ထားဝယ် ၊လောင်းလုံ ၊ သရက်ချောင်းရောက် အမေရိကန်နိုင်ငံသားတွေ အမြန်ဆုံးထွက်ခွာဖို့ အမေရိကန်သံရုံးသတိပေး

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက တနင်္သာရီတိုင်းအတွင်းက မြို့နယ်သုံးခုကို လုံခြုံရေးအရ အန္တရာယ်အမြင့်ဆုံးရှိနိုင်တဲ့ အဆင့် ၄ အဖြစ် သတ်မှတ်ပြီး မြန်မာပြည်ရောက် အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဲ့ဒီဒေသတွေကို မသွားဖို့ သတိပေးလိုက်ပါတယ်။ 

ဒီသတိပေးချက်ကို ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးဝက်ဆိုက်က သတိပေးဖော်ပြခဲ့တာဖြစ်ပြီး အဲ့ဒီဒေသတွေကို ရောက်ရှိနေသူတွေအနေနဲ့လည်း အမြန်ဆုံး ထွက်ခွာဖို့ သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။ 

သတိပေးချက်ဟာ အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာရှိတဲ့ တနင်္သာရီတိုင်း ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံခြားသားတွေကို ထွက်ခွာဖို့ အသိပေးချက်ကို ကိုးကားပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 

ဒါကြောင့် လုံခြုံရေးအာမခံချက်မရှိတဲ့ ထားဝယ်၊ လောင်းလုံနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ဆက်မနေဘဲ အမြန်ဆုံး ထွက်ခွာဖို့  မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးက သတိချက်ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။