ဧပြီ၊ ၃၀
ဧရာဝတီတိုင်း၊ ဟင်္သာတာမြို့နယ်ထဲက ပေါက်တန်းကြီးကျေးရွာမှာ အသံချဲ့စက်ပြိုင်ပွဲတခုကျင်းပဖို့ စီစဉ်နေတယ်လို့ ကျေးရွာကော်မတီအဖွဲ့တွေရဲ့ ကြေညာချက်အရ သိရပါတယ်။
ဒီအသံချဲ့စက်ပြိုင်ပွဲကို လာမယ့် ဇွန်လမှာ ကျင်းပမှာဖြစ်ပြီး ပေါက်တန်းလေး- ပေါက်တန်းကြီး ကျေးရွာချင်းဆက် ကုန်ထုတ်လမ်း ပြုပြင်ဖို့ ရန်ပုံငွေရရှိရန်အတွက် ကျင်းပမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
” ပျော်ပွဲရွှင်ပွဲလုပ်တာပါပဲ၊ သီချင်းနှစ်ပုဒ်ကို မဲနှိုက်ပြီး ဟိုဘက်ဒီဘက်ပြိုင်ဖွင့်မှာ။ မြန်မာမှုသီချင်းတွေကို ဖွင့်မှာပေါ့။ တွံ့တေးသိန်းတန်သီချင်းလိုမျိုးတွေကို ဖွင့်မှာ။ အခုမှ ပထမဆုံးစလုပ်ဖူးတာပါ ” လို့ ပေါက်ကန်းကြီးကျေးရွာ ကော်မတီအဖွဲ့ဝင်တစ်ဦးက DNA ကိုပြောပါတယ် ။
အဆိုပါပြိုင်ပွဲဝင်ရန်အတွက် ဧပြီ ၂၉ ရက်နေ့ကနေစတင်ပြီး စာရင်းပေးသွင်း စာချုပ်ချုပ်ဆိုရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြိုင်ပွဲမှာ ပထမဆုအနေနဲ့ ငွေကျပ်၂ သိန်း၊ ဒုတိယဆုအနေနဲ့ ငွေကျပ်တစ်သိန်း ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ကျေးရွာကော်မတီအဖွဲ့ဝင်က ဆိုပါတယ်။
ပြိုင်ပွဲဝင်ကြေးအနေနဲ့ သတ်မှတ်ထားတာမရှိပေမယ့် မြို့ပေါ်ရပ်ကွပ်တွေမှာ အလှူခံထားတဲ့ ရံပုံငွေတွေထဲကနေ ပေးအပ်သွားမှာဖြစ်တယ်လို့လည်း ဆက်ပြောပါတယ်။
အသံချဲ့စက်နဲ့ ပတ်သက်တဲ့ ဥပဒေတရပ်ကိုတော့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ဈ) မှာ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလက ပြဋ္ဌာန်းထားခဲ့ပြီး ခွင့်ပြုချက်မရှိရင် အရေးယူခံရမယ်လို့ ပါရှိထားပါတယ်။
ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်မှာလည်း အသံချဲ့စက်နဲ့ပတ်သက်လို့ ထိရောက်တဲ့ ကိုင်တွယ်မှုတွေလုပ်ဖို့ သတိပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဓာတ်ပုံ – Google