မကွေးတိုင်း၊ထီးလင်းမြို့နယ် အောင်းရွာနဲ့ သရခါရွာကြား ကြည်ချောင်းတံတားနားမှာ စစ်ကောင်စီစစ်ကြောင်းကို အောက်တိုဘာ (၆) ရက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့PDF – Htilin ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ တံတားနားအရောက်မှာ မိုင်းကွင်းကိုဖောက်ခွဲခဲ့တာဖြစ်ပြီး အရေအတွက်အတိအကျ မသိရ ပေမယ့် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ သူကပြောပါတယ်။မိုင်းကွဲအပြီးမှာ စစ်ကောင်စီဘက်က လက်နက် ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်တွေရော ပြည်သူတွေပါ ထိခိုက်မူမရှိခဲ့ ဘူးလို့ဆိုပါတယ်။
သရာခါရွာမှာ စခန်းချပြီး ရွာဘုရားကုန်းမှာကင်းပုန်းယူထားတဲ့ စစ်ကောင်စီကင်းတပ်ကိုလည်း PDF – Htilin က အဲ့ဒီနေ့မှာပဲ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့ အနီးဝန်းကျင်က သရခါရွာကို ဒီကနေ့မှာ စစ်ကြောင်းထိုးဝင် ရောက်ကာ နေအိမ်တွေကို မီးရှို့ခဲ့ပါတယ်။စစ်ကောင်စီက ပြန်လည်ဆုတ်ခွာသွားပြီးနောက် အဲ့ဒီရွာကို PDF – Htilin နဲ့ YDF – Htilin တို့ပူးပေါင်းပြီး လုံခြုံရေးယူ မီးငြိမ်းသတ်ပေးခဲ့တယ်လို့သိရပါတယ်။
စစ်ကောင်စီ ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် သရခါရွာက နေအိမ် ခြောက်လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေပြန်လာချိန်မှာ အန္တရာယ်ကင်းရှင်းစေဖို့ မိုင်းကွင်းတွေကိုရှင်းလင်းပေးရာမှာPDF – Htilin တပ်ဖွဲ့ဝင် နှစ်ဦး မတော်တဆဖြစ်ပြီး ထိခိုက်ဒဏ်ရာခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ပြန်ကြားရေးတာခံကပြောပါတယ်။
(စစ်တပ်ကမီးရှို့ခဲ့တဲ့ ထီးလင်းမြို့နယ် သာရခါကျေးရွာ)