အုမ်းဖန်ဆေးရုံကို ငွေကြေး လှူဒါန်းတဲ့ မြန်မာရွာသားတွေကို ထိုင်းလူထု ချီးကျူး

 

အုမ်းဖန်ဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုမ်းဖန်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုသမှုလာခံယူကြတဲ့ မြန်မာနိုင်ငံက လူနာတွေကိုဆေးကုသမှုပေးစောင့်ရှောက်မှုကြောင့် လူသိများထင်ရှားတဲ့ ဆေးရုံတရုံ ဖြစ်ပါတယ်။

 

 

၂၇၊ မေ။ 

 

မြန်မာနိုင်ငံဘက်ခြမ်းက ချူကရီရွာသားတွေဟာ ထိုင်းနိုင်ငံ အုမ်းဖန်ဆေးရုံကိုဘတ်ငွေ ၁၄,၀၀၀ လှူဒါန်းခဲ့တာကြောင့် ထိုင်းလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာချီးမွမ်းစကားတွေ တခဲနက်ထွက်ပေါ်နေပြီး ဒါဟာ နယ်စပ်ဖြတ်ကျော်ပြီး ပြသလိုက်တဲ့ လူသားချင်းစာနာထောက်ထားမှုရဲ့ စိတ်လှုပ်ရှားစရာ စံနမူနာကောင်းတခုပဲလို့အများက ပြောဆိုနေကြပါတယ်။

 

အုမ်းဖန်ဆေးရုံက အဆိုပါ အလှူငွေတွေကို ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူနာတွေရဲ့အကျိုးအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ ၂၀၂၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့က သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေတဆင့် သတင်းထုတ်ပြန်ခဲ့ပါတယ်။

 

အဆိုပါ ပို့စ်ဟာ ထိုင်းအင်တာနက်အသုံးပြုသူတွေဆီကနေ နွေးထွေးတဲ့တုံ့ပြန်မှုတွေကို အလျင်အမြန် ရရှိခဲ့ပါတယ်။ 

 

လူမျိုးဘာသာမရွေး ကုသပေးနေတဲ့ ဆေးရုံကဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဝန်ထမ်းတွေအပေါ် ကျေးဇူးသိတတ်တဲ့ ချူကရီရွာသားတွေကို လူအများအပြားက ချီးကျူးခဲ့ကြပါတယ်။

 

တချို့ကလည်း လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားထဲကနေ အခုလို လှူဒါန်းခဲ့တဲ့ အလှူရှင်တွေအတွက် ဆုတောင်းမေတ္တာတွေ ပို့သပေးခဲ့ကြပါတယ်။

 

“ဒီကောင်းမှုကုသိုလ်တွေကြောင့် သူတို့ ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့အချိန်တွေကို ဖြတ်ကျော်နိုင်ပါစေ” လို့ အွန်လိုင်းအသုံးပြုသူ တဦးက မှတ်ချက်ပေးထားပါတယ်။

 

အုမ်းဖန်ဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ အုမ်းဖန်မြို့နယ်မှာ တည်ရှိတာဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ပြီး ဆေးကုသမှုလာခံယူကြတဲ့ မြန်မာနိုင်ငံက လူနာတွေကိုဆေးကုသမှုပေးစောင့်ရှောက်မှုကြောင့် လူသိများထင်ရှားတဲ့ ဆေးရုံတရုံ ဖြစ်ပါတယ်။

 

Ref – Khaosodenglish