မကွေးတိုင်း ကျောက်ထု-ပခုက္ကူလမ်းပိုင်း တစ်နေရာမှာ စစ်အုပ်စုရဲ့ ထုတ်ကုန်တွေ သယ်ဆောင်လာတဲ့ ကားတစ်စီးကို ကျောက်ထု PDF က ဖမ်းဆီးရမိခဲ့ပြီး စစ်အုပ်စုထုတ်ကုန်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီကနေ့ ဧပြီလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဧပြီလ ၂၁ ရက်နေ့မှာ သတင်းအရ ကျောက်ထု-ပခုက္ကူ ကားလမ်းပေါ်မှာ မော်တော်ယာဉ်တစ်စီးကို ရှောင်တခင် တားစီးစစ်ဆေးခဲ့ရာမှာ စစ်အုပ်စုထုတ်ကုန်တွေဖြစ်တဲ့ (Red Ruby) စီးကရက်ဗူး ၅၀၀ ပါ အတောင့် ၅၀ နဲ့ (Premium goal) စီးကရက်ဗူး ၅၀ ပါအတောင့် ၅ တောင့်ကို စစ်ဆေးတွေ့ရှိတာကြောင့် မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ထုဒေသအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ဝင်ငွေရရှိစေမယ့် သူတို့ရဲ့ ထုတ်ကုန်တွေအားလုံးကို အသုံးမပြုကြဖို့နဲ့ ဝယ်ယူရောင်းချတာတွေ မလုပ်ဆောင်ကြဖို့ ကျောက်ထုPDFက မေတ္တာရပ်ခံထားပါတယ်။