မိုးဗြဲ မြို့ပေါ်မှာ ဒီကနေ့ မနက် အစောပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ဒေသခံ တရာနီးပါးကိုလူသားဒိုင်းအဖြစ် အသုံးပြု နေတယ်လို့ မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(MBPDF) က အခုညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
သတင်းထုတ်ပြန်တဲ့အချိန်ထိ အကြမ်းဖက်စစ်ကောင်စီတပ်တွေက စက်တော်ရာဘုန်းကြီးကျောင်းနဲ့ မွေတော် ဘုန်းကြီးကျောင်းတို့မှာ အဲဒီဒေသခံတွေကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲမြို့တွင်းကို စက်တင်ဘာ ၁၈ရက် ညသန်းခေါင်ကျော် ဒီကနေ့မနက်အစောပိုင်းက တည်း က တာဝေးပစ်လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပြီး မနက်(၂)နာရီလောက်မှာ မြို့ထဲ စတင်ဝင်ရောက်ခဲ့ တယ် လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြို့တွင်း ဝင်ရောက်လာတဲ့ စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ် တပ်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ တင့်ကားတွေ အဆမတန်အသုံးပြုခဲ့တယ်လို့ မိုးဗြဲ PDF ကဆိုပါတယ်။
တိုက်ပွဲအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်နှစ်ဦးကျဆုံးခဲ့ပြီး တဦးစိုးရိမ်ရ ဒဏ်ရာရရှိထား တယ် လို့ သိရပါတယ်။ဒေသတွင်း သတင်းစာမျက်နှာတချို့ကတော့ တိုက်ပွဲအတွင်းကျဆုံးသူနှစ်ဦးဟာ ကာကွယ်ရေး တပ် ဖွဲ့ဝင်ရဲဘော်တဦးနဲ့ ရဲမေတဦးဖြစ်တယ်လို့ဖော်ပြကြပါတယ်။
စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။တိုက်ပွဲ နဲ့ ပတ်သက်လို့ အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ KNDF တာဝန်ရှိသူကပြောသလို DNA အနေနဲ့ လည်း မိုးဗြဲ PDF ကို ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။
လက်ရှိ မိုးဗြဲမြို့တွင်းနေရာအများစုမှာ စစ်တပ်က နေရာယူထားပြီလို့ ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ် (KNDF)တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“မိုးဗြဲမြို့ထဲမှာ၊ရပ်ကွက်တွေထဲမှာလည်း နေရာအများကြီးဝင်ယူထားတယ်၊ စစ်ကောင်စီကနေရာယူထားတာ၊ အရပ်ဝတ်တွေနဲ့လည်း ကင်းပုန်းဝပ်နေတာရှိတယ်၊လက်တလောအခြေအနေအရ ကျွန်တော်တို့ အဲ့လောက်ပဲ ပြောလို့ ရသေးတယ်ဗျ”လို့ သူကပြောပါတယ်။
မိုးဗြဲ PDF အဖွဲ့ ထုတ်ပြန်ချက်မှာတော့ တိုက်ပွဲတွေဆက်ဖြစ်နိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းကို အသုံးမပြုဖို့ သတိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ မိုးဗြဲ မြို့ကိုပြီးခဲ့တဲ့စက်တင်ဘာ (၈)ရက်နေ့မှာစစ်ကြောင်းထိုးဝင်ရောက်လာလို့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲစဖြစ်ခဲ့ပြီး စက်တင်ဘာ (၁၂)ရက်မနက်ပိုင်းမှာ ပြန်ဆုတ်ခွာ သွားခဲ့တာပါ။
အဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကောင်စီဘက်က ၆၀ဦး ထက်မနည်း သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိကာ အထိနာခဲ့ပါတယ်။ အဲ့ဒီနောက်စက်တင်ဘာ (၁၅)ရက်မှာ စစ်တပ်က မိုးဗြဲမြို့အနီးကနေ မြို့တွင်းကို လက် နက်ကြီးတွေနဲ့စတင်ပစ်ခတ်တာကြောင့် မိုးဗြဲတိုက်ပွဲ ပြန်စတင်ခဲ့တာဖြစ်ပါတယ်။