
ဇလန်းစကီးဟာ ကြာသပတေးနေ့က ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။
၆၊ ဇွန်။
နိုင်ငံနှစ်ခုကြားက စစ်ပွဲကို အဆုံးသတ်ဖို့ ယူကရိန်းခေါင်းဆောင်က လူချင်းတွေ့ဆုံ ဆွေးနွေးဖို့ တောင်းဆိုခဲ့ပြီးနောက်
ရုရှားသမ္မတ ဗလာဒီမာပူတင်က
ဇလန်းစကီးနဲ့ တွေ့ဆုံဖို့ ဘာအကြောင်းမှ မရှိဘူးလို့ ပူတင်က ပြောလိုက်ပါတယ်။
ဇလန်းစကီးဟာ ကြာသပတေးနေ့က ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ပါတယ်။
ယူကရိန်းသမ္မတဟာ အပစ်အခတ်ရပ်စဲရေးကိုလည်း တောင်းဆိုခဲ့ပေမယ့် စာရဲ့ လေသံကတော့ အာခံတဲ့ပုံစံ၊ တခါတရံမှာ လှောင်ပြောင်တဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။
ပူတင်က အဆိုပါစာကို“ရိုင်းစိုင်းတယ်” လို့ ခေါ်ဆိုခဲ့ပြီး တွေ့ဆုံဖို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါတယ်။ ဒါ့အပြင်ဘယ်လို အပစ်အခတ်ရပ်စဲရေးမဆို မလုပ်ခင်မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အရင်လုပ်ရမယ်ဆိုတဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောကြားခဲ့ပါတယ်။
သောကြာနေ့က စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်တဲ့ ရုရှားရဲ့ နှစ်ပတ်လည် စီးပွားရေးဖိုရမ်မှာ စကားပြောစဉ် ဇလန်းစကီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံမလားလို့ မေးမြန်းတဲ့အခါ“လောလောဆယ်တော့ ဘာအကြောင်းမှ မရှိဘူးလို့ မြင်တယ်” လို့ သူက ပြန်ဖြေခဲ့ပါတယ်။
“ဒါဟာ လူချင်းတွေ့ဆုံဖို့ အခြေအနေတွေ ဖန်တီးပေးတဲ့ နည်းလမ်းလား၊ ဒါမှမဟုတ် လူချင်းမတွေ့ရအောင် လုပ်တဲ့ နည်းလမ်းလား။ ကျွန်တော်ကတော့ ဒုတိယအချက်ပဲ ဖြစ်မယ်လို့ ထင်တယ်” လို့ ဆိုပါတယ်။
ပူတင်ရဲ့ တုံ့ပြန်မှုကို ကြားပြီးတဲ့နောက်မှာတော့ ဇလန်းစကီးက ရုရှားဟာ “စစ်ပွဲကိုပဲ ထပ်ပြီးရွေးချယ်နေတယ်” လို့ ပြောခဲ့ပါတယ်။ “သူက စစ်ပွဲကို အဆုံးမသတ်ချင်ရုံသက်သက်ပါပဲ။
ဒီအဖြေကြောင့် ကမ္ဘာပေါ်က လူတော်တော်များများ စိတ်ပျက်သွားကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်” လို့ သူက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဇလန်းစကီးရဲ့ စာနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ပူတင်က အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရင်ယူကရိန်းအတွက် စစ်အင်အား ပြန်စုဖွဲ့ဖို့ အခွင့်အရေး ပေးလိုက်သလို ဖြစ်မှာပဲလို့ သူ့ရဲ့ရပ်တည်ချက်ကို ထပ်ပြောခဲ့ပါတယ်။
တချိန်တည်းမှာပဲ မော်စကိုက ယူကရိန်းအစိုးရဆီကနေလိုချင်တဲ့ လိုက်လျောမှုတွေကလည်း မရသေးပါဘူး။
ရုရှားရဲ့ ရေရှည်ရပ်တည်ချက်ကတော့ ယူကရိန်းအနေနဲ့ ဒိုးနက်စ်၊ လူဟန့်စ်၊ ခါဆွန်နဲ့ ဇာပိုရီရှားဒေသတွေကနေ ဆုတ်ခွာပေးရမှာဖြစ်သလို နေတိုးအဖွဲ့ထဲဝင်ဖို့ ကြိုးပမ်းမှုတွေကိုလည်းစွန့်လွှတ်ရမယ်ဆိုတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ကိဗ်ဘက်ကတော့ ဘယ်နယ်မြေကိုမှ အလျှော့ပေးဖို့ ငြင်းဆန်ထားပါတယ်။ မော်စကိုဘက်ကို အလျှော့ပေးလိုက်ရင် နောင်တချိန်မှာ ထပ်ပြီး ကျူးကျော်ဖို့ ရဲတင်းလာစေလိမ့်မယ်လို့သူတို့က အကြောင်းပြထားပြီး ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်ပြီး ရှစ်နှစ်အကြာမှာ အခုလို အလုံးစုံ ကျူးကျော်မှု ထွက်ပေါ်လာတာကိုလည်း ထောက်ပြထားပါတယ်။
ပြီးခဲ့တဲ့ တရက်အတွင်း ရုရှားရဲ့ ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် ယူကရိန်းမှာ အနည်းဆုံးလူ ၁၃ ဦး သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ကိဗ်မြို့အပြင်ဘက်က နို့ထွက်ပစ္စည်းစက်ရုံတခု ထိမှန်ပြီးနောက် လူလေးဦး သေဆုံးခဲ့သလို ခါဆွန်က စက်သုံးဆီဆိုင်တဆိုင်ကို ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။
Ref – BBC