ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက္ကော်နဲ့ သထုံမြို့အဝင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေ

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကျိုက္ကော်ဝန်းကျင်နဲ့ သထုံမြို့အဝင် ပေါ်တော်မူဂိတ်တို့မှာ တင်းတင်းကျပ်ကျပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းကစပြီး သထုံမြို့နယ်၊ ဝီယော်ရွာဘက်မှာ KNLA နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဝီယော်ဘက်ကနေ ကျိုက္ကော်လာတဲ့သူတွေကို အကြမ်းဖက်စစ်တပ်က တင်းတင်းကျပ်ကျပ် စစ်ဆေး‌နေခြင်းဖြစ်ကြောင်း ကျိုက္ကော်ဒေသခံတစ်ဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပင်လောင်းရဲစခန်းက မူးယစ်တပ်ဖွဲ့ ဒုတပ်ကြပ်ရဲမေ အလင်းဝင်

ရှမ်းပြည်နယ်၊ ပင်လောင်းရဲစခန်း၊ မူးယစ်တပ်ဖွဲ့က ဒုတပ်ကြပ် ရဲမေတစ်ဦး ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF) ထံ ခိုလှုံလာတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒုတပ်ကြပ် ဝီတိုရီယ (ခ) သိုးကလေးဟာ ဒီကနေ့မနက်ပိုင်းမှာ KDF ထံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုပိုဆိုးလာနေတယ်လို့ WHO ပြော

မြောက်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အခြေအနေ ပိုပြီးဆိုးရွားလာနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHOအနေနဲ့ ယူဆကြောင်း ကုလသမဂ္ဂကျန်းမာရေးအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။ ကိုဗစ်ကူးစက်မှု တဖြည်ဖြည်းလျော့ကျလာပြီလို့ မြောက်ကိုရီးယားအာဏာပိုင်တွေက ကြေညာထားပေမယ့် WHO က အခုလို ထုတ်ပြန်လိုက်တာပါ။ “မြောက်ကိုရီးယားရဲ့ မြေပြင်အခြေအနေဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မေလအတွင်းစစ်အုပ်စုဝင် ၇၅ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း မြောင်အမျိုးသမီးတပ်ရင်းပြေ

မေလတစ်လတာအတွင်း မဟာမိတ်တွေနဲ့ပူးပေါင်းစစ်ဆင်ရေး ၇ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုဝင်၇၅ဦးကိုချေမှုန်းနိုင်ခဲ့ကြောင်း အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)က ထုတ်ပြန်ပါတယ်။ အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းစစ်ဆင်ရေးအပြင် မဟာမိတ်တွေရဲ့ စစ်ဆင်ရေးအတွက် မိုင်း ပံ့ပိုးမှုနဲ့ အားဖြည့်ဆောင်ရွက်နေတယ်လို့ လည်းဆိုပါတယ်။ အဲဒီလို စစ်ရေးဆိုင်ရာအရှိန်မြှင့်ဆောင်ရွက်နေသလို တခြားတစ်ဖက်မှာလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးတွင်းရောက်ပေမဲ့တိုက်ပွဲတွေ မပြတ်သေးလို့ ဒုက္ခသည်တွေ အခြေအနေပိုဆိုးနိုင်ကြောင်းကုလပြော

မိုးတွင်းကာလကိုရောက်လာပေမဲ့ တိုက်ပွဲတွေမပြတ်သေးတဲ့အတွက် ဒုက္ခသည်တွေရဲ့ အခြေအနေပိုဆိုးလာစရာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephen Dujerric က ဇွန်လ၁ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ အခုနှစ်ဧပြီလကစပြီး မိုးရွာသွန်းမှုကြောင့် ရခိုင်၊ ကချင်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ ရဲကား မိုင်းဆွဲခံရ၊၄ဦးပွဲ ချင်းပြီးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း အကြမ်းဖက်ရဲကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ဦးပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဇွန်၁ရက်နေ့၊မွန်းလွဲ ၂နာရီခွဲလောက်က စစ်ကိုင်းကနေထွက်လာတဲ့ ရဲကားတစ်စီးကို မြင်းမူမြို့နယ် နပဲကြူးဇရပ် နဲ့ ကန်ပြားဇရပ်ကြားမှာ မိုင်းဆွဲခဲ့ခြင်းဖြစ်ကြောင်း Moe Nyo Revolution Force [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆေးရုံ၊ကျောင်းနဲ့ကလေးတွေကို ပစ်မှတ်ထားတိုက်ခိုက်လာပါက စစ်အုပ်စုလက်ချက်လို့ ကဝPDF ပြော

အရပ်သားပြည်သူ၊ဆေးရုံ၊ စာသင်ကျောင်း၊ ကျောင်းသားနဲ့ ကလေး တွေကို ပစ်မှတ်ထားတိုက်ခိုက်မှုရှိလာပါက အကြမ်းဖက် စစ်အုပ်စုလက်ချက်သာဖြစ်ကြောင်း ကဝPDF ကဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ အခုအချိန်မှာ အကြမ်းဖက်စစ်အုပ်စုဟာ အခြေခံပညာကျောင်းတွေကို ဗန်းပြပြီး တော်လှန်ရေး တပ်ဖွဲ့တွေက ကျောင်းတွေ၊ကျောင်းသားတွေနဲ့ ကလေးသူငယ်တွေကို တိုက်ခိုက်နေသယောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့တွင်းမှာ ပြည်သူတွေ အသွားအလာမပျက်

ဒီကနေ့ ရန်ကုန်မြို့တွင်း ပြည်သူတွေရဲ့ သွားလာမှုအခြေအနေဟာ ပုံမှန်အတိုင်းအပြောင်းအလဲမရှိဘူးလို့ သိရပါတယ်။ မေလ ၃၁ ရက်နေ့၊ ရန်ကုန်မြို့တွင်း၊ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းအနီး၊ အနော်ရထာလမ်းပေါ်က ဘားလမ်း ကားမှတ်တိုင် ဗုံးပေါက်ကွဲမှုကြောင့် ကားစောင့်နေတဲ့ ပြည်သူ တစ်ဦးသေဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုမှုတွေကိုအသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း NUG ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူပြုလုပ်မှုများအား တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရကဒီနေ့ရက်စွဲနဲ့ အသိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းအပေးအယူပြုလုပ်မှုတွေကို တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံခြင်းမှာ မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာချက်အမှတ် ၁၁/၂၀၂၂ ကို ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUG လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း အပ်နှံ

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ တစ်နာရီအတွင်း ကျောင်းသားတစ်သိန်း ကျောင်းအပ်နှံခဲ့ကြောင်း သိရပါတယ်။ NUG ပညာရေးစနစ်အတိုင်း KG တန်းကနေ Grade11 အထိ အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကို အွန်လိုင်းကနေ သင်ကြားပေးမယ့် [ဆက်လက်ဖတ်ရှုရန်]