နိုင်ငံရေး

ကိုရီးယားသင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲမှာ မြန်မာလုပ်သားငါးရာကို ပုဂ္ဂလိက အေဂျင်စီတွေက တဆင့်ခေါ်ဖို့ရှိ

တောင်ကိုရီးယားနိူင်ငံက သင်္ဘောကျင်းလုပ်ငန်းအတွက် ဒီနှစ်ထဲပုဂ္ဂလိကအေဂျင်စီတွေကတဆင့် မြန်မာလုပ်သား (၅၀၀) ခေါ်ယူသွားဖို့ရှိတယ်လို့ အဲဒီနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီး မြန်မာအလုပ် သမားအရေးလူပ်ရှားနေတဲ့အဖွဲ့တွေကပြောပါတယ်။  တောင်ကိုရီးယားနိုင်ငံဟာ မြန်မာလုပ်သားတွေကို EPSစနစ်နဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ ကတဆင့်ခေါ် ယူနေရာက သင်္ဘောကျင်းလုပ်ငန်းအတွက်အလုပ်သမားကိုတော့ ပုဂ္ဂလိကအေဂျင်စီတွေဆီကခေါ်ယူမှာဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီလုပ်ငန်းအတွက် မနှစ်က မြန်မာအလုပ်သမား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံအမှု စစ်ကောင်စီတရားလွှတ်တော်ချုပ် ပယ်ချ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားတယ်ဆိုပြီး စီရင်ချက်ချထားတဲ့ အမှု နှစ်မှု အတွက် အယူခံတင်သွင်းမှုကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဖေဖော်ဝါရီလ ၁၅ ရက်၊ မနေ့က ပယ်ချလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လေကြောင်းကို ကင်းထောင်ပေးဖို့ ပြည်သူတွေလိုအပ်နေတယ်လို့ NUG ပြော

အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုတင်ကာကွယ်နိုင်ဖို့  လေကြောင်းကင်းထောက်အဖြစ် တာဝန်ထမ်းဆောင်နိုင်ဖို့ ပြည်သူတွေလိုအပ်နေတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ဖေဖော်ဝါရီ ၁၆ ရက်မှာထုတ်ပြန်လာတယ်။ စစ်တပ်ရဲ့လေကြောင်းလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့အတွက် လေတပ်စခန်းတွေအပါအဝင် လေယာဉ်ကွင်း၊ ရဟတ်ယာဉ်ကွင်းတွေကို ပုံမှန်စောင့်ကြည့်သတင်းပေးပို့တာတွေလေကြောင်းသွားလာမှုလမ်းကြောင်းတလျောက် သတင်းပေးပို့မယ့်ပြည်သူတွေကိုဖိတ်ခေါ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချေးငွေနွံထဲက စစ်ကောင်စီရဲ့ သံမဏိစီမံကိန်းတွေဘာကြောင့်လည်ပတ်ဖို့ ကြိုးစားနေတာလဲ

စီးပွားရေးအရ တွက်ချေမကိုက်ရုံပဲ ချေးငွေတွေနဲ့  လည်ပတ်မယ့် ရှမ်းပြည်နယ်က ပင်းပက်နဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့က သံမဏိစက်ရုံတွေကို အာဏာသိမ်းစစ်ကောင်စီ ဒီနှစ် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်ထဲမှာ  လည်ပတ်နိုင်ဖို့ကြိုးစားနေပါတယ်။ နိင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုကို ခံနေရတဲ့ စစ်ကောင်စီဟာ ပင်းပက်- [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နဂါးနီစစ်ကြောင်းကို NUG လက်နက်တပ်ဆင်ပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသက စစ်ဒေသခွဲအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ နဂါးနီစစ်ကြောင်းကိုသွားရောက်ပြီး တိုက်ပွဲဝင်ရဲဘော်တွေကို လက်နက်တပ်ဆင်ပေးတဲ့အကြောင်း နဂါနီစစ်ကြောင်းက မနေ့ဖေဖော်ဝါရီ ၁၅ ရက်နေ့ကသတင်းထုတ်ပြန်လာပါတယ်။ NUG ရဲ့ တောင်ပိုင်းစစ်ဒေသခက ဒုစစ်ဒေသမှူး ရဲဘော်စောရှားနဲ့ တောင်ပိုင်းစစ်ဒေသတာဝန်ရှိသူတွေက နဂါးနီစစ်ကြောင်းကိုသွားရောက်ပြီး လက်နက်တပ်ဆင်ပေးခဲ့တာဖြစ်ပြီး ၂နှစ်ကျော်ကာလအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်ချုပ်ရေး ကြေညာချက်ကြောင့် ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်၊ မင်္ဂလာပွဲ၊ နာရေးကအစ စစ်ကောင်စီကိုခွင့်တောင်းနေရ

စစ်အုပ်ချုပ်ရေး ကြေညာခံထားရတဲ့ ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ဖို့၊ မဂ်လာပွဲကျင်းပဖို့နဲ့ နာရေးအခမ်း အနားတွေလုပ်ဖို့ကအစ စစ်ကောင်စီကို ခွင့်တောင်းနေရပြီးခွင့်ပြုမှသာ လုပ်ခွင့်ရတယ်လို့ ဒေသခံတွေ DNA ကို ပြောပါတယ်။  “ဖေဖော်ဝါရီ လေးရက်နေ့ကစလို့ လူငါးဦးထက်ပိုမစုရဆိုတဲ့အမိန့်မှာ အကြုံးဝင်တဲ့သဘောဖြစ်နေတော့ သာရေး နာရေးတွေပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ဗကသ အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်ဖမ်းဆီးခံရ

စစ်တပ်က အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ သမဂ္ဂ အဖွဲ့ ချူပ် အဖွဲ့ဝင်ကျောင်းသား ကိုးဆယ်ကျော်လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ဗကသ များအဖွဲ့ချုပ်ဗဟိုအမှုဆောင်တွေက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီကနေ့အထိဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဗကသကျောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းနိုင်ငံဒူးရင်းခြံတွင်းသတ်ဖြတ်ခံထားရတဲ့မြန်မာ နှစ်ဦးရဲ့ရုပ်အလောင်းများတွေ့ရှိ

ထိုင်းတောင်ပိုင်း ချွန်းဖွန်းခရိုင် ချွန်းဖွန်းမြို့နယ်ရှိ ဒူးရင်းသီးခြံထဲမှာ ဖေဖော်ဝါရီ ၁၄ ရက် မနက်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ မြန်မာအလုပ်သမားအလောင်း ၂ လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ တံဗွန်ဗန်းနာမြို့နယ်၊ဆွမ်ဖွမ်ခရိုင် အိမ်ယာ ၈၊ဗန်နိုင်ငွန်ရွာ က၂၅ဧက ကျယ်ဝန်းတဲ့ဒူးရင်းသီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျဆုံးရဲဘော် ခုနှစ်ဦးအတွက် လက်စားချေတဲ့အနေနဲ့ မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေ

ဖေဖော်ဝါရီ ၁၅   စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနဲ့ ပုလဲအစပ်မှာ ရဲဘော် ၆ ဦးနဲ့ ပကဖ ၁ ဦး သေဆုံးခဲ့ခြင်းအပေါ် ဒေါင်းနက်ပြောက်ကျားအဖွဲ့က သွေးကြွေးအတွက်ပြန်လည်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သားလေးဦး သေဆုံးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း၁၀-ဒေါင်းနက်နယ်စည်းမခြားပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အထည်ချုပ်စက်ရုံပိုင်ရှင်နှစ်ဦးကိုအလုပ်သမားနှစ်ဦးက နစ်နာမှုအတွက်တရားစွဲ

  ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်က အထည်ချုပ် စက်ရုံတွေဖြစ်တဲ့ YFA နဲ့  Kingsrich Myanmar အထည်ချုပ်စက်ရုံ ပိုင်ရှင်တွေက မတရား အလုပ် ထုတ်ပယ်ခဲ့တာကြောင့် နစ်နာခဲ့တဲ့ အလုပ်သမား နှစ်ဦး အဲ့ဒီစက်ရုံပိုင်ရှင်တွေကို ရွှေပြည်သာ မြို့န ယ်တရားရုံးမှာ [ဆက်လက်ဖတ်ရှုရန်]