မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဖို့ အဖွဲ့ဝင်နိုင်ငံတွေဆွေးနွေးနေ

၆၊ အောက်တိုဘာလ၊၂၀၂၁။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ကြားဖို့ အဖွဲ့ဝင်နိုင်ငံတွေဆွေးနွေးနေကြတယ်လို့သိရပါတယ်။

အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၆ရက်ကနေ၂၈နေ့အထိကျင်းပမှာဖြစ်ပြီး မင်းအောင်လှိုင် ကို တက်ခွင့်မပြုဖို့ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ဧရာဝဏ်ယူဆော့ဖ်က ဒီနေ့ပြောကြားလိုက်တာပါ။

အကြမ်းဖက်စစ်အုပ်စုဟာ အာဆီယံဘုံသဘောတူညီချက်၅ရပ်ကို အကောင်အထည်ဖော်ဖို့ပျက်ကွက်နေတဲ့အ တွက် ထိပ်သီးအစည်းအဝေးမဖိတ်ဖို့ ဆွေးနွေးကြတာလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

စစ်အုပ်စုရဲ့ အာဆီယံသဘောတူညီချက်၅ရပ်ကို ဖော်ဆောင်မှုမရှိတာဟာ နောက်ကြောင်းပြန်သွားနေတဲ့သ ဘော သက်ရောက်နေတယ်လို့လည်း အာဆီယံအထူးသံတမန်က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ မင်းအောင်လှိုင်ကို ဖိတ်ကြားဖို့ ခက်ခဲလိမ့်မယ်လို့ အောက်တိုဘာ ၄ရက်နေ့ကပြောကြားထားပါတယ်။

မြန်မာ့အရေးကိုဖြေရှင်းဖို့ စစ်အုပ်စုဘက်က အာဆီယံနဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့ လည်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါသေးတယ်။