ဝါးခယ်မမှာ ပထမဆုံးအကြိမ် မိုင်တဲလ်တာဝါတိုင် ဗုံးခွဲခံရ

၁၆ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

ဝါးခယ်မမြို့နယ် သီလှချောင်းကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၆ရက်နေ့ မနက် ၁နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဘယ်လောက်ထိခိုက်ခဲ့တယ်ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာ အခုပေါက်ကွဲမှုဟာ ဝါးခယ်မမြို့နယ် မြို့ပြပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
တာဝါတိုင်ပေါက်ကွဲခဲ့တဲ့ သီလှချောင်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက မနက်အစောပိုင်းမှာ ရောက်ရှိလာပြီး စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Delta News

Read Previous

ဗြိတိန်ပါလီမန်အမတ် ဒေးဗစ်အေမတ် ဓါးထိုးခံရပြီး သေဆုံး

Read Next

ဘောလုံးအတွက် အာရုံပြန်စိုက်ဖို့ လိုပြီလို့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို နည်းပြဆိုးလ်ရှားပြော