
“အရောင်းအဝယ်မှား မဖြစ်ရအောင် သတိပေးတဲ့ သဘောပါ။ လိမ်လည်တဲ့ မြေပြင်က သတင်းတွေ ကြားလာရတာ” လို့ မြို့ပြနဲ့ အိုးအိမ် ဦးစီးဌာနရဲ့ ဦးစီးအရာရှိ တဦးက ပြောပါတယ်။
၂၂၊ဩဂုတ်
ရန်ကုန်မြို့က ကျန်စစ်မင်းအိမ်ရာနဲ့ ယုဇနအပိုင်း(၃)အိမ်ရာတွေမှာ အခန်းဝယ်ခွင့် ရမယ်ဆိုပြီး လိမ်လည်တာတွေ ရှိနေပါတယ်။ အိမ်ရာဝယ်မယ့်သူတွေက အိုးအိမ်ဘဏ်မှာ ငွေအပ်နှံထားပြီး ဝယ်ယူခွင့် လျှောက်ထားကာ အစဥ်လိုက်အတိုင်း သတ်မှတ် အရစ်ကျနှူန်းနဲ့ ရောင်းချပေးနေတဲ့ လုပ်ငန်းစဉ်မှာ လိမ်လည်မှုတွေ ရှိနေတာပါ။
“ကိုယ့်အလှည့် အစောဆုံးကျပြီး ဝယ်ခွင့်ရအောင်လုပ်ပေးမယ်ဆို ပြောလိမ်နေတာလို့ ကြားတယ်။ ဌာနကသူ ပါမပါ မပြောနိူင်ဘူး ” လို့ အိမ်ဝယ်ဖို့ အလှည့်ကျ စောင့်နေသူ တဦးက ပြောပါတယ်။
အခန်းဝယ်ယူခွင့် လျှောက်လွှာတင်ထားသူတွေ အခန်းရမယ်ဆိုကာ လိမ်နေတာဖြစ်ပြီး ဌာနအနေနဲ့ လျှောက်လွှာတင်ထားသူတွေထဲက ဝယ်ခွင့်ရသူကို နေပြည်တော်ရုံး ဖုန်းနံပါတ်နဲ့ပဲ ဆက်သွယ် အကြောင်းကြားသွားမှာလို့ ဆိုပါတယ်။
မြို့ပြနဲ့အိုးအိမ်ဦးစီးဌာကလည်း အိမ်ခန်းလျှောက်လွှာ တင်ပေးမယ်၊ အိမ်ခန်းရမယ်ဆိုပြီး လိမ်ညာမခံရအောင် သတိပြုဖို့ အသိပေး ထုတ်ပြန်လာပါတယ်။
“အရောင်းအဝယ်မှား မဖြစ်ရအောင် သတိပေးတဲ့ သဘောပါ။ လိမ်လည်တဲ့ မြေပြင်က သတင်းတွေ ကြားလာရတာ” လို့ မြို့ပြနဲ့ အိုးအိမ် ဦးစီးဌာနရဲ့ ဦးစီးအရာရှိ တဦးက ပြောပါတယ်။
အဲဒီ အိမ်ရာနှစ်ခုကို မြို့ပြနဲ့ အိုးအိမ်ဦးစီးဌာနက ဆောက်လုပ်ပြီး တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အမျိုးအစားအဖြစ် သတ်မှတ်ရောင်းချတာ ဖြစ်ပါတယ်။
ကျန်စစ်မင်းအိမ်ရာကို လှိုင်သာယာမြို့နယ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး အနည်းဆုံး သိန်း ၆၀ ကျော်ကနေ သိန်း ၃၈၀ လောက်အထိရှိကာ သံလျင်က ယုဇနအိမ်ရာ အပိုင်း (၃)မှာ သိန်း၅၀၀ နီးပါး နဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။
#ရန်ကုန် #ကျန်စစ်မင်း #ယုဇန #အိမ်ရာ #လိမ်လည်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ