးတွေ ရောက်နေချိန် ဒေသခံတဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီး

ရခိုင်ပြည်နယ် စစ်တွေမြိုက လေယာဉ်ကွင်းဆင်းလမ်းမှာ စခန်းချထားတဲ့ စစ်သားတွေက အဲဒီအနားက မိတ္တူ ဆိုင်မှာ မိတ္တူလာကူးတဲ့ လူငယ်တဦးကို သေနတ်နဲ့ ပစ်ခတ်ကာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်ဒေသခံ တွေက DNA ကို ပြောပါတယ်။ “အဲ့ဒီနားက လုံခြုံရေးယူနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေလို့ ရွှေပြည်အေးမြို့ကို ဒေသခံအများစု မပြန်ရဲသေး

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်မှာ PDF နဲ့မဟာမိတ်တပ်ဖွဲ့တွေ မြို့ကို စွန့်ခွာ သွားပြီးနောက် စစ်အုပ်စုက အင်အား အများအပြားနဲ့ ဝင်ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်နေ တဲ့ အတွက် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘူးလို့ ဟုမ္မလင်းမြို့ခံတွေက ပြောပါတယ်။ စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်ထုမှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲခံရ၊ ထိခိုက်သေဆုံးမှုရှိ

မကွေးတိုင်း၊ ယောဒသ ကျောက်ထုမြို့နယ်ထဲလှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီ ၇ ရက် မနက်ဆယ်နာရီဝန်းကျင်က ကျောက်ထုမြို့နဲ့ ငလွန်းကျေးရွာကြားမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ” တံတားနားဝန်းကျင်မှာဆွဲခံရတာ၊ သုံးယောက်က အပေါ်ထိမြောက်တက်သွားတာဆိုတာကိုး။ အသားစတွေ၊သွေးတွေတောင်ရှိသေးတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးက နေရာလေးနေရာမှာ ဗုံးတွေဆက်တိုက်ကွဲလို့ စစ်တပ်က မြို့တွင်းမြို့ပြင်လုံခြုံရေးတင်းကျပ်ထား

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ မနေ့က ဖေဖော်ဝါရီလ၇ ရက် ည ၈ နာရီဝန်းကျင်မှာ မြို့တွင်း လေးနေရာမှာ ဗုံး ၅ လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ စစ်တပ်က မြို့တွင်းမြို့ပြင် လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ပေါက်ကွဲမှုတွေဟာ ပဲခူးမြို့၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
နိုင်ငံရေး

မန္တလေးတိုင်းမှာတပတ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သုံးဦး ပစ်သတ်ခံရ

မန္တလေးတိုင်းအတွင်းမှာ ဒီလ ဖေဖော်ဝါရီ ၁ ရက်ကနေ၇ ရက် အထိ ရက်သတ္တပတ်အတွင်း စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချူပ်ရေးမှူး သုံးဦး ပစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလပထမပတ်အတွင်း DNA ကပြုစုထားတဲ့ စာရင်းတွေအရ ၄ ရက်နေ့မှာ တကြိမ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရိက္ခာလမ်းကြောင်းတွေဖြတ်တောက်ခံရလို့ တနင်္သာရီ စစ်ရှောင်တွေ စားသောက်ရေး ခက်ခဲလာ

တနင်္သာရီတိုင်းအတွင်းက စစ်ရှောင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီက စားနပ်ရိက္ခာသယ်ယူရေးလမ်းကြောင်းတွေကို ဖြတ်တောက်နေတာကြောင့် နေထိုင်စားသောက်ရေးအတွက်အခက်အခဲတွေဖြစ်လာနေတယ်လို့ ဒေါနတနင်္သာရီ-စစ်ရှောင်အ ထောက်အကူပြုအဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။ “အခုလက်ရှိအခြေအနေအရ စကစဘက်က ကျွန် တော်တို့ ရိက္ခာပို့တဲ့လမ်းကြောင်းတွေကို ဖြတ်တောက်တဲ့အနေအထားတွေ တွေ့လာရတယ်၊အဲ့လိုအနေအထားမှာ ကျွန်တော်တို့က သူတို့(စစ်ရှောင်တွေ)ရဲ့ရိက္ခာအတွက်ကို ကိုယ်တိုင်ကိုယ်ကျပြင်ရမယ့်အနေ အထားတွေရှိလာတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထီးလင်း PDF က စစ်သားနှစ်ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းမိ၊ထွက်ပြေးလို့ပစ်ခတ်ရာမှာ သေဆုံး တယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်ထဲက ကျေးရွာတရွာမှာ အရပ်သားအသွင်ယူလာတဲ့ စစ်ကောင်စီ ထောက်လှမ်းရေး သုံးဦးကို စစ်ဆေးဖမ်းမိပြီးနောက် ထွက်ပြေးဖို့ကြိုးစားလို့ ပစ်ခတ်ရာက သုံးဦးလုံး သေဆုံးသွား တယ်လို့ PDF ဂန့်ဂေါခရိုင်တပ်ရင်း တခုဖြစ်တဲ့ YRA က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်အပါအဝင် မြို့နယ်တချို့မှာ ဆရာဝန်တွေကို CDM ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့ တိုက်စစ်နေ

ရန်ကုန်က မြို့နယ်တွေနဲ့ နယ်မြို့တချို့က ဆေးရုံ၊ ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်နဲ့ ဆေးဝန်ထမ်းတွေကို CDM လုပ်ထားသူ ဟုတ်မဟုတ် ဆမ နံပါတ်တွေနဲ့တိုက်ဆိုင် စစ်ဆေးနေတယ်လို့ DNA က စုံစမ်း သိရှိရပါတယ်။ ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းကြီးတွေမှာတင်မက [ဆက်လက်ဖတ်ရှုရန်]