ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းရဲစခန်းနဲ့ပညာရေးမှူးရုံးကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်း အကြမ်းဖက်သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ခရမ်းမြို့၊မြို့မရဲစခန်းနဲ့ ပညာရေးမှူးရုံးတို့ကို အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ယမန်နေ့ည၈နာရီမိနစ်၂၀မှာ ခရမ်းPDF က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုရှိပေမဲ့ အသေးစိတ်အချက်အလက်ကိုမသိရသေးဘူးလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ် ကဖော်ပြပါတယ်။ ကြည့်မြင်တိုင်သွေးကြွေးကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပန်းပင်ကြီးလမ်း အကြမ်းဖက်သတ်ဖြတ်မှုကို ထိတ်လန့်တုန်လှုပ်မိတယ်လို့ အမေရိကန်သံရုံးထုတ်ပြန်

၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ရန်ကုန်၊ကြည့်မြင်တိုင်၊ပန်းပင်ကြီးလမ်းမှာ ဖြစ်ပွားခဲ့တဲ့ ကားနဲ့တိုက်၊သေနတ်နဲ့ပစ်သတ်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထေင်စုအနေနဲ့ ထိတ်လန့်တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် ရက်စက်စွာအကြမ်းဖက်နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ အားလုံးပါဝင်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိ‌ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့အကြောင်း မီးမောင်းထိုးပြနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်အုပ်စု အကြမ်းဖက်မှုရပ်ဖို့ ဖိအားပေးရေး ၄နိုင်ငံခရီးစဉ်မှာ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဆွေးနွေး

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink ရဲ့ အာဆီယံ၄နိုင်ငံ ခရီးစဉ် အတွင်း မြန်မာအကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေရပ်ဖို့ ဘယ်လိုဖိအားပေးမလဲ ဆိုတာကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးဟာ အင်ဒိုနီးရှား ၊မလေးရှားနဲ့ စင်ကာပူကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တီးတိန်မြို့ တော်လှန်ရေးဦးဆောင်တစ်ဦး လုပ်ကြံခံရ

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် တီးတိန်မြို့က နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦးဖြစ်တဲ့ Pa Cin Sian Sum ကို အမည်မသိလက်နက်ကိုင်တစ်စုက လာရောက်လုပ်ကြံခဲ့တာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ [ဆက်လက်ဖတ်ရှုရန်]

သတင်းဒိုင်ဂျက်

သတင်းဒိုင်ဂျက်(နိုဝင်ဘာ၂၈-ဒီဇင်ဘာ၄) 

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မုံရွာအောင်ရှင်ဆုံးပြီတဲ့။မနက်ခင်းမိုးလင်းရုံရှိသေး၊အလင်းလိုမြန်တဲ့ ဖေ့စ်ဘွတ်ခ်တခွင် ကြားရတဲ့သ တင်းက အဲဒီလို။မုံရွာအောင်ရှင်ရဲ့ စတင်ရာအရပ်က ကဗျာဆရာ။ ပြီးတော့NLDရဲ့ အစကနေ သေတဲ့အထိ ခိုင်မာခဲ့တဲ့ NLD။ဖ အာဏာသိမ်းတဲ့မနက်မှာပဲ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးဖြစ်တဲ့ မုံရွာ အောင်ရှင်ဟာလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NLD နာယက ဦးတင်ဦးကို စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သွားတွေ့

၅၊ဒီဇင်ဘာလ၊ ၂၀၂၁။ NLDပါတီရဲ့ နာယကတစ်ဦးဖြစ်သူ ဦးတင်ဦးကို အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ရန်ကုန်နိုင်ငံရေးအသိုင်းဝန်းကနေ သိရပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၅ရက်နေ့ မနက် ၉နာရီ ၃၀မိနစ်ခန့်မှာ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်က သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပြီး နိုင်ငံရေးအကြောင်းတွေကို ပြောဆိုခဲ့ခြင်းမရှိကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU တပ်မဟာ(၅) ထိန်းချုပ်နယ်မြေအတွင်းက ၃ရက်တာတိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၆ဦးသေ

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA အမှတ်(၅) တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်းမှာ ဒီဇင်ဘာလ ၁ရက်နေ့ကနေ ၃ရက်နေ့အတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက ၆ဦးသေဆုံးခဲ့တယ်လို့ KNUမူတြော်သတင်းစဉ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

ခွေးပြေးဝက်ပြေး ငရဲထိပြေး (သရော်စာ)

၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တော်ကီ့ဘကြီးက ရွာမှာမွေး ရွာမှာကြီး ရွာကမိန်းမယူပြီး ရွာအလုပ် လယ်ယာကိုင်းကျွန်းနဲ့ ရွာမှာ ကြီးပွားနေသူ။ပြီးတော့ ဘကြီဂက စာလေးပေလေးလည်း လက်လှမ်းမီသလောက် ဖတ်မှတ်ရတာဝါသနာ ပါ သလို သက်တော်က ၈၀လားနေပြီမို့ ဘဝအတွေ့အကြုံသည်လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တာဝန်မထမ်းဆောင်ဖို့ သထုံရုံးဝန်ထမ်းတွေကို နောက်ဆုံးအကြိမ်သတိပေး

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ရုံးပေါင်းစုံက ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဒီဇင်ဘာ၆ရက်ကစပြီး အာမခံတော့မှာမဟုတ်ဘူးလို့ မွန် သထုံအထူးကာ ကွယ်ရေးအဖွဲ့ (MTHSF)က ဒီကနေ့ သတိပေးလိုက်ပါတယ်။ စစ်အုပ်စုအုပ်ချုပ်ရေးမဏ္ဍိုင် ဆက်လက်လည်ပတ်နိုင်ရေးနဲ့ အခွန်ငွေတွေ တိုက်ရိုက်စီးဆင်းအောင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စိတ်ဓာတ်ကျနေပြီး စစ်ရေးညံ့တဲ့ အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင်ရဲ့အနာဂတ်ကို အကြီးဆုံးစိန်ခေါ်နေ

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ စိတ်ဓာတ်ကျဆင်းနေပြီး စစ်ရေးစွမ်းရည် ချို့တဲ့နေတဲ့အကြမ်းဖက်စစ်တပ်ဟာ မင်းအောင်လှိုင် ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ အငြိမ်းစား တပ်အရာရှိကြီး တစ်ဦးကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ထဲက အဂတိလိုက်စားခွင့်မရသူများစွာရဲ့ မိသားစုတွေဟာ လူစဉ်မှီ စားနပ်ရိက္ခာမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေရသလို [ဆက်လက်ဖတ်ရှုရန်]