မန်ယူအရှုံး၊ ဘာစီလိုနာအရှုံးနဲ့ စခဲ့တဲ့ ချန်ပီယံလိဂ်ပွဲပြီး အခြေအနေ

၁၅၊ စက်တင်ဘာလ၊ ၂၀၂၁။

ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတော့ စီရော်နယ်ဒို ဦးဆောင်လာတဲ့ မန်ယူအသင်းဟာ ဝမ်ဘစ်ဆာကာရဲ့ အနီကတ်ကြောင့် တစ်ယောက်လျော့နဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကို ၂ -၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ပွဲစဉ်မှာ စီရော်နယ်ဒိုက သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်က မလှခဲ့ပါဘူး။

မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းဟာလည်း ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်စွမ်းအားကို ဘာစီလိုနာအသင်း မထိန်းနိုင်ခဲ့တာကြောင့် အခုလိုဂိုးပြတ်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဘိုင်ယန်မြူးနစ်အသင်းအတွက် လီဝန်ဒေါစကီးက သွင်းနှစ်ဂိုး သွင်းယူပေးခဲ့ပြီး သောမတ်မူလာက တစ်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အီတလီကလပ် ဂျူဗင်တပ်စ် အသင်းကတော့ စီးရီးအေပြိုင်ပွဲမှာ ရလဒ်တွေမကောင်းပေမယ့် မယ်လ်မို အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတော့ အဖွင့်လှခဲ့ပါတယ်။

အလက်ဆန်ဒရို၊ ဒိုင်ဘာလာနဲ့ မိုရာတာတို့ရဲ့ သွင်းဂိုးတွေဟာ ရှေ့ဆက်မယ့် ပွဲစဉ်တွေအတွက် တွန်းအား ဖြစ်စေခဲ့ပြီး သုံးပွဲဆက် နိုင်ပွဲပျောက်မှုကို အဆုံးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေရဲ့ ရလဒ်တွေကို ဖော်ပြပေးလိုက်ပါတယ်။