နွားထိုးကြီး-တောင်သာလမ်းပေါ် PDF တွေ စတင်စစ်ဆေး

Photo – နွားထိုးကြီး PDF
မန္တလေးတိုင်းအတွင်းရှိ နွားထိုးကြီး-တောင်သာလမ်းပေါ်မှာ PDF တွေ စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။
ဧပြီ ၂၄ ရက်နေ့ကစပြီး နွားထိုးကြီး PDF တွေက စစ်တပ် ထုတ်ကုန်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ တရားမ၀င်ပစ္စည်းတွေကို အထူးစစ်ဆေးအရေးယူဖို့ နွားထိုးကြီး-တောင်သာ လမ်းမပေါ်မှာ စတင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း နွားထိုးကြီး PDF က မနေ့ညက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ခရီးသွားပြည်သူတွေ ဆောင်ရန် ရှောင်ရန်အချက်အလက်တွေကို ရှင်းပြခြင်းနဲ့ ကားမှန်ချမောင်းနှင်ကြဖို့ အထူးသတိပေးခဲ့ကြောင်း သိရပါတယ်။
နွားထိုးကြီး PDF ဟာ ပြည်သူက မွေးထုတ်ပေးလိုက်တဲ့ ပြည်သူ့စစ်သားတွေ ဖြစ်တာကြောင့် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားမယ်လို့လည်း ဆိုပါတယ်။