
ဩဂုတ်လ ၂၄၊ ၂၅ ရက်နေ့တွေမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းတာမျိုးကလွဲရင် မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာနိုင်ချေသာ ရှိနေပါတယ်။
၂၃၊ဩဂုတ်
မုတ္တမ ပင်လယ်ကွေ့ကနေ ဝင်ရောက်လာတဲ့ မုတ်သုန်လေတွေကြောင့် ရုတ်တရက် မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းနဲ့ ပင်လယ်ဝအနီး မြို့နယ်တွေဖြစ်တဲ့ ကျောက်တန်း၊ သုံးခွ၊ ကွမ်းခြံကုန်းက မြေနိမ့်ပိုင်း ဒေသတွေအနေနဲ့ ရေကြီးရေလျှံမှုတွေကို ဂရုစိုက်ဖို့လိုတယ်လို့ မိုးဇလ ပညာရှင်တွေက သတိပေးထားပါတယ်။
မိုးဇလပညာရှင် ဦးဝင်းနိုင်က “ မုတ္တမကွေ့ကနေ တိုးဝင်လာမယ့် မိုးတိမ်ထုနဲ့ ပင်လယ်ဒီရေတက်ချိန် တိုက်ဆိုင်ရင် မြစ်ဝ/ချောင်းဝအနီးက မြေနိမ့်ပိုင်းတွေမှာ ဒီရေ/မိုးရေ လျှံတက်တာတွေဖြစ်နိုင်တယ် ” လို့ ဆိုပါတယ်။
ယခုရက်သတ္တပတ်အတွင်းမှာတော့ သိသိသာသာမိုးနည်းသွားဖို့ရှိနေပြီး ဩဂုတ်လ ၂၄၊ ၂၅ ရက်နေ့တွေမှာ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းတာမျိုးကလွဲရင် မိုးအနည်းငယ်ကနေ အသင့်အတင့်ရွာနိုင်ချေသာ ရှိနေပါတယ်။
မြန်မာနိုင်ငံ မိုးဇလဌာနကတော့ နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုထားပေမယ့် မိုးရေချိန်များများရွာသွန်းနိုင်ချေတော့ မရှိသေးဘူးလို့ မိုးဇလ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
#ကျောက်တန်း #သုံးခွ #ကွမ်းခြံကုန်း #ရေကြီးရေလျှံ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်