အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ထိုင်းခရီးစဉ်မှာ မြန်မာအရေးထည့်သွင်း ဆွေးနွေးမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ဒီကနေ့ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိလာပါတယ်။
ဒီခရီးစဉ်မှာ မစ္စတာ ဘလင်ကန်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ တွေ့ဆုံသွားမှာဖြစ်ပြီး နှစ်နိုင်ငံ မဟာမိတ်နဲ့ အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို အခိုင်အမာပြောဆိုသွားမယ်လို့ သိရပါတယ်။
ခရီးစဉ်တစ်လျှောက်လုံးမှာ မစ္စတာ ဘလင်ကန်ဟာ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ထိခိုက်လွယ်သော ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးချဲ့ပေးရေးအတွက်လည်း တွန်းအားပေး ဆွေးနွေးသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရသူတွေကို ထားရှိတဲ့ ခိုလှုံရေးစင်တာတခုကိုလည်း ကိုယ်တိုင်သွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။