စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက ဒုတိယအကြိမ် ထပ်မံမီးရှို့ဖျက်ဆီးနေတယ်လို့ ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားပါတယ်။
ဒီကနေ့ မေလ ၂၈ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ စစ်အုပ်စုက လည်ငေါက်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အုပ်စုက ကျေးရွာအတွင်းမှာပါ တပ်စွဲထားတာကြောင့် ဝင်ရောက်မီးငြှိမ်းသတ်ဖို့ကိုလည်း မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ သိရပါတယ်။