
ယာဥ်မောင်း အိပ်ငိုက်လို့ ဖြစ်ရတာလို့ ကနဦး ယူဆထားပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူတွေ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
၁၅၊ဩဂုတ်
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ သြဂုတ်၁၅ ရက်မနက်က Elite ယာဥ်လိုင်းရဲ့ အဝေးပြေးကားတစီး လမ်းလယ်ဘလောက်တုံးကို တိုက်မိပြီး တံတားအောက် ထိုးကျခဲ့ပါတယ်။
“ဖြစ်သွားတဲ့အနေအထားက တော်တော်အန္တရာယ်များတာ။ တချိန်ကတံတားအောက်ထိုးကျလို့ ခရီးသည်အသေပျောက်များခဲ့တဲ့အနေအထားမျိုးလေ။ အခုကတော်သေးတာပေါ့” လို့ အဝေးပြေးကားယာဥ်မောင်းတဦးကပြောပါတယ်။
နေပြည်တော်ကနေ ရန်ကုန်ကို အပြန်မိုင်တိုင် ၅၈ မှာ တံတားအောက်ထိုးကျခဲ့တာဖြစ်ပြီးကားပေါ်မှာ ယာဉ်မောင်းအပါအဝင် ၁၅ ဦး လိုက်ပါလာတာလို့ သိရပါတယ်။

ယာဥ်မောင်း အိပ်ငိုက်လို့ ဖြစ်ရတာလို့ ကနဦး ယူဆထားပြီး ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူတွေ မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။
အမြန်လမ်းမှာ ဖြစ်ပွားတဲ့ ယာဉ်မတော်တဆမှု အများစုက ယာဉ်မောင်းအိပ်ငိုက်တာကြောင့်ဖြစ်ပြီး ယာဉ်မောင်းတွေအနေနဲ့ ၂ နာရီဆက်တိုက် မောင်းပြီးတိုင်း ယာဉ်ရပ်နားစခန်းတွေမှာ ခေတ္တနားနေဖို့ လိုတယ်လို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။
#ရန်ကုန် #မန္တလေး #အမြန်လမ်း #အဝေးပြေးကား #ထိုးကျ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ